ငွေတွေကို ပိုလာစေမဲ့ နည်းလမ်းသုံးသွယ် သုံးကြည့်ကြမယ်ဗျာ..လူတော်တော်များများနော်
အလုပ်လုပ်နေကြတာ ၃ နှစ် ၅နှစ် ၁၀ နှစ် ကြာခဲ့ပေမဲ့ ကိုယ့်ကို ကို ပြန်မေးမိရဲ့လား ဒီချိန်မှာ
ငါ ငွေ ဘယ်လောက်စုမိနေပြီးလဲ ။
ကျနော် တစ်ခုပြောပြမယ် ... ကျနော် နဲ့ သိကျွမ်းတဲ့ လူကြီးတစ်ဦး အလုပ်လုပ်လာတာ ၁၀ နှစ်
ကျော်ကျော်ရှိခဲ့ပြီး ။ ဒါပေမဲ့ ခုထိ သူမှာ စုငွေဆိုလို့ နည်းနည်းမှ မရှိနေဘူး။သူအတွေး ဒီလ
ပိုက်ဆံ သိပ်မရဘူး ဒါပေမဲ့ ရှေ့လကြရင် ရမယ် အဲ့တော့မှ စုမယ်၊ အဲ့ကြမှ အရင်းနှီးလုပ်မယ်
ဘာပဲဖြစ်ဖြစ် လစဉ်တော့ ဝင်ငွေရှိနေတာပဲ။ အဲ့လိုတွေးတဲ့ သူတွေကတော့ အဆိုးဆုံး
စုငွေမရှိနေနိုင်ကြတာပဲ။ လူတစ်ဦးပြေတာ ကြားဖူးတယ် သူဒီလိုနည်းနဲ့ ငွေစုလာတာ
သူ့အသက်အရွယ် ငယ်ငယ်မှာပဲ သူ့မှာ ငွေ သိန်းတစ်ရာလောက် ကိုယ်ပိုင်ဝင်ငွေ ရှိနေခဲ့ပြီးတဲ့။
ဒီနည်းကို စာဖက်သူ ပရိသတ်တွေ လက်တွေ့ အသုံးပြုနိုင်ပါတယ်နော်။ ဒါမဲ့ ကျနော် ပြောတာတွေနဲ့
မကိုက်ညီဘူး လက်တွေ့ သိပ်မဆန်ဘူးဆိုရင် မသုံးပါနဲ့ ဘာမှ မဖြစ်ပါဘူး။
နံပါတ် ၁ အချက်- ဒီနည်းကို လူတော်တော်များများ အသုံးပြုကြပြီး အဆင်ပြေနေကြတာလဲ တွေ့ရပါတယ်။
ထိုနည်းလမ်းကတော့ ကျနော်တို့ လစဉ် ရနေတဲ့ ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ကိုယ် လုံးဝ မသုံးဘူးဆိုပြီး
စုထားတဲ့ နည်းလမ်းပါပဲ။တကယ်လို့ ကျနော်တို့က တစ်လဝင်ငွေ ၃ သိန်းဆိုပါတော့၊
အဲ့ထဲက စုငွေက ၃ သောင်း၊ တစ်လဝင်ငွေ ၆သိန်းဆိုရင် ၊ စုငွေအဖြစ်က ၆သောင်းပေါ့ဗျာ။
ကျနော်တို့ ဘယ်လောက်ရတယ် ဆိုတဲ့ လစာပေါ် မူတည်ပြီး ၃၀ ရာနှုန်း စုတာပါပဲ။ အဲ့လိုမဟုတ်ဘူး
လစာထုတ်လာပြီး ဟေ့...နေဦး ငါအရင် သုံးလိုက်အုန်းမယ် ပိုတဲ့ငွေကိုမှ စုမယ်ဆိုရင် ၊ ဘယ်တော့မှ
ငွေစုထားနိုင်မှာ မဟုတ်တော့ပါဘူး။အရင်စုပြီး ကျန်တာကို အသုံးစရိတ်တွေတွက် သုံးမယ်ဆိုရင်
တစ်နေ့မှာ ကျနော်တို့ သူဌေးဖြစ်လာနိုင်ပါတယ်။
နောက်ထပ် နံပါတ် ၂ ကတော့-
ကျနော်တို့ သုံးရမဲ့ နည်းကတော့ ကျနော်တို့မှ ငွေ ၁ သိန်း ၊ ၅ သိန်း၊
၁၀ သိန်း ငွေတွေကို အချိန်တိုတို တွင်း ရနိုင်ဖို့တွက် ကျနော်တို့ ငွေတွေကို ပြုပြင် စီမံပေးရမယ်။ကျနော်တို့
