ကိုယ့်သူငယ်ချင်းတွေကို မမေ့လိုက်ပါနဲ့ ။
တော်တော်များများဖြစ်တတ်ကြပါတယ်။ ကိုယ့်ချစ်သူနဲ့ ပဲ လုံးခြာလည်ရိုက်နေတော့ ကိုယ့်သူငယ်ချင်းတွေကိုဆိုရင် လုံးဝသတိမရတော့ဘူး၊ အပြင်ကမ္ဘာကြီးနဲ့ ဆို လုံးဝအဆက်အသွယ်ပြတ်။ ပြဿနာတတ်ပြီဆိုမှ အသည်းအသန်ပြန်လိုက်ရှာပြီး ရင်တွေဖွင့်လိုက်တွေ လုပ်ကြတော့တာပဲ။
အဲ့လို မဖြစ်ပါနဲ့ ချစ်တို့ ။ ကိုယ့်ချစ်သူကို ချစ်တာလည်း ချစ်ပေါ့။ ဒါပေမယ့် ကိုယ့်သူငယ်ချင်းတွေကိုလည်း လိုသုံးမျိုးမဆက်ဆံမိစေနဲ့ ။ ဒီလို လုပ်ဖန်များလာရင် နောက်ဆိုရင် ကိုယ့်ဘေးကနေ တစ်ဖြည်းဖြည်းနဲ့ သူငယ်ချင်းတွေ ဝေးကွာသွားလိမ့်မယ်။ အဲ့လိုနဲ့ ကိုယ့်ချစ်သူသာလျှင် ကိုယ့်ရဲ့ သူငယ်ချင်းပဲဖြစ်နေရင် သူ့ ကို ဆုံးရှုံးရမှာ အရမ်းကြောက်ပြီး အမြဲတမ်းခေါင်းငုံ့ နေရလိမ့်မယ်။
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
သူ တန်ဖိုးထားသည်ဖြစ်စေ
မထားသည်ဖြစ်စေ
ဖေ့ဘွတ် သူငယ်ချင်းအသစ်တွေက စာအုပ်လေး ဘယ်မှာဝယ်လို့ရလဲလို့မေးလို့ပါ ...
စာအုပ်နဲ့ပက်သက်တဲ့ပိုစ့်လေးတွေ မယ် တင်ခဲ့ပါတယ်.
သူငယ်ချင်းအသစ်တွေက ဘယ်ဖတ်မိတော့မလဲနော် အရင်ကပိုစ့်တွေဆိုတော့လေ.
မယ့်စာအုပ်လေးက ပုံနှိပ်တိုက်ကထုတ်ဝေ ရောင်းတာမဟုတ်ပါဘူးရှင်.
April လက မယ့်မွေးနေ့လမို့ ဒီလမှာ မယ်ရေးခဲ့တဲ့စာလေးတွေထဲက စာတစ်ချို့ကို print ထုတ် စာအုပ်ပုံစံလေးချုပ်ပြီး စာအုပ် ၁၅၀ ကျော်ကို ချစ်ခင်ရတဲ့သူတွေကို လက်ဆောင်ပေးတာပါ.
မယ့်ဆီကို နာမည်နဲ့ လိပ်စာပို့ထားသူတွေဆီကို စာအုပ်တွေ ပုသိမ်က စာအုပ်လုပ်ပေးတဲ့ ဦးလေး ရဲ့ သူ့ဆိုင်က ကလေးတွေ ပုသိမ်စာတိုက်ကနေ မြန်မာပြည်အနှံ့ပို့ပါမယ်ရှင်.
ဒီ သောကြာညနေ့ လက်မှတ်ထိုးထားတဲ့စာရွက်တွေ (စာအုပ်ရှေ့မှာထည့်ချုပ်ဖို့) မြန်မာပြည်ပို့ပါမယ်.
ခုစာအုပ်မှာ စာဖတ်သူတွေကြိုက်များတဲ့ စာ ၃၃ ပုဒ်ပါပါတယ်. စာတွေအကုန်မပါနိုင်တာ တောင်းပန်ပါတယ်. နောက်တစ်ခါ စာအုပ်မှ ကျန်တဲ့ စာလေးတွေထည့်ပါမယ်.
ခုစာအုပ်မှာ ကဗျာလေးတွေမထည့်ုဖြစ်ပါဘူး. ကဗျာတွေက သပ်သပ်ကဗျာစာအုပ်လေးလုပ်မယ် စိတ်ကူးလို့ပါ.
နောက်တစ်ခါ စာအုပ်လေး ထပ်လုပ်ဖြစ်ရင် မယ် ပြောပါမယ်နော်.
ချစ်တယ် 😍
ကြိုက်ခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ပါ.
စာရေးသူ အမည်မသိလို့ credit မပေးရတာပါ (စာရေးသူအမည်ပြန်ရှာပါဦးမယ် ) ...
ဖတ်ရင်း ခံစားရတဲ့ ကဗျာလေးတစ်ပုဒ်ပါ ...
