losing...
Give up. That's enough. This is impossible. How can it be possible? Of course you should give up. Those words make it difficult for me to feel satisfied when I get what I want. Of course I have already given up.
Last night I spent many hours studying to write a Bot on Telegram Channel and slept until 3 am. Did the bot run successfully, so it failed. I asked Chat GPT and looked for ways. It doesn't work. He told me that there are too many options and it makes it difficult to do. Well, only people believe in AI and there are some people who accept that what AI says is true. In fact, some people don't want to waste their time and accept the AI as the truth without human consideration.
I also use Chat GTP. But I only use AI to re-edit my actions. So I also looked at YouTube videos. I didn't find the solution I wanted. I was very tired. But what I learned was valuable.
"Don't try to become what you can't become now."
အရှုံးပေးခြင်း...
အရှုံးပေးလိုက်ပါ။ ဒီလောက်ဆို လုံလောက်ပါပြီ။ ဒါက မဖြစ်နိုင်ဘူး။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?။ ဟုတ်ပါတယ် သင်အရှုံးပေးသင့်နေပါပြီ။ လိုချင်တာကို ရမှ ကျေနပ်တက်တဲ့ ကျွန်တော့်အတွက် အဲ့ဒီစကားတွေက ခံစားရတာ ခက်ခဲစေပါတယ်။ ဟုတ်ပါတယ် ကျွန်တော် အရှုံးပေးသင်နေပါပြီ။
up.
Telegram Channel မှာ Bot တစ်ခုရေးကြီးဖို့ မနေ့ညက ကျွန်တော် အချိန်နာရီပေါင်းများစွာ ကြာအောင် လေ့လာခဲ့ပြီး မနက် ၃ နာရီမှ အိပ်စက်ခဲ့ရပါတယ်။ Bot လုပ်ဆောင်တာ အောင်မြင်ခဲ့လားဆိုတော့ မအောင်မြင်ခဲ့ပါဘူး။ Chat GPT ကိုမေးပြီး နည်းလမ်းတွေ ရှာကြည့်တယ်။ အဆင်မပြေဘူး။ သူပြောပြတာတွေ Options တွေအရမ်းများပြီး လုပ်ဆောင်ရတာ ခက်ခဲစေတယ်။ အင်း လူတွေကသာ AI ကို ယုံကြည်ပြီး AI ပြောတာ အမှန်ပဲလို့ လက်ခံတဲ့ လူတစ်ချို့က ရှိနေပါပြီ။ တကယ်တော့ လူတစ်ချို့ဟာ သူတို့ အချိန်မကုန်ခံချင်လို့ AI ပြောတာ အမှန်ပဲ ဆိုပြီး လက်ခံလိုက်ကြတာပါ လူ့စဉ်းစားခြင်းမရှိပဲနဲ့ပေါ့။
ကျွန်တော်လည်း Chat GTP ကိုသုံးပါတယ်။ ဒါပေမဲ့ ကျွန်တော့် ရဲ့ လုပ်ဆောင်ချက်တွေကို AI ကို ပြန်ပြီး တည်းဖြက်ခိုင်းတာလောက်ပဲ သုံးပါတယ်။ ဒါနဲ့ Youtube video တွေမှာလည်း လေ့လာကြည့်တယ်။ ကျွန်တော်လိုချင်တဲ့ အဖြေရှာ မတွေ့ခဲ့ဘူး။ ကျွန်တော် အရမ်းပင်ပန်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် သိလိုက်ရတာ အဖိုးတန်ပါတယ်။
"အခုဖြစ်ဖို့ မတက်နိုင်တဲ့အရ ကို ချက်ချင်းဖြစ်အောင် မကြိုးစားပါနဲ့"