What is lot,Pip,Pipette and Leverage
မနေ့ ကတော့ currency အကြောင်းကိုရှင်းပြပေးပြီးသွားပြီ ဒီနေ့ What is lot,Pip,Pipette and Leverage အကြောင်းကိုဆက်ရှင်းပြပေးမယ် Pip ဆိုတာက မိမိက စတိုးဆိုင်မှာ အကျီဂျိတ် သွားဝယ်တယ် ဆိုပါစို့ဗျာ။အကျီဂျိတ်တစ်ချောင်းလို့ မရောင်းဘူးဗျ။သူက ခြောက်ခုတွဲ ဒါမှမဟုတ် တစ်ဒါဇင် အတွဲ လိုက်ပဲ ရောင်းတယ်။ဒီတော့ ၀ယ်ချင်ရင် တစ်တွဲချင်းပဲ ၀ယ်လို့ရမယ်။တစ်ခုခြင်းတော့ ဆိုင်က ၀ယ်ရောင်းမလုပ်ပါဘူး။ဆိုင်တော်တော်များများမှာ ဒီသဘော နဲ့ပဲ ရောင်းပါတယ်။ရေတွက်ရတာ အဆင်ပြေအောင်ပါ။Lot ဆိုတာ Forex မှာ လဲ ဒီအတိုင်းပါပဲ။
၁ ဒေါ်လာ၊ ၂ ဒေါ်လာ ပေး မကစားဘူးဗျ။သူတို့က 1 Lot, 2 Lot ပဲ ပေးကစားတယ်။ရေတွက်ရတာ အဆင်ပြေအောင်ပါ။အဲ့တော့ ခုနက ဂျိတ်တစ်ဒါဇင်မှာ ဂျိတ်တစ်ဆယ့်နှစ်ခု ရှိခဲ့သလိုပဲ၊1 Lot မှာ ဘယ်နှစ်ဒေါ်လာရှိလဲ လေ့လာကြည့်ရအောင်။
Standard Lot 1 Lot မှာ 100,000 ဒေါ်လာ တစ်သိန်း ရှိပါတယ်။
Mini Lot 1 Lot မှာ 10,000 ဒေါ်လာ တစ်သောင်း ရှိပါတယ်။
Micro Lot 1 Lot 1,000 ဒေါ်လာ တစ်ထောင် ရှိပါတယ်။
Nano Lot 1 Lot 100 ဒေါ်လာ တစ်ရာ ရှိပါတယ်။ အဲ့ဒီ Nano Lot ဆိုတာ ကျနော်တို့ အကျွမ်းတ၀င်ဖြစ်နေတဲ့ Cent Lot ကို ပြောတာပါပဲ။
Pip နှင့် Pipette အကြောင်း။
Pip ဆိုတာ ငွေကြေးပြောင်းလဲမှု ကို Forex မှာသုံးတဲ့ တိုင်းတာနည်း တစ်ခုပါပဲ။
ငွေကြေးဟာ တစ်ခုနဲ့ တစ်ခု နဲ့ လဲလှယ်မှု တန်ဖိုးချင်း မတူတဲ့ အတွက် Pip ဆိုတာ ကို ယူတွက် ပါတယ်။
EUR/USD မှာ ဈေးနှုန်း 1.05430 မှာ ဆိုရင် နောက်ဆုံးက ရေရင် ၂ လုံးမြောက် - နံပါတ် 3 မှာ Pip ယူတွက်ပါတယ်။ခုနက ဈေးနှုန်း 1.05430 ကနေ 1.05440 ပြောင်းသွားတာ ကို 1 Pip တက်တယ်လို့ ခေါ်ပါတယ်။
USD/JPY မှာ ဈေးနှုန်း 113.850 မှာ ဆိုရင် နောက်ဆုံးက ရေရင် ၂ လုံးမြောက် - နံပါတ် 5 မှာ Pip ယူတွက်ပါတယ်။
ခုနက ဈေးနှုန်း 113.850 ကနေ 113.840 ပြောင်းသွားတာ ကို 1 Pip ဆင်းတယ်လို့ ခေါ်ပါတယ်။
Pipette (ပစ်ပက်) ဆိုတာကတော့ Pip ရဲ့ ဆယ်ပုံပုံ တစ်ပုံ ဖြစ်ပါတယ်။
EUR/USD မှာ 1.05430 ကနေ 1.05440 ပြောင်းသွားတာ ကို 1 Pip တက်တယ်လို့ ခေါ်ပြီးတော့
1.05430 ကနေ 1.05435 ကို ပြောင်းသွားရင် Pip တစ်ဝက်ပြောင်းတယ် မပြောပါဘူး။
5 Pipette ပြောင်းတယ်ပဲ ပြောကြပါတယ်။အကြမ်းဖျင်းပြောရရင်တော့ နောက်ဆုံး ဂဏန်းကို ယူတာပါပဲ။Pipette ကို တစ်ချိ့လဲ Pipet လို့ စာလုံးပေါင်းတာ ရှိပါသေးတယ်။
Leverage အကြောင်း။
Leverage ဆိုတာ ကျနော်တို့လူမျိးတွေနဲ့ မရင်းနှီးပါဘူး။
ဘာလို့လဲ ဆိုတော့ လုပ်ငန်းတစ်ခုလုပ်ဖို့အတွက် ဘဏ်တစ်ခုခုက ကြိုထုတ်ချေးငွေဆိုတာ ခပ်ရှားရှားရယ်ကိုဗျ။ဒါပေမယ့်လည်း ကိစ္စမရှိပါဘူး။ကျနော် နားလည်အောင် ရှင်းပြပါ့မယ်။ကဲဗျာ။
