နိမိတ်မြင်ခြင်း ခေါ် Deja Vu
အိမ်မှာ ထိုင်နေစဉ် တံခါးတစ်ယောက်ယောက် ခေါက်တော့မယ်လို့ ကြိုမြင်နေတယ်။ တကယ် ခေါက်လာတယ်။ ကိုယ့် အိမ်က ဘယ်သူက ဘယ်လို အသံပြုပြီး သွားဖွင့်မယ်ဆိုတာလဲ ကြိုကြား ကြိုမြင် နေရတယ်။ တကယ်လဲ ဒီလူက ဒီစကားနဲ့ အော်ဟစ်လို့ သွားဖွင့်တယ်။ တံခါးအနောက်မှာ ဘယ်သူရှိနေလဲ ဆိုတာပါ ကြိုသိနေခဲ့မယ်ဆိုရင် များသော အားဖြင့် ဒါကို အိပ်မက်ထဲမှာ မက်မိတယ်လို့ တန်းသိလိုက်တယ်။ အဲသလို ဖြစ်စဉ်မျိုးလေး လူ ၉၀ ရာခိုင်နှုန်း လောက် ကြုံတွေ့ ဖူးပါလိမ့်မယ်။
ဒါဟာ တကယ်တော့ Deja Vu အခြေအနေလို့ခေါ်ပါတယ်။ လေ့လာရင် ကျယ်ပြန့်နေမှာမို့ ကျွန်တော် လေ့လာပြီးသလောက်ကို စုပြီး ရေးပေးလိုက်ပါ့မယ်။ အဲ့ဒီကနေ ထပ်ချဲ့ လေ့လာကြည့်ပေါ့။ ဆေးပညာ လောကသား မဟုတ်လို့ ဝေါဟာရ တွေ တကယ်လို့ လွဲချော် နေခဲ့မယ် ဆိုရင် ပြင်ပေးကြ စေလို ပါတယ် ခင်ဗျား။
Deja Vu ဆိုတာ တကယ်တော့ ဦးနှောက် သညာ မှတ်သားတဲ့ အဆင့် ကလေး ကမောက်ကမ ဖြစ်ခြင်း အခြေအနေ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဖြစ်လေ့ရှိတာက မြင်ကွင်း နဲ့ သိခြင်း မှာ သိခြင်း က နောက်ကျ ကျန်နေ ခဲ့တာမျိုး ဖြစ်ပါတယ်။ ဒီတော့ အခုမြင်နေတဲ့ အရာဟာ စက္ကန့်ဝက် လောက် ခြားပြီးမှ သိလာတဲ့ သဘာဝပါ။
ဒါကို သိတဲ့ အချိန်မှာ တွေးမိတဲ့ အတွေး အနေနဲ့ အရင်က မြင်ဘူးသလို စမြင်တာပဲ ဖြစ်ပါတယ်။ တကယ်တော့ စက္ကန့်ဝက် လောက်ပဲ ခြားသွားတာ ဖြစ်ပါတယ်။
Deja Vu နဲ့ Euphoria နဲ့ ဖြစ်တဲ့ ပုံစံတူ ပါတယ်။ ဒီ ဦးနှောက်ထဲမှာ ရှိတဲ့ မှတ်ဉာဏ် သိမ်းဆည်း တဲ့ ကဏ္ဍလေး ကမောက်ကမ ဖြစ်သွားချိန်မှာ ခံစားမှုတွေ အားလုံးက Euphoria နဲ့ ပုံစံတူ သွားပါတယ်။
ယူဖိုးရီးယား ဖြစ်ပေါ်လာရင် သိနိုင်တဲ့ လက္ခဏာတွေကတော့ စိတ်အပြင်းအထန် လှုပ်ရှားနေပေမယ့် လူက ငြိမ်သက် နေတယ်။
အရာရာကို သိနေပြီးတော့ ကြောက်ခြင်း သို့မဟုတ် ပျော်ခြင်းက ဒီလူကို အလွန့်ကို လွှမ်းမိုးနေမယ်။ဒီ့ထက်ပိုလာရင် ပါးတွေပူလာမယ် နားတွေပူလာမယ်။
