အိမ္ကဇနီး သို့မဟုတ် ခင်ပွန်းဟာ ကိုယ်မေတ္တာရှိလို့ ရွေးချယ်ပေါင်းသင်းခဲ့တာဆို အဲဒီရှိရင်းစွဲမေတ္တာတွေ တိုးပွားလာအောင် မလုပ်နိုင်ရင်တောင်မှ လျော့ပါးမသွားအောင်တော့ ထိန်းသိမ်းသင့်တယ်။ ကိုယ့်ဇနီးကလွဲရင် တခြားမိန်းမတွေက ပိုလွ ၊ ပိုတော် ၊ ပိုကောင်းတယ်ဆိုတဲ့စိတ်ဝင်လာရင် ၊ ပေါင်းသင်းနေတဲ့ အမျိုးသားကလွဲရင် တခြားအမျိုးသားတွေ ၊ တခြားအိမ်ထောင်ဦးစီးတွေက ပိုအရည်အချင်းရှိပြီး ပိုတော်တယ်လို့ အထင်ကြီးနေရင် ကိုယ့်အိမ်ထောင်ဘက်အပေါ် အထင်သေးစိတ်တွေ တိုးပွားလာဖို့ပဲ ရွိတာပါ။