စပေါ့ စပေါ့…………ပေးပါ ပေးပါ
စိတ်ရဲ့ဒဏ်ရာ ဒဏ်ချက်တွေနဲ့ ခံစားမှုကို ရှေ့တန်းတင်တော့
အမှားတွေနဲ့ တဝဲလယ်လယ်………….ခံပြင်းစရာကိစ္စတွေကို
ခံစားမှုသက်သက် သဘောထားပြီး………… မေ့ပစ်နိုင်အောင်
ကြိုးစားခဲ့ပေမယ့်……တိုက်ဆိုင်ခြင်းတွေ ရှိလာပြန်တော့လည်း
အနာဟောင်းကို လက်နဲ့ဆွသလို ဒီရင်မှာ ဖြစ်ပေါ်လာခဲ့ရတာပေါ့
(ယားကျိကျိလေးပေါ့နော်)
ရင်းနှီးခဲ့ရတဲ့ အချိန်ရဲ့ပေးဆပ်ခြင်းတွေဟာ ……………..အခုတော့
အတိုင်းအတာလေး တစ်ခုကိုတော့………………… ရ ရှိနေပါပြီလေ
သတိတရဖြစ်နေသလား………………တမ်းတမ်းတတဖြစ်နေလို့လား
ဒီလိုထင်ရင်မှားသွားမှာပေါ့… ငါကျင်လည်ရာ ဒီပတ်ဝန်းကျင်လေးက
မင်းအတွက်……………………… လွတ်လပ်ပေါ့ပါးလွန်းလှပါတယ်လေ
(လုပ်တလိုမဖြစ်ရင်ရှိတာလေးနဲ့ပေါ့နော်)
စိတ်ရူးပေါက်တိုင်းအကြိမ်ကြိမ် သူ့ဆီကို………ငါရဲ့စာတွေကို ရေးပို့တိုင်း
သူ့ရဲ့ ဥပက္ခာ ထားရှိကာ ငါ့စာလွှာကို ကျော်သွားခြင်းခံရခြင်းတွေကြောင့်
အားငယ်စိတ်တွေဟာ ………………………ဒီရင်မှာ ဖြစ်ပေါ်လာခဲ့ရတာပေါ့
(ပေါက်တက်ကရတွေရေးပြီး ပို့လိုက်လို့နေမှာပေါ့နော်)
သူ့ကိုအားကိုးပြီး စာရေးနေရတဲ့ …………………………ငါ့ဘဝက သူရဲ့ဥပက္ခာ
ဂရုမစိုက်ခြင်းတွေကြောင့် ………နောက်နှောင် သူ့အတွက်မရေးတော့ဘူးလို့
ဆုံးဖြတ်ထားပေမယ့် သူ့စပေါ့တစ်ချက်က…ငါ့ရဲ့ တစ်ရက်စာလောက်မကဘူးလေ
(သူ့ဆီကစပေါ့ကို ယခုချိန်ထိ မျှော်လင့်နေတုန်းပေါ့နော်)
သူ့ရဲ့စပေါ့လေးကို ရ ရှိနိုင်ဖို့ မျှော်လင့်ရင်း မပေးတာအကြိမ်ကြိမ် ဖြစ်နေတော့
ဒီရင်မှာ ဝမ်းနည်း ပက်လပ် ဟက်ကော့ကြီးပေါ့ ဒီတစ်ခါလည်း မျှော်လင့်ရင်း
ရေးတင်လိုက်တာ ကိုကိုဂွတ် မျက်စိလယ်ပြီး ………………လာပေးမလားလို့
(ပြားခုနှစ်ဆယ်ကျော်က မနည်းလို့ပေါ့နော်).
မောင်သူရကိုသနားသောအားဖြင့် စပေါ့လေးတော့အမြဲပေးသွားပါနော်…………
(ပေးမလားလို့ ပြောကြည့်တာ ပေးရင်လဲပေးမှာပေါ့နော်)
ပေးပါနော် မျှော်နေရပါတယ်
author:
photo:cedit google images