ဆေးအသုံးပြုရန်ရောဂါ
တရုတ်တိုင်းရင်းဆေးမှ ထုတ်ဖော်ရရှိသော ငှက်ဖျားရောဂါပိုးအမျိုးမျိုးကို နှိမနင်းနိုင်သော ငှက်ဖျားရောဂါဆေးတစ်မျိုးဖြစ်ပါသည်။ဆေးယဉ်ပါးနေသော ငှက်ဖျားရောဂါများ၊အလွန်ပြင်ထန်သော ငှက်ဖျားရောဂါ၊ငှက်ဖျားရောဂါအမျိုးမျိုးတို့တွင် အသုံးပြုသောဆေးတစ်လက်ဖြစ်ပါသည်။ပြင်းထန်သောငှက်ဖျားပိုးကို လျှင်မြန်ထိရောက်စွာ သေနိုင်စွမ်းရှိသော အာနိသင်ရှိ ဆေးတစ်မျိုးဖြစ်ပါသည်။အထူးသဖြင့် အခြားငှက်ဖျားဆေးများမတိုးသော ငှက်ဖျားရောဂါများအတွက် Artesunate ဆေးကို အသုံးပြုပါသည်။Quinine ဆေးမတိုးခဲ့လျှင်လည်း Artesunate ဆေးကို အသုံးပြုနိုင်ပါသည်။
ဆေးအသုံးပြုပုံလမ်းညွှန်
အချို့သောဆေးများမတိုး၍ အလွန်ပြင်းထန်သော ငှက်ဖျားရောဂါများတွင် အကြောထိုးဆေးအဖြစ်အသုံးပြုနိုင်ရန် ထုတ်လုပ်ထားပါသည်။ထို့အပြင် အသားထိုးဆေးအဖြစ်လဲ အသုံးပြုနိုင်ရန်လည်း ထုတ်လုပ်ထားပါသည်။
Artesunate ငှက်ဖျားဆေးကို စားဆေးအဖြစ်လဲ ထုတ်လုပ်ထားပါသည်။ စားဆေးအဖြစ် အသုံးပြုလျှင် 200mg တစ်ကြိမ် ပထမနေ့တွင် သောက်ပေးရပါ
မည်။ 100mg နှစ်ကြိမ် သောက်လျှင်လဲ သောက်နိုင်ပါသည်။
နောက်နေ့ရက်များမှာတော့ Artesunate စားဆေးကို 100mg တစ်နေ့တစ်ကြိမ် သောက်ပေးရပါမည်။သောက်ပေးရပါမည်။စားဆေး50mg ကိုတော့ နောက်ရက်များမှာ တစ်နေ့နှစ်ကြိမ် လေးရက်အထိသောက်သုံးပေးရပါမည်။ဆေးသောက်ရမည့် ကြိမ်ရေစုစုပေါင်း ငါးရက်တွင် 600mg သောက်ရပါမည်။
တိုက်နယ်ဆေးရုံ၊ကျန်းမာရေးဌာနခွဲများနှင့် အထူးကုဆေးခန်း များတွင်သာ အသုံးပြုသင့်သော ဆေးဖြစ်ပါသည်။
ဘေးထွက်ဆိုးကျိုးများ
သွေးဖြူဥ၊သွေးနီဥနည်းခြင်းများဖြစ်နိုင်သည်။သို့သော်လည်း ဖြစ်နိုင်ခြေအလွန်နည်းပါးပါသည်။
သတိပြုရန်အချက်များ
ကျောက်ကပ်၊အသည်း၊နှလုံးရောဂါနှင့်အစာအိမ်ရောရှိသူများ ဆေးအသုံးပြုမှု သတိထားရပေမည်။ဆေးမတည့်သူများ၊ကလေးများနှင့်ကိုယ်ဝန်ဆောင်သည်များ အသုံးမပြုသင့်ပေ။လိုအပ်လျှင်ရောဂါအခြေအနေအပေမူတည်ပြီး ဆုံးဖြတ်ချက်ချ၍ အသုံးပြုသင့်ပေသည်။
Artesunateငှက်ဖျားဆေးကို အနည်းဆုံးဆေးကုသမှု ငါးရက်အထိခံယူရပါမည်။သတ်မှတ်ရက်မပြည့်ပဲ ရပ်လိုက်မည်ဆိုပါက ငှက်ဖျားပိုးသေသွားခြင်းမရှိပဲ ရောဂါပြန်ဝင်လာနိုင်ပြီး နောင်တွင်ထိုဆေးမတိုးနိုင်တော့ပါ။
Photo:Credit
ဆေးပညာဗဟုသုတအဖြစ်ပြန်လည်မျှဝေပေးလိုပါတယ်ဗျာ