မင်္ဂလာပါ
မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ ဟု
ပဏာမ နှုတ်ခွန်းဆက်သလိုက်ရပါတယ်။
ဒီကနေ့ အလှည့်ကျရောက်လို့လာတာကတော့
ခရမ်းပွင့် လေးပါပဲ။ ခရမ်းရောင်လေးကလည်း ချစ်စရာပါ။
ဟိုတစ်နေ့က ညီမတွေ ခရမ်းသီး ဆွတ်နေတာ မြင်တာနဲ့
ခရမ်းပွင့်လေးကို ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။
ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံးဟာ 🍆ခရမ်းသီး
ချက်ဟင်းကို ကြိုက်ကြပါတယ်။
ကျွန်တော့မယား ခရမ်းသီးချက် ကြိုက်ဆို ငယ်ငယ်က
စိတ်ကောက်နေရင်တောင် သူမဖေဖေက ငါ့သမီးဖို့ ခရမ်းသီးချက်ထားတယ် ထစားပါလား ဆို အကောက်ပြေပြီး
ထစားတဲ့အမျိုးရယ်ပါ။
ဒါကြောင့်သာပဲ အမှတ်တရ ခရမ်းပန်းအလှ ပို့စ်တင်လိုက်ရတာပါပဲ။