လမ်းပန်းဆက်သွယ်ရေးခက်ခဲသောရွာတစ်ရွာမှာ အဖွားကြီးတစ်ယောက်ရှိပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကြောင့် အဖွားကြီးအပါအဝင် ရွာသူရွာသားအများစုလည်း ရွာမှအပြင် ဘယ်မှာမှ မသွားနိုင်ကြ။ ဒီလိုနဲ့ဘဲ ရွာထဲမှာဘဲ နေတိုင်ကြပါတယ်။ အသက်မွေးဝမ်းကျောင်းရေးပိုင်မှာလည်း တောင်ယာခုတ်၊ စပါးစိုက်ခြင်းအားဖြင့် လုပ်စားနေကြပါတယ်။
အဖွားကြီးလည်း အသက်မွေးဝမ်းကျောင်းအတွက် သူတက်နိုင်သလောက် တောင်ယာတွေခုတ်တယ်၊ စပါးတွေလည်း စိုက်တယ်။
အိမ်နဲ့တောင်ယာကြားမှလွဲ၍ ဘယ်မှာမှ မသွားဖူး။ ဘာ အတွေ့အကြုံလည်း မရှိ။ ဘောလုံးဆိုတာလည်း လုံးတယ်ဆိုတာမှလွဲ၍ ကျန်တာ ဘာမှမသိ။ လူဘယ်နှယောက်ကန်ရလဲဆိုတာလည်း ဘာမှမသိ။
တစ်နေ့တော့ ပျင်းတယ်ဆိုပြီး လမ်းလျှောက်ရန် အိမ်ကနေထွက်သွာပါတယ်။သူနေတဲ့အိမ်နဲ့ဘောလုံးကွင်းက ၄ ဖာလုံလောက်ဝေးပါတယ်။ လမ်းလျှောက်ရင်းနဲ့ ဘောလုံးကွင်းကိုရောက်တယ်။ ဘောလုံးကွင်မှာ ရွာလူငယ်တွေက ဘောလုံးကန်နေကြတာကိုတွေ့လိုက်ပါတယ်။ ၂ မိနစ်လောက် ထိုင်ကြည့်လိုက်တယ်။
ဘောလုံးတစ်လုံးကို လူ၂၂ ယောက်က ဝိုင်းလုပြီးကန်နေကြတာကိုတွေ့လိုက်တော့ "ဟ မြန်မာပြည်ကြီးက ဒီလောက် ဆင်းရဲပါလား ဘောလုံးတစ်လုံကို တောင် လူ၂၂ယောက်က ဝိုင်းလုပြီးကန်နေကြတယ် သနားစရာဘဲ" ဆိုပြီး အိမ်ကိုပြန်သွားတယ်။
ဟာဟာဟာ.......