အားလုံးပဲမင်္ဂလာပါ🙏🙏🙏
ကျနော်ဒီနော်ဒီနေ့ရေးသားတင်ပြချင်တဲ့အကြောင်း
အရာလေးကတော့ မြန်မာတို့ရဲ့ ရိုးရာအစဉ်အလာ
ဓလေ့ထုံးတမ်းအစဉ်အလာတစ်ခုဖြစ်တဲ့
တပို့တွဲ လပြည့်နေ့မှာ ထိုးကြတဲ့ ထမင်းနဲ့ ထိုးပွဲ
အကြောင်းလေးဖြစ်ပါတယ်
ထမနဲထိုးနည်း
ထမနဲ ထိုးရန်ဖို..
စာချိုးလို.မှာခဲ့မယ်...
တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်
တစ်ပိဿာ ဆီအမှန်သွင်းပါလို.
ချင်း(ဂျင်း) က သုံးဆယ်။
မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်
အုန်းသီးဆန်အတူဖတ်ပါလို့
နှမ်းမပြတ်ဤနည်းနှယ်။
ရေစင်ကြည်ပထည့်ရိုး
လက်နှစ်သစ်သာပ ၊ တွက်စစ်ကာချိန်ဆယ်သားရယ်နှင့်
ရောနှောကလူအများတို့ရယ်
အားသစ်လို့ထိုး ...။
မန်လည်ဆရာတော်
ထမနဲ အချိုး
ဒီအချိုးဟာ ရှေးမြန်မာလူကြီးများလက်ဆင့်ကမ်းလာတဲ့
အချိုးဖြစ်သလိုဆရာမကြီးခင်ခင်ထူးရဲ.
မအိမ်ကံဝတ္ထု ထဲမှာလည်းဖော်ပြထားတာတွေ.
ရပါတယ် ( စကားချပ် )
(၁) ကောက်ညှင်းဆန်.......(၄)ပြည်
(၂ )မြေပဲ.......................(၈၀) ကျပ်သား..
(၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိဿာ
(၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား
(၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား..
(၆) ဆား.........................(၇) ကျပ်သား.
(၇) ချင်း..........................(၁၅) ကျပ်သား
ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကိုရေဆေးပြီးအနည်းဆုံး (၃) နာရီခန်.ကြိုတင်ရေစိမ်ထားရပါမယ်...။
မြေပဲတွေကို လှော်ပြီးအခွံတွေပြောင်စင်နေအောင်သန်.စင်ပါ ။
၂ ခြမ်းကွဲသွားအောင်လက်ဖနောင့်လေးနဲ ဖိလှိမ့်ထား
ပေးပါ။(အလွယ်သုံးမြေပဲဆားလှော်တွေမသုံးပါနှင့် )
နှမ်းတွေကိုလည်း သန်.စင်ပြီး
(လိုအပ်ပါက) လှော်ထားပါ။
အုန်းသီးတွေကို အနေတ်ာပါးပါးလှီးစိတ်ပါ ၊ ကြော်ပြီးထည့်မယ်ဆိုရင် နေပူမှာ
(၃) နာရီလောက်ဇကာနှင့်ဖြန်.လှန်းထားပါ။
ဂျင်းတွေကိုအခွံခွါ ရေဆေးပြီး..မျှင်မျှင်လေးတွေလှီးပါ။
ရေစိမ်ထားတဲ့ကောက်ညှင်းတွေကို ဇကာနှင့်ရေစင်အောင်စစ်ထားပါ။
ပထမဆုံး မိုးဗြဲဒယ် မှာဆီကိုအပူပေးပြီး အုန်းသီးတွေကိုရွှေအိုရောင်ရအောင်
ကြော်ပြီးဆီစစ်ထားပါ ။
ထိုဆီထဲမှာပဲ ချင်းကို ဆီသတ်ပါ ။ အနံ.မွှေးပြီးနွမ်းလာလျှင် ရေစစ်ထားတဲ့
ကောက်ညှင်းဆန်တွေထည့်ပေါင်းကာ...
