တစ်ကိုယ်တော် ပရဟိတသမ လေး
ခင်နှင်းကြည်သာ ကတော့ သူ့ရဲ့ချစ်သူ ကောင်လေးနဲ့ ချစ်သူသက်တမ်း ၁၀လပြည့်တဲ့ ဒီနေ့မှာပဲ စေ့စပ် ပွဲကျင်းပ လိုက်ကြောင်းကို
ဒီလိုပဲ သူ့ရဲ့ဖေ့ဘုတ် အကောင့်ကနေ ကြေညာလိုက်ပါတယ်။
အပြည့်စုံကတော့...
စေ့စပ်ပွဲလေး ကျင်းပခဲ့ပါတယ်
ချစ်သူသက်တမ်း (၁၀) လ အပြည့်မှာ နှစ်ဖက်မိဘတွေနဲ့ ဆွေမျိုးမိတ်သင်္ဂဟရှေ့မှောက်မှာ စေ့စပ်ခဲ့ကြပါတယ်။ သတို့သားလောင်းဘက်က တန်ဖိုးထား လာရောက် တောင်းရမ်းစေ့စပ်ခဲ့တာကြောင့် ပိုပြီးကြည်နူးဝမ်းမြောက်ရပါတယ်။ တန်ဖိုးထားခံရခြင်းဆိုတာ လူတိုင်းတန်ဖိုးထားကြတဲ့ စံနှုန်းတစ်ခုပါပဲ။
စေ့စပ်ပွဲလေးကျင်းပကြဖို့ နှစ်ဖက် မိဘ အဆင်ပြေမယ့်အချိန်၊ နှစ်ဖက်မိဘကိုယ်စား စကားပြောပေးမယ့် ဧည့်သည်တော်တွေရဲ့ အားလပ်ရက်၊ ကျွန်မတို့နှစ်ယောက် ခရီးမထွက်ဘဲ ရှိနေမယ့် အချိန်ကို မူတည်ပြီး ချစ်သူသက်တမ်း (၁၀) လပြည့်ပြီး နောက်တစ်ရက်ဖြစ်တဲ့ ဇူလိုင်လ (၁၄) ရက်နေ့ကို ရွေးချယ်ခဲ့ကြပါတယ်။
နှစ်ဘက်မိဘ၊ ဆွေမျိုးများ၊ ဧည့်သည်တော်များအပြင် သိစေအပ်သူတချို့ကလွဲလို့ ဘယ်သူ့ကိုမှ အသိမပေးဘဲ ပွဲလေးကို စီစဉ်ခဲ့ကြပါတယ်။ ရုံးလေးပြေးတက်လိုက်၊ ခရီးလေးပြေးထွက်လိုက်နဲ့ အစစအရာရာ နှစ်ယောက်တည်း တိုင်ပင်ပြီး စီစဉ်ခဲ့တာမို့ အားနည်းချက်တွေ များခဲ့ပေမယ့် အဆင်ပြေခဲ့ကြလို့ ဝမ်းသာခဲ့ရပါတယ်။
နှစ်ဖက်မိဘကိုယ်စား တောင်းရမ်းပေးကြပါသော သူတို့သားလောင်းဘက်မှ ဦးဝေလွင် ( လူပျံတော်ပတ္တမြား) နှင့် ဇနီး၊ သူတို့သမီးလောင်းဘက်မှ လက်ခံစကားပြောပေးပါသော ကလေးအထူကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာရဲမြင့်ကျော်နှင့် ဇနီးအား ကျေးဇူးအထူးတင်ရှိပါတယ်။
ဆုံးမစကားများပြောကြားပေးကြတဲ့ သူတို့သမီးလောင်း၏ ဖခင် ဒေါက်တာမောင်မောင်စံနှင့် သူတို့သားလောင်း၏ မိခင် ဒေါ်သန္တာဝေတို့ကို ကျေးဇူးတင်ရှိပါတယ်။
စေ့စပ်လက်စွပ်ချီးမြှင့်ပေးခဲ့ပါသော သတို့သားလောင်းမိခင် ဒေါ်သန္တာဝေနှင့် သူတို့သမီးလောင်းမိခင် ဒေါက်တာ ခင်မမတို့ကိုလည်း ကျေးဇူးတင်ရှိပါတယ်။
ကြွရောက်ခဲ့ကြသော နှစ်ဖက်မိများ၊ ဆွေမျိုးများနှင့် ဝေးတမြေကနေ ပွဲကို ရောက်အောင် လာခဲ့ကြပေးတဲ့ မမစု (စီးပွားကူသန်းဝန်ကြီးဌာနမှ လက်ထောက်ညွှန်မှူး ဒေါ်စုသက်နှင်း)၊ မြိုင်မှလာရောက်ပေးပြီး အခန်းနားမှူးအဖြစ် ဆောင်ရွက်ပေးခဲ့ပါသော ဆရာဦးနိုင်တူး (အလင်းရောင်ဘော်ဒါပိုင်ရှင်)၊ ညီမလေးဆီအရောက်လာပေးတဲ့ မန္တလေးမြို့မှ ကိုမျိုးကြီး ( Car showroom ) နှင် ဇနီး မလင်းလင်းတို့အား အထူးကျေးဇူးတင်အပ်ပါတယ်။
ပွဲအတွင်း မေတ္တာဖြင့် ဗီဒီယိုရိုက်ကူးပေးခဲ့တဲ့ အလုပ်က ကျွန်မရဲ့ အဖွဲ့ခေါင်းဆောင် ကိုမိုးမြင့်ကျော်နှင့် ဓါတ်ပုံရိုက်ပေးပါသော Smart Save ဓါတ်ပုံစတူဒီယိုပိုင်ရှင် ကိုမင်းကိုကိုတို့ကိုလည်း ကျေးဇူးတင်ရှိပါတယ်။
ပျော်ရွှင်စရာနေ့လေးတစ်ရက်၊ အမှတ်တရနေ့လေးတစ်ရက်ဖြစ်ခဲ့ပါတယ်။ လူကြီးမိဘများရဲ့ ဆုံးမမှုကို နာခံလွယ်သူနှစ်ယောက်ဖြစ်ပါ့မယ်။ အများအတွက် ပိုကြိုးစားပေးရင်း လောကီရော လောကုတ္တရာပါ မမေ့ကြသူနှစ်ဦးလည်းဖြစ်ပါ့မယ်။ နှစ်ဦးဖြစ်သွားခြင်းဟာ အင်းအားကြီးကြီး စီးဆင်းမယ့် မြစ်တစ်စင်းအဖြစ် လောကအတွက် ငြိမ်းချမ်းသွားပါ့မယ်။
မေတ္တာဖြင့် ဂုဏ်ပြုစကားများ ပေးပို့ခဲ့ကြတဲ့ အနယ်နယ်အရပ်ရပ်မှ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်။
မောင်ဖြိုးဝေနှင့် မခင်နှင်းကြည်သာ
14/07/2018