၎ဝ ကီလိုဂရမ်အလေးတုံးကြီးကို မျက်လုံးစည်းပြီး လှည့်ပြခဲ့သူ
တစ်ပိဿာအလေးကိုတစ်ပတ်လှည့်ပြီး မြေမကျအောင်ကိုင်ပြဖို့တောင် မလွယ်ကူတာ အားလုံးသိကြမှာပါ။
ဒီအံ့ဖွယ်လူတစ်ဦးကတော့ ကီလီုဂရမ် ၄ဝ လောက်ရှိတဲ့ အလေးကြီးကို ကိုင်ပြီး ၁၃ ကြိမ်တိုင်တိုင်လှည့်ပြခဲ့ပါသတဲ့။ အဲဒီလို လှည့်ပြတဲ့နေရာမှာလည်း မျက်လုံးကို အဝတ်နဲ့စည်းပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
သူဟာ အဲဒီလိုလုပ်ဆောင်နိုင်ခဲ့တာကြောင့် ဂရင်းနစ်ကမ္ဘာ့မှတ်တမ်းမှာ ပါဝင်ခဲ့ပါတယ်။ Wang Bingrong လို့အမည်ရတဲ့ အမျိုးသားက လုပ်ဆောင်ခဲ့တာဖြစ်ပြီး သူဟာ CCTV ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ Guinness World Records အစီအစဉ်မှာ ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ ဂရင်းနစ်မှတ်တမ်း အဖွဲ့အစည်းက ပေးအပ်တဲ့ “Most consecutive spinning catches of a 40-kg weight – blindfolded” မှတ်တမ်းကို ရရှိခဲ့တာဖြစ်ပါတယ်။ အလေးချိန် ၄ဝ ကီလိုဂရမ်ရှိတဲ့ အလေးကြီးကို ကိုင်ပြီး ၃၆ဝ ဒီဂရီလှည့်ကာ အောက်မကျအောင် ပြန်ဖမ်းပြခဲ့တာဖြစ်ပါတယ်။ Wang Bingrong အနေနဲ့ တိကျမှုနဲ့ ရဲရင့်မှုတွေကို ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ Wang Bingrong ဂရင်းနစ်စံချိန်တင်နေတဲ့ ဒီမှတ်တမ်းဗီဒီယိုကို အောက်ဖော်ပြပါလင့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Ref : www.guinnessworldrecords.com
SMT-24