သစ်သားယောင်းမအရှည်နှင့်မွှေပေးပါ
( ကြော်ချင်ဟန်ပြု ပါ )
ဆီနဲ.တွေ.ပြီးကောက်ညှင်းတွေအကြောတင်းသွားပြီဆိုမှ...ဆားဖြင့်အရသာသွင်းပါ ၊
ကောက်ညှင်းဆန်အထက် ရေ လက်၂ဆစ်ခန့်
ထည့်ပြီးစကောကြီးကြီးများကိုလက်ကိုင်ကွင်း
တပ်ထားသောအဖုံးများနှင့် ဖုံးထားပါ ။
ရေမခမ်းခင်အထိတော့ (၁၀ ) မိနစ်တစ်ခါလောက်
ယောင်းမနဲ.နှံ..အောင်မွှေပေးရပါမယ်..။
ရေခမ်းသွားပြီဆိုရင်တော့မီးတောက်တွေကို
လျှော့ချပြီး..ငှက်ပျောဖက်အုပ်အဖုံး ၊ ဖုံးကာ
နှပ်ပေးရပါမယ်...။
ကျွမ်းကျင်သူတစ်ဦးက စမ်းသပ်ပြီးလို.နှပ်ပြီဆိုကာမှ သစ်သားယောင်းမကိုင်ပြီးမွှေသူ၂ဦးရဲ.ယောင်းမ
အရင်းကနေကိုင်ပြီးကောက်ညှင်းတွေကိုပွတ်ချေပေးရပါတယ်
(ထိုအလယ်လူနေရာကိုထမနဲကျွမ်းကျင်သူအိုးသူကြီးများတာဝန်ယူတာများပါတယ် )
ထိုအချိန်မှပဲ အိုးသူကြီးညွှန်ကြားချက်အတိုင်း နှမ်း ၊ မြေပဲ ၊ အုန်းသီးကြော်(သို.)
အစိမ်းများကို ထည့်ကာ သမသွားအောင်နယ်ပေးပါမှ..ကောင်းမွန်တဲ့ ထမနဲ ကိုရရှိတာဖြစ်ပါတယ်..။
သဝါဒပါတိမောက်
အခါတော်တော်နေ့ ( တပို့တွဲလပြည့် )
တပို့တွဲလပြည့်နေ့တွင်
ဘုရားရှင်တိုင်း တပည့်သားတို့အား
သြဝါဒပေးတော်မှုသည်ကို
အကြောင်းပြု၍ ထိုနေ့ကို
သြဝါဒပါတိမောက် အခါတော်နေ့
အဖြစ် ကျင်းပကြခြင်းဖြစ်ပါတယ် ။
တပို့တွဲလပြည့်နေ့၏
ထူးခြားချက်လေးခုမှ - အရှင်သာရိပုတ္တရာ
ရဟန္တာ ဖြစ်သောနေ့ ဖြစ်ခြင်း ။
အရှင်သာရိပုတ္တ နှင့် အရှင်မောဂ္ဂလာန်တို့
ဧတဒင်္ဂ ရသောနေ့ဖြစ်ခြင်း ။
အင်္ဂါလေးပါးနှင့် ပြည့်စုံသော ရဟန်း
ပရိသတ်တို့ အလိုမလျောက်စုဝေး
မိသောနေ့ဖြစ်ခြင်း ။
ဘုရားရှင်တိုင်း သြဝါဒပါတိမောက်
ပြတော်မှုသောနေ့ ဖြစ်ခြင်းတို့ပဲ
ဖြစ်ပါတယ် ။
မြန်မာတို့၏ ချစ်စရာ
ဓလေ့ဖြစ်သော ထမင်းနဲ့ထိုးပွဲများ
ပျော်ရွှင်စရာကောင်းသော
ပြိုင်ပွဲများလည်း ဘုရားရှင်အား
ရည်မှန်း၍ တပို့တွဲလပြည့်နေ့တွင်
ကျင်းပလေ့ရှိကြပါတယ်။

တပို့တွဲ၊ မီးပုံပွဲ၊ ယာဂု နှင့် ထမင်းနဲ
ယင်းယာဂုကျိုခြင်းကိုပင်လျှင် ယခုခေတ်၌ ထမနဲထိုးသည်ဟု ဆိုကြောင်းမှတ်သားရပါသည်။ ထမနဲ (ဝါ) ထမင်းနှဲဟူသောစကားသည် (ကောက်ညှင်း)ထမင်း နှဲခြင်းဟူသော အသုံးအနှုန်းမှ ဖြစ်ပေါ်လာသည်။
ရှေးခေတ်အရေးအသားအချို့တွင်ပင်လျှင် ထမင်းနှဲဟူ၍ ရေးကြသည်။ အချို့ကလည်း နှမ်းကို ကဲ၍ထည့်သောကြောင့် နှမ်းမနဲဟူ၍လည်း ခေါ်ကြသည်။

Ref: Facebook
Photo:Facebook
ဆက်၍ကြိုးစားပါအုံးမည်📝📝📝