စုထားလို့ ရလာတဲ့ ငွေတွေကိုတော့ အရင်းနှီးတစ်ခုခုမှာ သွားထည့်ထားတာမျိုး။ လွယ်လွယ်ပြောရရင်
ရှယ်ယာ ထည့်သလိုမျိုးတွေ၊ လုပ်ငန်းတစ်ခုခုမှာ သွားပြီး ရင်းထားတာမျိုးတွေ၊ ရှိနေတဲ့ ငွေတွေကို ဒီတိုင်း
သိမ်းထားပြန်လဲ မှိုတတ်မှာနဲ့တူတူ ငွေတွေကို လည်ပတ်နေအောင် လုပ်သွားရမယ်။ ဥပမာ... ကျနော်တို့ ငွေ
၁ သိန်းရင်းလိုက်ရင် ဘယ်လောက်ရာနှုန်းနဲ့ပြန်ရလာမလဲ အမျိုးမျိုးပေါ့၊ ကိုယ့်မှာ ၁၀ သိန်းရှိတယ် အဲ့၁၀ သိန်းကို
ကျနော်တို့တွက် သူကို အလုပ်ပေးလုပ်ရမယ်။ဒါပေမဲ့ အရင်းနှီးထည့်တော့မယ်ဆိုရင်
လုပ်ငန်းရဲ့ သဘောတရားကို ၁၀၀ ရာခိုင်နှုန်းနားလည်မှ ငွေရင်းပါလို့ ပြောချင်ပါတယ်။
အုတ်ခုတ်တဲ့သူက ကျောက်မျတ်ရတနာအကြောင်း ရင်းနှီးဖို့ပြောရင် တွေးကြည့်ပေါ့ဗျာ။ရှိတယ်နော် ဟေး...လာ ဒီမှာ
အရင်းနှီးထည့်တာ အိမ်မှာ အိပ်နေယုံပဲ အချိန်တန်ရင် ငွေလာယူ အဲ့လိုတွေတော့ သတိထားစေချင်ပါတယ်။
တစ်ချို့တွေဆို သိန်းချီ ဆုံးရှုံးကြရသလို သန်းချီ လိမ်ထိတာလဲ ရှိပါတယ်။ တစ်ချို့က ဘဝတွေပါ ပျက်ပါတယ်။
ဒါ့ကြောင့်လဲ ၁၀၀ ရာခိုင်နှုန်း နားလည်မှာ ရင်းနှီးကြပါ။
နံပါတ် ၃ နည်းလမ်းကတော့ -
ကျနော် တို့ အွန်လိုင်းသုံးရင်း ငွေရှာနေလို့ရနေတာလဲ သိပြီးသားပါ။ အဲ့ထဲကမှ ငွေ ရင်းရတာရှိသလို မရင်းပဲ ရနေကြတာလဲ
ရှိတယ်။လွယ်လွယ်လေးကြည့်ရအောင် ခု မြန်မာပြည်မှာလဲ အော်ဒါ ကောက်တယ်ဆိုတာတွေလဲရှိပါတယ်။ ကျနော်တို့က
သူတို့အသင်းနဲ့ နည်းနည်းပါပါး ဆက်သွယ်ကြည့်မယ် ၊ အဲ့လောက်ဆိုလဲ ငွေက ရှာလို့ရနေလောက်ပါပြီး။တစ်ချို့သူတွေဆို
နည်းလည်တဲ့သူတွေဆီမှာ လက်လေ့လာ ပြီးရင်း သူတို့ပြောပြတဲ့ နည်လမ်းတွေနဲ့ ငွေရှာ ဝင်ငွေတွေ အများအပြားရနေကြတာ
ခုခေတ်ဆို အသက်ရွယ် ငယ်ငယ်လေးတွေက အများအပြားရှိနေကြပါပြီး။တစ်ချို့သူတွေဆို သဘောတရား နားလည်သွားပြီး
သူတို့ရဲ့ ကိုယ်ပိုင် ဦးနှောက်ဥာဏ်တွေ သုံးပြီး ငွေတွေ အမြှောက်အများကို ရှာနေကြပါပြီး။
ဒီ နည်းလမ်းတွေက ကျနော်တို့တွက် ငွေတွေကို စုဆောင်းနိုင်မယ်၊ စုထားတဲ့ငွေတွေကို ပြန်ပြီး ပွားလာအောင် လုပ်နိုင်မယ်၊
ဘဝမှာ ငွေ သိန်း ဆိုတာလဲ ဆုလာနိုင်မယ် သန်းဂဏန်းနဲ့ဆိုတလာလဲ စုလာနိုင်မယ်။
မိတ်ဆွေ တို့လဲ ကိုယ်တိုင် လုပ်ဆောင်ကြည့်လို့ရပါတယ်ခင်ဗျား...
author...moethte
mso-5