လက်ထဲတစ်သောင်းရှိတော့ တစ်သိန်းလောက်ရှိရင်ကောင်းမှာပဲဟု တွေးမိတယ်
ဆယ်သိန်းလောက်ရှိလာပြန်တော့ အင်းးး သိန်းတစ်ရာလောက်ရှိရင် မဆိုးဘူးလို့တွေးမိပြန်တယ်
သိန်းတစ်ရာလောက် ပိုင်ဆိုင်ပြန်တော့လည်း အင်း ဒီသိန်းတစ်ရာလောက်လေးနဲ့ အိမ်လည်း မဝယ်နိုင် ကားလည်း မဝယ်နိုင် စိတ်ညစ်စရာ သိန်းတစ်ထောင်လောက်ကလေးများဖြစ်ရင် ဘယ်လောက်ကောင်းမလဲ တွေးမိပြန်ရော....
ဟော သိန်းတစ်ထောင်လောက်လက်ထဲရှိလာပြန်တော့ ဒီထက်ပိုပြီး လိုချင်လာပြန်ရော
လောဘဆိုတာ သောက်လေငတ်မပြေတဲ့ ဆားငန်ရည်လိုပါကလား
သို့ပေသိ လောဘဆိုတာလေးများ မရှိပြန်တော့ အပျင်း အဖျင်း ဖြစ်ရပြန်ရော
လောဘဆိုတာကြီးက ထိပ်ကဦးဆောင်ပြန်ရင်လည်း အမှားအမှန် ဆင်ခြင်တွေးတောနိုင်စွမ်းလျော့နည်းပြီး အမှားအယွင်း မှားတယ်လေ
ဒါဆိုဘာလုပ်ရမလဲ
ရောင့်ရဲမှုလေးနဲ့ ကျေနပ်တတ်ရမှာပေါ့
တချို့က ပြောလိမ့်မယ် ရောင့်ရဲတယ်ဆိုတာက ပျင်းတာ သို့မဟုတ် မတတ်စွမ်းနိုင်တာရဲ့ ဆင်ခြေပဲတဲ့
သူများတွေဘယ်လိုပြောပြောပါ
ဟပ်ခလောင်းဆိုပြီးတော့ အောင်မြင်မှုတွေ စည်းစိမ်တွေက တန်းရောက်လာတဲ့ အမျိုးမှ မဟုတ်တာ မဆုတ်မနစ်တဲ့ ကြိုးစားမှု အချိန်တွေ ချွေးသွေးတွေ ပေးဆပ်ပြီးမှ ရလာတာ
ထိုရလာတဲ့ အသီးအပွင့်ကို ရောင်ရဲမှုမရှိဘဲ မခံစားတတ်ရင် ဘာလုပ်တော့မလဲ
ကိန်းဂဏန်းတွေသာ များလာမယ် စိတ်ချမ်းသာမှုဆိုတဲ့ အသီးအပွင့်က မိမိကိုယ်တိုင် မစားသုံးဖူးသလိုဖြစ်သွားမယ်
သာမန်ဈေးသည်လေးတစ်ယောက် တစ်နေ့မှ တစ်ထောင်ဖိုးလောက်ရောင်းရတာ ယနေ့ တစ်သောင်းဖိုးလောက် ရောင်းရတော့ ကြည့်စမ်းသူ့မှာ ပျော်နေလိုက်တာ
နေ့စားအလုပ်သမားလေးတစ်ယောက် ကြည့်စမ်း တစ်နေ့လုပ်မှတစ်နေ့စားရတာ ကံလေးကလည်းထလာတော့ သိန်းတစ်ရာ ထီးဆုကြီးများပေါက်တော့ ဘယ်လောက်တောင် ဝမ်းသာလိုက်မလဲ
ကျွန်တော်တို့တွေ ငွေနောက်အောင်မြင်မှုနောက်ဘဲ မလိုက်သင့်ဘူးလို့မပြောပါဘူး မိမိရဲ့ အောင်မြင်မှုတွေ ငွေတွေကိုလည်း ချမ်းသာတဲ့ စိတ်ကလေးနဲ့ စားသုံး နေထိုင်ကြည့်စေချင်တယ်