မိတ်ဆွေက ကားဝယ်ရောင်းလုပ်ချင်တယ်။မိတ်ဆွေဆီမှာ ဆယ်သိန်းပဲ ရှိတယ်။ကျနော်က သူဌေးကြီးပေါ့ဗျာ။မိတ်ဆွေကို ဆယ်ဆ ချေးလိုက်မယ်။ဒါပေမယ့် မိတ်ဆွေရဲ့ ဆယ်သိန်းရော၊ ချေးငွေတွေရော၊ အဲ့ချေးငွေတွေက ၀ယ်ယူလိုက်တဲ့ ပိုင်ဆိုင်မှုတွေရော ကျနော့် လက်ထဲမှာ ထားထားရမယ်နော်။
ဒါဆိုရင် မိတ်ဆွေဟာ ဆယ်သိန်းရဲ့ ဆယ်ဆ ဖြစ်တဲ့ သိန်းတစ်ရာဖိုး ကား အရောင်းအ၀ယ် လုပ်ခွင့်ရှိမယ်။ကဲ ဒါဆို မိတ်ဆွေက သိန်းတစ်ရာ တန်ဖိုးရှိတဲ့ ကားတစ်စီး ၀ယ်တယ်ဆိုပါစို့ဗျာ။အဲ့ကားကို မိတ်ဆွေ ၀ယ်လိုက်ပေမယ့် ကားကို အိမ်မယူသွားရဘူးနော်။ကျနော့် အိမ်မှာပဲ ထားခဲ့ရမယ်။ဘာလို့လဲ ဆိုတော့ ကျနော်က ဆယ်ဆ ထုတ်ချေးထားတာကိုးဗျ။ကဲ အဲ့ကားက ဈေး သိန်း ၁၂၀ ထိ တက်သွားတယ်ဗျာ။ကဲ မိတ်ဆွေ လာယူသွား။ ပြန်ရောင်းစားလိုက်။ အမြတ် သိန်း ၂၀ အိမ်ယူသွားလိုက်။
ဘယ်လောက်မိုက်လဲ။ ၁၀ သိန်းလောက် ရှိရုံနဲ့ သိန်း ၂၀ မြတ်တာ။ဒါဟာ Leverage ရဲ့ ကောင်းတဲ့ အချက်ပါ။ကဲ ပြောင်းပြန်တွေးရအောင်။အဲ့ကားဈေးက သိန်း ၈၀ ထိ ကျသွားမယ် ဆိုပါဆို့။
ကျနော် က သိန်း ၈၀ ထိတောင် စောင့်မှာ မဟုတ်ဘူး။မိတ်ဆွေ မူရင်း ၁၀ သိန်းတန်ဖိုးထိ ကျသွားတဲ့ သိန်း ကိုးဆယ်မှာတင် မိတ်ဆွေကို ပြောလိုက်ပြီ။ခင်ဗျား မူလ ပိုင်တဲ့ ၁၀ သိန်း ဆုံးရှံးသွားပြီ။
ကျနော် ၀ိုက်လိုက်ပြီ။ဒါဆို မိတ်ဆွေကတော့ ဆယ်သိန်းဆုံးရှံးလိုက်ရမှာပါ။ဒါဟာ Leverage ရဲ့ မကောင်းတဲ့ အချက်ပါ။ကဲ ဟုတ်ပြီ။မိတ်ဆွေက Leverage မယူဘူးပေါ့ဗျာ။
ဒါဆို မိတ်ဆွေက သိန်းတစ်ရာ တန်ဖိုးရှိတဲ့ ကား အရောင်းအ၀ယ် လုပ်နိုင်ဖို့
လက်ထဲမှာ သိန်းတစ်ရာ ရှိရပါမယ်။ဆယ်သိန်းထဲနဲ့ လုပ်လို့မရပါ။
သို့သော် အဲ့ကားက သိန်း ၈၀ ထိ ကျသွားရင် မိတ်ဆွေ ငွေကြေး အကုန် မဆုံးရှံးပါ။
သိန်း ၂၀ ပဲ ဆုံးပါမည်။
ကဲ ဒီလောက်ဆို Leverage ရဲ့ သဘောတရားနဲ့ ကောင်းကျိး၊ ဆိုးကျိး များ သဘောပေါက်ပြီ ထင်ပါတယ်။Leverage ကို အနှစ်ချုပ်ပြန်ပြောရရင်Leverage တန်ဖိုး မြင့်လာတာနဲ့ အမျှ မိတ်ဆွေဟာ ပိုမိုကြီးမြင့်တဲ့ တန်ဖိုးတွေ အရောင်းအ၀ယ်ရှိလာပါတယ်။အမြတ်အစွန်းတွေ ပိုများလာပါတယ်။သို့သော် ရှံးမယ် ဆိုရင်လည်း ပို ဆုံးရှံးနိုင်ပါတယ်။Leverage ဟာ နှစ်ဖက်ချွန် ဓါးသွားပါ။အသုံးချတတ်ရင် အသုံးချတတ်သလို အကျိးရှိပြီးတော့ မသုံးတတ်ရင်တော့ မိမိကိုယ် ပြန်ထိမှာပါ။
Forex မှာ စတင် ၀င်ရောက် ကစားသူများ အနေနဲ့ Leverage နည်းနည်းသာ ယူသင့်ကြောင်း
ကမ္ဘာမှာ အောင်မြင်နေတဲ့ Forex ဆရာကြီးများက လမ်းညွှန်ထားပါတယ်။
Next Bull Market & Bear Market
Forex part 1 နှင့် part 2 မဖတ်ရသေးရင် ဒီမှာဖတ်နိုင်ပါတယ်
https://steemit.com/myanmar/@pyinmana/forex-trading-part-2-what-major-currency-in-the-forex
https://steemit.com/myanmar/@pyinmana/forex-part-1-forex-market-yapaslayakhng