နင် နေပူနေရင်
ငါ ကအပူခံပြီး ထီးမိုးပေးချင်သူပါ
နင် ဝမ်းနည်းနေရင်
ငါက ရင်အနာခံပြီး ဖြေသိမ့်ပေးချင်သူပါ
နင် ပျော်နေရင်
ငါက ရင်ထဲကဝမ်းနည်းစရာတွေမေ့ပြီး
နင်နဲ့အတူ ပျော်နေချင်သူပါ
နင်လိုအပ်ရင်
ငါက ဖြစ်ချင်တာတွေမေ့ပြီး
ဖြည့်ဆည်း ပေးချင်နေသူပါ
နင် မလိုအပ်တော့ရင်
ငါက နာကျင်မှုတွေ ဖုံးဖိရင်း
ပြုံးပြုံးလေးနဲ့ ကျန်နေခဲ့ချင်သူပါ
အချစ်ဆိုတာက
လူတစ်ယောက်ကို များစွာပြောင်းလဲလာစေနိုင်သလို
နူးညံ့သိမ်မွေ့လာစေတယ်
တကယ်မှ ချစ်တတ်လာရင်တော့
တကယ်ကိုနားလည်မှုပေးတတ်လာပြီး
ကိုယ်ဆိုတာထက် "သူ”ဆိုတာက
ပိုပြီးအရေးကြီးလာတာ သဘာဝပါပဲ