2014ခုနှစ်မှာ ဆယ်တန်းအောင် နှစ်ကုန်ခါနီးမှာတော့ အမှတ်စာရင်းတွေထွက် တက္ကသိုလ်ဝင်ခွင့်တွေ ကျလာပါပြီ...ထုံးစံအတိုင်း ကိုယ်က ပုသိမ် နဲ့ နီးတော့ ပုသိမ်မှာ ရှိတဲ့ တက္ကသိုလ်တွေ လျှောက်ရတာပေါ့ TUကို ဦးစားပေးလျှောက်သော်လည်း ကံကြမ္မာက မျက်နှာသာမပေး...ပုသိမ်တက္ကသိုလ်မှာ BC(Bio Chemistry)နှင့် နေ့ကျောင်း တတ်ခွင့်ကျလာသည်...အာ့နဲ့ ပုသိမ်မှာ ကျောင်းတတ်ရပါတော့တယ်...တက္ကသိုလ်က တစ်ပတ်ကို ၅ရက်တတ်ရပြီး စနေ တနင်္ဂနွေ ပိတ်ပါတယ်..ကျောင်းပိတ်တဲ့အချိန်တိုင်း စာရေးသူက
မွေးရပ်မြေ ကျောင်းကုန်းမြို့နယ် ရှမ်းရွာ သို့ပြန်လေ့ရှိ၏..ကားဖြင့် တစ်နာရီခွဲလောက်စီးတာနှင့်ရောက်သည်..ခါတိုင်းပြန်နေကျသလိုပဲ ကျောင်းပိတ်သဖြင့် ထိုအပတ်က အိမ်ပြန်သည်...
အိမ်ပြန်ဖို့အတွက် ကားဂိတ်ကို သွားရမည်..နေ့လည်စာကလည်း မစားရသေးသဖြင့် ပုသိမ်မြို့၏ စားသောက် ဆိုင် တစ်ဆိုင်သို့ဝင်ထိုင်လိုက်သည်...ထမင်းလည်း သိပ်မစားချင်သဖြင့် ကြက်သားပေါက်စီ ၂လုံး အအေးတစ်ခွက် မှာလိုက်သည်.(မိမိမှာ ပေါက်စီအား တအားကြိုက်သူဖြစ်သည်.ဤကား စကားချပ်)မကြာခင် စားပွဲထိုးလေးရောက်လာပြီး လာချသွားသည် ပေါက်စီ နှစ်လုံး အနက် တစ်လုံးကုန်အောင် စားပြီးသကာလ နောက်တစ်လုံး ကို ကိုက်လိုက်စဉ်မှာပင် ပေါက်စီအထဲကို မည့်သည့် အစာမျှ မသွပ်ထား ဂျုံလုံးကြီးသာဖြစ်သည်...waiterကောင်လေးကို ခေါ်ပြောတော့ အဆိုပါပေါက်စီအစား ပိုက်ဆံထည့်မရှင်းခိုင်းပေ...စိတ်ထဲတော့ သိပ်မကြည်လှ...ဒီအလွဲကသိပ်မဟုတ်လှ ဒီထက်ဆိုးမည်အလွဲ အောက်တွင်လာမည်
ဒီလိုနဲ့ကားဂိတ်ရောက်တော့ လက်မှတ်ဖြတ်ပြီး စီးရမည့်ကားပေါ်သို့တတ်လိုက်သည်...ကားထွက်ပြီးလို့ တစ်နာရီခွဲလောက်ကြာတော့ ကျောင်းကုန်းမြို့ အဝင်သို့ရောက်တာနှင့် ကားပေါ်ကဆင်းပြီး မိမိအားလာကြိုမည့်သူအား အအေးသောက်ရင်း စောင့်နေတော့သည်...ပုသိမ်မှပေါက်စီတစ်လုံးထဲ စားလာသဖြင့် ဗိုက်ထဲက ဆာလေပြီ...ဗိုက်ဆာတာကို ဖြေရှင်းရန် မျက်နှာချင်းဆိုင်ရှိ ဆု စားသောက်ဆိုင်သို့ ဝင်ထိုင်လိုက်သည်
ပေါက်စီတစ်လုံးနှင့် ကော်ဖီတစ်ခွက် မှာလိုက်သည်...သို့သော် Waiterကောင်လေး ပြောတာ ကြားလိုက်သည်.."ဆရာရေ ပေါက်စီ တစ်ခွက"်တဲ့...နားထဲမှာ ထူးဆန်းနေသည်...ပေါက်စီနဲ့ ကော်ဖီ တစ်ခွက်ကို ရောလိုက်တာပဲ ဟု မိမိ မှတ်ချက်ပြုလိုက်သည်..စားသောက်ဆိုင်တို့၏ ဓလေ့အရ စားဖွယ်နာမည်များကို ရှေ့စာလုံးများယူ၍ ရောခေါ်လေ့ရှိသည် မဟုတ်ပါလား..အဲ့လိုနဲ့ ငါးမိနစ်လောက်ကြာလာတော့ မိမိရှေ့ကို ဘီယာတစ်ခွက်ရောက်ချလာသည်...ကြောင်သွားသည်...
