https://pixabay.com/illustrations/woman-cyclist-bicycle-movement-4157635/
ခက်ခဲတဲ့ ကာလတစ်လျှောက် အဆင်ပြေအောင် နေထိုင်လာခဲ့တယ် အများသူငါလို ဟန်ဆောင်ခြင်းတွေနဲ့ အဆင်ပြေနေသလိုပါဘဲ ကိုယ့်ဝမ်းနာ ကိုယ်သာသိပါတယ်လေ အဆင်ပြေအောင် နေတက်ရတာပါဘဲ လူတိုင်းက ခက်ခဲနေတာလေ ကိုယ့်တစ်ယောက်ထဲ အဆင်ပြေမနေတာ မဆန်းလှပါဘူး
ခက်ခဲမှုတွေက ကာလရှည်ကြာလာတယ် ခံနိုင်ရည်စွမ်းအားတွေ လျှော့နည်းလာတယ် မနက်ဖန်တွေကို ရင်ဆိုင်ရမှာ ကြောက်လန့်နေမိပြီ
စိတ်ထဲမှာ ဒဏ်ရာတွေက ဖိစီးနေခဲ့တယ် တစ်ခုခုဆိုရင် စိုးရိမ်ထိတ်လန့်မှုက လွန်ကဲနေမိပြီ
တကယ်ပါဘဲ အခုအေခြေအနေတွေက စိတ်ရောကိုယ်ပါ ထိခိုက်နေတယ်ဆိုတာ သေချာနေပါပြီ
အခုတလော စိတ်တိုတာတွေလည်းဖြစ်နေတယ် အလွယ်တကူ စိတ်တိုနေမိတယ် မကျေနပ်မှုတွေက ထွက်ပေါက်ပိတ်နေတဲ့ ခံစားမှုမျိုးပါဘဲ
တွေးတော ပူပန်စရာတွေက များလွန်းတော့ စားချိန် အိပ်ချိန်တွေလည်း မမှန်တော့ဘူး နေ့နဲ့ညတွေက လွဲမှားနေခဲ့ပြီ
ညဘက်တွေမှာ အိပ်မပျော်တော့ဘူး နေ့ဘက်တွေမှာ အရမ်းအိပ်ချင်လာတယ်
သဘာဝနဲ့ ဆန့်ကျင်လာသလိုပါဘဲ
တစ်ခုခုလုပ်မယ်ဆိုလည်း အာရုံစိုက်နိုင်စွမ်းတွေ ကျဆင်းလာတယ် အာရုံမစိုက်နိုင်ဘူး မှတ်သားဉာဏ်တွေလည်း ပျောက်ဆုံးလာတယ်
မေ့တက်တာလည်း ခဏခဏပါဘဲ
သေချာတာတော့ စိတ်ကျဝေဒနာ ခံစားနေရပြီလို့ ထင်ပါတယ်
ဖုန်းနဲ့မျက်နှာ မခွါဘဲ အချိန်တွေကို ကုန်လွန်နေတာက ရောဂါဖြစ်စေနိုင်တယ်လို့ ကြားဖူးတယ်
အခုအချိန်မှာ လူတိုင်း ဖုန်းသုံးနေကြတယ် အချိန်ကြာကြာသုံးနေတာက လူကို ထိခိုက်စေတယ်လေ
စိတ်ကို အနားပေးမှ ရတော့မှာပါ ဖုန်းသုံးတဲ့အချိန်ကို လျှော့ချရပါမယ်
အိပ်ရေးဝအောင် အိပ်ရမယ် အဆင်မပြေတာတွေကို ထိုင်ပြီး တွေးနေလို့ ဘာမှ မထူးဘူးလေ
ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ပြုပြင်ထိမ်းသိမ်းစောင့်ရှောက်မှ ရမှာပါ
အားဆေးလေးသောက်ပြီး တစ်ရေးလောက် အိပ်လိုက်ပါဉီးမယ်
ဖုန်းသုံးတာတွေများနေပြီ နောက်ရက်ကစပြီး ဖုန်းမသုံးဖြစ်အောင် သုံးတဲ့အချိန်နည်းအောင် ဂရုစိုက်ရမယ်လေ
ကျန်းမာရေးတော့ ယိုယွင်းထိခိုက်လို့ မရပါဘူး ဂရုစိုက်ပြီး ကျန်းမာပျော်ရွှင်အောင် နေထိုင်ရလိမ့်မယ်
သောကတွေ အမြန်ဆုံးကင်းဝေးနိုင်ပြီး ရောဂါဘယတွေ ကင်းတဲ့ လောကသစ်ကို အမြန်ပြန်ရောက်နိုင်ပါစေ