ဘယ်လိုပဲ ရုပ်က အဖြစ်အပျက်ကြီးက ပုံပြောင်းသွားပါစေ စိတ်က အကုန်လုံးကို ဒါ တကယ် ဖြစ်နေတာမှ ဟုတ်ရဲ့လားဆိုတဲ့ အတွေးနဲ့ စူးစမ်းနေလေ့ရှိတယ်။
ဥပမာ – မူးယစ်ဆေးသုံးနေတုန်း ရဲဝင်ဖမ်းခံရချိန်မျိုး.. ကြက်သေသေတယ်လို့ လဲ ပြောတတ်သလို မင်သက်မိတယ်လို့လဲ သုံးလေ့ရှိပါတယ်။ ဒါ ဒေဂျာဗူး ရဲ့ လက္ခဏာပါပဲ။
ဘာမှ ကြိုတင်သိထားခဲ့ ခြင်း မဟုတ်သလို ဘာဉာဏ်မှလဲ မဟုတ်။ စက္ကန့်ဝက်တောင် ကိုယ့်အသိက နောက်ကျနေခြင်း ဖြစ်တဲ့ အတွက် ခဏခဏ ဖြစ်ပါများရင် ဆေးကုသမှု ခံယူသင့်ပါတယ်။
အဲ့သည်ဖြစ်စဉ် ဖြစ်လိုက်တဲ့ အခြေအနေမှာ သတိထားမိလား တော့ မသိ ဘူး။ လူက အဲ့စိတ်ပဲရှိတော့တယ်။ ကျန်တာ မတွေးတော့ဘူးလေ။ အဲ့ဒါ က ယူဖိုးရီးယားနဲ့တူတာလေးဗျ။ပြီးတော့ အခုဖြစ်နေတာမှ ဟုတ်ရဲ့လားဆိုတဲ့ အတွေးကလဲ ယူဖိုးရီးယား ဆန်တာပဲ။
ဒေဂျာဗူးရဲ့သီးသန့် လက္ခဏာက အသိနဲ့ သတိ timing လွဲခြင်းပဲဗျ။ ဥပမာ ထပ်ပြရရင် တီဗီ ၂ လုံးဗျာ ဘေးချင်းကပ်လျက် အခန်း ၂ ခုကနေ ဖွင့်နေချိန်.. တစ်လိုင်းက စောနေတယ်။
ဒီစောလာနေတဲ့ တီဗီက အသံကို ကိုယ်က ကြားနေရပြီးတော့ ကိုယ့်တီဗီက နောက်ကျနေတယ်။ ဒီတော့ ကြည့်နေတဲ့အချိန်တလျှောက် အနာဂတ်လေးကို သိနေတယ်။
အဲ့သဘောက တီဗီ ၂ ခုလို ခွဲထွက်မနေပဲ ကိုယ့်စိတ်ထဲမှာ တပေါင်းထဲလို ဖြစ်လာတဲ့အခါ ဦးနှောက်က စပြီးတော့ malfunction ဖြစ်လာတယ်။
ယုတ္တိမရှိတဲ့အမြင်တွေရယ် ယူဆချက်တွေရယ်ကို ဘေးထုတ်ပစ်တယ်။ ယုတ္တိမရှိတာတွေ ထုတ်ပေမယ့် ကိုယ့်အတိတ်မှာလဲ တကယ် ဒီ ဖြစ်စဉ် မရှိနေဘူး။ ပြီးတော့ တကယ်လဲ မြင်နေတယ်။
ဒီအခါ အနီးစပ်ဆုံး အိပ်မက်ဆိုတာကို ဦးနှောက်က အပြစ်ပုံချလိုက်တာပဲ။ အိမ်မက်ပဲကွလို့ ဆုံးဖြတ်ချက် ချလိုက်တဲ့ အချိန်သည် ဦးနှောက်သညာ အသစ်ပြင်ရေးခြင်း ဖြစ်စဉ် ဖြစ်လာတယ်။
ဒါကိုကျတော့ Memory Reconsiliation ဖြစ်စဉ်လို့ ခေါ်တယ်လို့ ဖတ်ဖူးတယ်။ ဦးနှောက် ရဲ့ စေခိုင်းချက်ကြောင့် အတိတ်ကဖြစ်စဉ်ကို အတုအယောင် ရေးသားလိုက်ခြင်းပဲ။
Credit to မှတ်စုကြမ်း( kyawnge)