လောကဓံဆိုတာ အချိန်ကြာလာလေလေ
ရင့်ကျက်လာလေလေပဲ.
ကိုယ့် ဘဝမှာ ကျရှုံးမှုတွေ တွေ့ကြုံရတဲ့အခါ
လောကကြီးကို အပြစ်တင်မနေပါနဲ့ 
ကိုယ်အသုံးမကျလို့ ကျရှုံးရတာဆိုပြီး
လုပ်ဆောင်ခဲ့သမျှကို အကောင်းဆုံး ပြင်ဆင်သုံးသပ်၍
အသစ်ကပြန်စပါ။
ကိုယ်ကိုင်စွဲထားတဲ့ အမှန်တရားပေတံကို
ပတ်ဝန်းကျင် ဖိအားကြောင့် လွင့်မပစ်လိုက်ပါနဲ့
ကိုယ့်ပေတံ မှန်တယ် မမှန်ဘူးဆိုတာ
အချိန်ကာလတစ်ခုရောက်ရင် အဆုံးအဖြတ်ပေးသွားမှာ
ဖြစ်ပြီး ကိုယ်ချင်းစာတရားအပြည့်နဲ့
ခရီးဆက်ပါ။
ကိုယ့်ယုံကြည်မှုကို နင်းခြေခံရတိုင်း
လူတိုင်းအပေါ် သံသယမထားလိုက်ပါနဲ့
လက်တောင်အတိုအရှည်မညီသလို ယုံကြည်လို့ရတဲ့
လူတွေလည်း ဤလောကကြီးမှာ ရှိနေပါတယ်
ယုံကြည်မှုနဲ့ မထိုက်တန်တော့တဲ့သူတွေကို
လုပ်စရာ တစ်နည်းပဲရှိတယ်
ချစ်ခြင်းမုန်းခြင်း ကင်းစွာဖြင့် ဥပေက္ခာပြုလိုက်ပါ။
နောက်ဆုံးမှာ အကောင်းဆုံးသော လက်နက်ဟာ ဥပေက္ခာ ဆိုတာ
မင်းသိလာပါလိမ့်မယ်.
photo credit from google