‘ goodbye ‘ တွေဟာ ‘ hello ‘ ထက် ပြောထွက်ဖို့ခက်တယ်ဆိုတာထက် ...
တကယ်နာကျင်ခံစားရတာပါဘဲလေ ...
ဘဝမှာ ‘ goodbye ‘ လို့ပြောကြိမ်အရေအတွက် နည်းနိုင်သမျှ နည်း ချစ်ကံကောင်းကြပါစေ ...
##မယ🙏🏻🙏🏻🙏🏻 မြန်မာသက္ကရာဇ် ၁၃၈၀ နှစ်ဦး ကုသိုလ်ကောင်းမှု 🙏🏻🙏🏻🙏🏻
ရုံးကအပြန် ပင်တော့ပင်ပန်းတယ် ...
ဒါပေမယ့် ...
အိမ်နဲ့မနီးတဲ့ဘုန်းကြီးကျောင်းတော့ ရောက်အောင်သွားလိုက်တယ် ...
အားလုံး ကုသိုလ်ထပ်တူထက်ပိုရပါစေ ...
မယ့် စာအုပ်လေးတွေ ဒီလကုန် စာတိုက်ကနေ အားလုံးဆီ ပို့ပေးနိုင်ဖို့ကြိုးစားနေပါတယ်.
သင်္ကြန်ရက်တွေခံတော့ ဒီလမှာ ခရီးထွက်သူအတော်များပါတယ်.
မယ် သာခဏလေးရန်ကုန်အလည်ပြန် စာအုပ်ကိစ္စလုပ်နိုင်ရင် အဆင်ပြေမှာပါ.
မယ် အလည်မပြန်နိုင်တော့ ... ရန်ကုန်မှာ ဖေဖေ နဲ့ အဒေါ်ဘဲရှိပါတယ်.
ဖေဖေက သူ့အလုပ်တွေနဲ့သူမအားတော့ အဒေါ်ကို အကူအညီတောင်း ... အဒေါ်ကလည်း YTU စာမေးပွဲရှိတော့ သူစာသင်ချိန်တွေ သူ့ကျောင်းနဲ့ မယ့် ကိစ္စအာရုံမစိုက်နိုင် ...
စာတိုက်ကနေ စာအုပ် ၁၅၀ ကိုပို့ဖို့ သူအဆင်ပြေပါ့မလားစိတ်ပူပြီး ပုသိမ်က ဦးလေးက စာစီစာရိုက်လုပ်ငန်းရှိပြီး သူ့ဆိုင်က ကလေးတွေက စာအုပ်တွေစာတိုက်ကပို့ပေးဖို့ အကူအညီလှမ်းတောင်းတော့ အဆင်ပြေသွားပါတယ်. ဦးလေးကလည်း သူ့သား ၁၀ တန်းစာမေးပွဲဖြေတာနဲ့ ၁၀ တန်းစာမေးပွဲပြီး အဒေါ် YTU က ကျောင်းသားတွေ စာမေးပွဲပြီးမှ မယ့် စာအုပ်ကိစ္စစကားပြောရလို့ပါ.
စာအုပ်မှာ လက်မှတ်ပါဖို့ မယ် ဒီကနေ A4 စာရွက်တွေမှာစာရေး လက်မှတ်ထိုး အဒေါ်ဆီကို ဒီက courier service ကနေပို့ရပါမယ်. အဒေါ်ကနေ အဲ့စာရွက်တွေကို ပုသိမ်ပို့ ... စာရွက်တွေရောက်ရင် စာအုပ်တွေရှေ့မှာ ထည့်ချုပ်ဖို့ပါ
မြန်မာပြည်နေရာအနှံ့အတွက်စာအုပ်တွေ ပုသိမ်စာတိုက်ကနေ ဦးလေးဆိုင်က ကလေးတွေပို့ပါမယ်.
စာတိုက်ကနေ စာအုပ်တွေ ပို့တဲ့အချိန် ဖေ့ဘွတ်ကနေ ပြောပါမယ်. ခန့်မှန်းခြေ ဒီလကုန် သို့မဟုတ် နောက်လ ပထမအပတ်လို့ ခန့်မှန်းပါတယ်ရှင်.
ဒီနိုင်ငံ နဲ့ တစ်ခြားနိုင်ငံအတွက် စာအုပ်တွေ ပုသိမ်က ဦးလေးက ရန်ကုန်ကအဒေါ်ဆီပို့ ... အဒေါ်က စာအုပ်တွေကို courier service ကနေ မယ့်ဆီပို့ ... မယ်စာအုပ်တွေရရင် SingPost ကနေ ဒီနိုင်ငံ နဲ့ တစ်ခြားနိုင်ငံတွေကိုပို့ပါမယ်. မယ် SingPost ကနေ စာအုပ်တွေပို့မယ့်ရက်က မေလ ဒုတိယအပတ်လို့ ခန့်မှန်းပါတယ်.
