ကိုယ့်ကိုယ်ကို ကာကွယ်ရမှာပေမယ့် ...
ထိုက်သင့်လျောက်ကာကွယ်ပြီး ...
ကိုယ်ပေးနိုင်သမျှပေးရမှာပေါ့ ...
ပေးကမ်းစွန့်ကြဲသူ စိတ်နှလုံးသား ကောင်းကျိုးချမ်းသာက စောင့်ရှောက်မှာပါ ...
တကယ်တော့ ...
မအားဘူး ...
အချိန်မရဘူးဆိုတာ ...
သူအကြောင်းရှာတဲ့ အကြောင်းပြချက်တစ်ခုပါ ...
ကိုယ့်အပေါ် တကယ်ချစ်မေတ္တာရှိသူမှာ ...
သူ့ ၂၄ နာရီ တစ်နေ့တာမှာ ...
ကိုယ့်အတွက် ၁၀ မိနစ်ဖြစ်ဖြစ် ...
အချိန်တစ်ခုတော့ရှိပါတယ် ...
တကယ်တော့ ...
အဝေးကြီးဘဲ ...
တွေ့ဖို့အဆင်မပြေဘူးဆိုတာ ...
သူအကြောင်းရှာတဲ့ အကြောင်းပြချက်တစ်ခုပါ ...
ကိုယ့်အပေါ် တကယ်ချစ်မေတ္တာရှိသူဟာ ...
မိုင်ပေါင်းထောင်ချီ ခရီးလည်းပျံသန်း ...
ကိုယ့်ကိုတွေ့ဖို့ သူကြိုးစားမှာပါဘဲ ...
တကယ်ချစ်မေတ္တာရှိသူဟာ ...
' အကြောင်းပြချက် ' တွေမရှာဘူး ...
သူ့ရှင်သန်မှု ' အချိန် ' တွေထဲမှာ ...
ကိုယ့်အတွက်လို့ ...
နေ့စဉ် သူသီးသန့် အချိန်တစ်ခုထားရှိပေးတယ် ...
ချစ်ပါတယ်ပြောပြီး ...
ကိုယ့်အတွက်ရယ်လို့မှ တစ်နေ့ ၁၀ မိနစ် မပေးနိုင်ဘူးဆို ...
သူ့ချစ်မှုကို ယုံချင်လည်းယုံပါ ... သေချာစဉ်းစားခြင့်ချိန်နှလုံးသားက ခံစားပြီးတော့ပေါ့ ...
တကယ့်စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေကိုယ်ကပေးနိုင် ...
တကယ်စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေ တစ်ပါးသူဆီကရရှိပြီး ... စိတ်နှလုံးသား အေးချမ်းပါစေ.
တစ်ပါးသူရဲ့ ' လိုသုံး ' ဆိုလည်း သုံးကြပါစေ ...
သူစေတနာကံ သူ့အကြောင်းတရားပေါ့ ...
ကိုယ့်စိတ်စေတနာကံ ကိုယ့်ကံဖြစ်လာမှာမို့ ...
ဘယ်တော့မှ တစ်ပါးသူကို ကိုယ့်လိုအင်အတွက် ' လိုသုံး ' အဖြစ် အသုံးမချမိအောင်ကြိုးစားကြမယ်လေနော်.