လာချပေးသော Waiterအစ်ကို အားပြန်ခေါ်ပြီး
အစ်ကို ဝိုင်းမှားနေသည်ပေါ့ ကျွန်တော်မှာထားတာက ပေါက်စီ ပေါ့ waiterအစ်ကို ပြန်ပြောသည် "အေးညီ မင်းမှာထားတာ ပေါက်စီလေ
ဘီယာထဲ ကို ဝီစကီပေါက်ထားတာ ပေါက်စီလေ".😱😱😱ဘီယထဲ ဝီစကီပေါက်ထားတာ ပေါက်စီ ဟု သိလိုက်ရသည်.. Waiterအစ်ကိုမှာ မိမိအားထူးဆန်းသလို အကြည့်ဖြင့်ကြည့်ကာ ကျောခိုင်းထွက်ခွာသွားလေသည်..
ကျွန်တော်သိလိုက်သည်က ကျွန်တော်Sectionမှားထိုင်မိပြီ...မိမိထိုင်မိသည်က ယမကာ section...မိမိဘေးsectionက အစားအစာ...မထူးတော့ပြီ အဆိုပါ ဘီယာထဲ ဝီစကီထဲ ပေါက်ထည့်ထားသော ပေါက်စီကို မိမိသောက်ရပေတော့မည်.ထားခဲ့လို့ကလည်း နှမြောစရာ တစ်ခွက် တစ်ထောင်ကျပ်ဖြစ်သည်..အမြည်းမပါ ဘာမပါနှင့် ထိုပေါက်စီဟုခေါ်သောအရည်ကို အရက်ဘီယာ တစ်ခါမျှ မသောက်ဖူးသည့် ကျွန်တော် တစ်ခွက် ကုန်အောင် မော့ချလိုက်လေတော့သည်.ပထမဆုံးအကြိမ်မို့ထင့် နည်းနည်းမူးလာသည် ..ကုန်သွားသည် နှင့် waiterအစ်ကိုလာမေးသည်..."ညီ ထပ်ယူအုံးမလား"
ထထိုးပလိုက်ချင်သည် တစ်ခွက်ကုန်အောင်တောင် မနည်း သောက်နေရတာ...နောက်တစ်ခွက် ဆို ဆိုင်ပော် လေးဘက်ထောက်ဆင်းရတော့မည်...အပြစ်တင်ရအောင်လည်း ကိုယ့်အမှားပင်
ကိုယ်ကိုတို်င်က သေချာမကြည့်ဘဲ Sectionမှားထိုင်မိခြင်းပြင်...ဖုန်းဝင်လာ၍ ကြည့်လိုက်တော့
လာကြိုသည့် လူက ရောက်နှင့်နေပြီ...ဆိုင်ကထွက်၍ ခြေလှမ်းများကို မယိုင်အောင်လျှောက်နေရသည်..ကားထဲမှာတော့ သိပ်မမူး အိမ်ရောက်ခါနီးမှ ပိုမူးသည်...အိမ်ရောက်တော့ အနံလေးကထွက် မူးလည်း မူးနေတော့ မွေးသမိခင် ကျေးဇူးရှင်ကပါ ဆူလေပြီ..အမေ ဆူသည်များ မကြားနိုင်တော့ မူးပြီး အိပ်ပျော်သွားသည်...အိပ်ရာနိုးမှ အမေ့အား ရှင်းပြလိုက်ရသည်..အမေစိတ်ဆိုးနေသည့်ကြားမှ ရယ်၍ ပြုံးသွားရှာလေသည်..အလျှောက်တော်လို့ နို့မိုဆို နင်မလွယ်ဘူးမှတ်တဲ့.ကျွန်တော့်မိတ်ဆွေတွေလည်း ပေါက်စီဆိုတိုင်း မစားကျနှင့်...တစ်ချို့ပေါက်စီကမူးစေပြီး တစ်ချို့ပေါက်စီက မစားတတ်ရင် ထောင်ပါကျနိုင်ကြောင်း... ပေါက်စီဆိုပေမဲ့ နာမည်တူ မျိုးကွဲ များစွာရှိကြောင်း...ပေါက်စီကဲ့သို့ နာမည်တူမျိုးကွဲများလည်း ရှိကြောင်းစေတနာဖြင့်သတိပေးရင်း 😁😁😁
ရွှင်လန်း ချမ်းမြေ့ကြပါစေခင်ဗျား
2015ခုနှစ် ကျောင်းတတ်ရင်း မိမိ၏ ဖြစ်ရပ်မှန်အလွဲအား စာရေးတတ်သလောက် ခံစားရေးဖွဲ့ပါသည် စာရှည်သွားပါက
သည်းခံကျပါကုန် 😁😁
Date-18.7.2017
Writer-hetlinnaung
Photo -google