ဝင်ငွေနှင့် ထွက်ငွေ မျှတမှုမရှိလျှင် ဒုက္ခ ရောက်တတ်ပါတယ် ။ မိမိမှာ ဝင်ငွေက တစ်ရက်ကို ၆၀၀၀ ထွက်သွားတာက ၆၀၀၀ နဲ့ ၆၀၀၀ ကျော် ဆိုရင် ဘာမှ မကျန်တော့ဘူး ။ ဒါဆို တစ်နေ့ရှာတာ တစ်နေ့ကုန်ရင် မရှာနိုင်တဲ့ တစ်နေ့မှာ ဒုက္ခ ရောက်ပြီပေါ့ ။ မိန်းကလေး တစ်ချို့ကျရင် အစားအသောက် နဲ့ အလှအပမှာ အများကုန်ကြ၍ ယောက်ျားလေး တစ်ချို့မှာတော့ အပျော်အပါးမှာပဲ အများကုန်ကြပါတယ် ။
ထို့နောက် မိသားစုမှာတော့ kitchen မှာပဲ အများဆုံး ကုန်ဆုံးကြတတ်ပါတယ် ။ တစ်နေ့ ဝင်ငွေနဲ့ တစ်နေ့ အသုံးပြုမှုကို မျှမျှတတ အသုံပြုနိုင်အောင် ကြိုးစားမှသာ ရောင့်ရဲ့စွာ စားသောက်နိုင်မည် ဖြစ်ပါတယ် ။ ဝင်လာတဲ့ငွေ သုံးပုံ ပုံပြီး တစ်ပုံကို စု၍ ကျန်နှစ်ပုံနဲ့ မျှတစွာ သုံးစွဲနိုင်အောင် ကြိုးစားပါ။