ပုံနှိပ်တိုက်ကထုတ်ဝေ ... စာအုပ်ဆိုင်တွေဆီရောက်တာမဟုတ်ဘဲ ... ကိုယ့်ဘာသာစီစဉ် စာတိုက်ကနေ စာအုပ်တွေပို့ဖို့လုပ်တာ ကြန့်ကြာမှုရှိခဲ့လို့ မယ် အားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ်ရှင်.
မယ့်မှာ ကွန်မန့်တွေပြန်ဖို့အကြွေး ...
ဖရန့်တွေလက်ခံဖို့အကြွေးတွေရှိပါသေးတယ် ...
ဒီအကြွေးတွေကိုလည်း တဖြည်းဖြည်းဆပ်နေပါတယ် ...
တနင်္လာကနေ သောကြာကို ရုံးသွားတဲ့လမ်း နေ့လည်စာထမင်းစားချိန် ညနေရုံးပြန်လမ်း အိမ်ရောက်ပြီး မအိပ်ခင်အချိန်လေးတွေမှာ မယ့် ကိုယ်ရေးကိုယ်တာလေးတွေလုပ် စာရေး စာပြန်လေးတွေလုပ်ရပါတယ်. စနေ တနင်္ဂနွေက လူမှုရေး တွေဘာတွေရှိတော့ စာရေးခြင်းဘက် အချိန်ပြည့်မရှိခြင်းပါ.
ဘယ်လိုဘဲဖြစ်ဖြစ် ...
မယ့် လိုအပ်ချက်တွေရှိရင် ဒါတွေဟာ မယ့် အားနည်းချက်မို့ မေတ္တာဖြင့်ခွင့်လွှတ်နားလည်ပေးပါရန် အနူးအညွှတ်တောင်းပန်အပ်ပါသည်ရှင်.
အားလုံးကိုကျေးဇူးတင်ပါတယ်.
လေးစားချစ်ခင်စွာဖြင့်
PRADA, LV မကိုင်ဘူး ...
တစ်ဖျတ်ဖျတ်လက်အောင် စိန်တွေ မစီဘူး ...
ပိတ်နဲ့ချုပ်တဲ့ လက်ကိုင်အိတ်တွေ အမြဲကိုင်တယ်.
ပုလဲပုတီးလိုမျိုး ရိုးရိုးရှင်းရှင်း လက်ဝတ်လက်စားတွေ အမြဲဝတ်တယ်.
ဆံနွယ်ထက်မှာ စိန်ဘီး ရွှေဘီး မစီခြယ်ဘဲ ...
ပန်းလေးတွေကိုသာ အမြတ်တနိုးပန်ဆင်တယ်.
- ပွင့်ပွင့်လင်းလင်းပြောဆိုပါ။
မေအမြဲပြောပါတယ်။ RS တစ်ခုမှာ အရေးကြီးဆုံးက တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ ပါပဲ။ ကိုယ်ဘာကြိုက်တယ်၊ မကြိုက်ဘူး။ ဘာခွင့်ပြုတယ်၊ မပြုဘူး။ ဒါတွေဟာ အစောကြီးထဲက တစ်ယောက်နဲ့ တစ်ယောက် အသိပေးထားရမယ့် အရာတွေပဲဖြစ်ပါတယ်။ တစ်ခုခုလုပ်မယ်ဆိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြပြီးမှ လုပ်တာမျိုး၊ တိုင်ပင်ပြောဆိုပြီးမှ လုပ်တာမျိုး။
ဒါဆို တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပြောစရာမရှိတော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းရှိခြင်းက RS တစ်ခုကို ပိုပြီး လွယ်ကူစေတယ်။ ဒါမှ သူဘာလိုချင်တယ်၊ မလိုချင်ဘူး ဆိုတာကို သိထားမှာဖြစ်ပါတယ်။ ဒါဆိုရင် လုပ်ရကိုင်ရတာ ပိုအဆင်မပြေဘူးလား?
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
- ကိုယ့်ဘာသာကိုယ် ပျော်အောင် နေတတ်ပါ။
ချစ်သူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဘ၀အတွက် ဖေးမကူညီပြီး supporting လုပ်ပေးရပါတယ်။ သူ့ အတွက်ကြီးပဲ တစ်ဖက်သပ်လုံးဝလုပ်လို့ မရပါဘူး။ ဒါကြောင့် ကိုယ့်အတွက်လည်း ကိုယ်အချိန်ပေးဖို့ လိုတယ်။ ကိုယ့် အိပ်မက်တွေ၊ ကိုယ်ဝါသနာပါတာတွေ၊ ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာတွေကို လက်မလွှတ်လိုက်ပါနဲ့ ။ သူ့ အတွက်ကို အချိန်ပေးသလို ကိုယ့်ပျော်ရွှင်မှုတွေအတွက်လည်း ကိုယ်အချိန်ပေးသင့်တယ်။