တကယ်ဆိုရင်ငါဟာ အပင်သေးသေးထဲက ယုန်ပေါက်လေးတစ်ကောင်ပါ။
ပကာသနဆိုတာ မရှိ ပျော်ရွှင်စရာဆိုတာ နတ္ထိ။
စိတ္တဇ တွေနဲ့ လျှောက်လှမ်းရင်း အန္တရာယ်များကြားမှာ ငါကျဆုံးခဲ့။
တကယ်ဆိုရင်ငါဟာ ငါ့ဘ၀ရဲ့ ပဲ့ကိုင်ရှင်လဲ မဟုတ်ပြန်တော့ပေ အသဲကွဲနေရင်းနဲ့ပဲ
ငါဟာ စိတ်ဓာတ်တွေကျနေဆဲပဲပေါ့ကွာ။
မအောင်မြင်မှုများနဲ့ ပြသနာတွေက လဲ အထပ်ထပ်ပါလား
ဒါဟာငါစခဲ့တဲ့ အတိတ်က ဖြစ်ရပ်ဆိုးကြီးပါပဲကွာ
အခုတော့ ငါဘာတတ်နိုင်မှာလဲ ငါလဲ ဘ၀မှာ အဆိုးဆုံးတွေပဲ
တွေ့ကြုံနေရတာလားလို့ ငါပြန်မေးမိနေမိ။
အခြေနေတွေရယ်အရင်နဲ့မတူတော့တာကိုလဲ ငါပြန်သတိထားနေမိ
တကယ်ဆို စိတ်လွတ်ကိုယ်လွတ်မပျော်ရွှင်ရတော့တာကိုလဲ
ငါပြန်လွှမ်းမောငေးနေမိ
ဒါဟာ ငါ့ဘ၀ရဲ့ တကယ်ကိုဆိုးတဲ့ အိမ်မက်ဆိုးကြီးပါပဲကွာ။