တိသ သည် လမ်းခရီးမှာ တွေ့ဆုံရသော ရဟန်းတော်အားဆွမ်းကပ်ပြီး နောက် တွင် အပြန်လမ်းခရီးမှာ ရဟန်တော် နှင့်အတူပြန်ခဲ့သည်။ လမ်းတွင် ရဟန်းက ဆွမ်းကို မည်သို့ ရခဲ့ သနည်းဟု မေးလျင်
"မိမိ ၏ သမီးကို ရွာသူဌေးအိမ်မှာ ပေါင်ထားပါတယ် အရှင်ဘုရား တပည့်တော် ၏ သမီးအား ပြန်ရွေးရန် ၆လတိတိ ရှာထားခဲ့သော အသပြာ ၅၀၀ ဖြင့်ဝယ်ခဲ့ရပါတယ် ဘုရား"
အကျိုးအကြောင်းကို ရှင်းပြလေသောအခါတွင် ရဟန်းတော် ကအလွန်ပင် စိတ်မကောင်းဖြစ်ရလေသည် ။မောင်တိသ သဒ္ဒါ တရားအလွန်ထက်သန်သောသူဖြစ်ကြောင်း မှတ်၍ထားသည်။
" ရှားပါမြင့်မြတ်သော သော သဒ္ဒါ တရားပြည့်စုံသောယောက်ျားဖြစ်ပေသည် ငါ အကျိုးဖြစ်အောင် ကူညီမှဖြစ့တော့မည်"ဟုကြံဆလေသည်
လမ်းခွဲတစ်ခု ရောက်လျင် တိ ဿ သည် မိမိရွာဘက်သို့ပြန်သည်။ရဟန်းတော်သည် မင်းနေပြည်တော် အရပ်သို့ ကြွမြန်းလေသည် ။ရဟန်းတော် သည် နေပြည်တော်သို့ရောက်လေ သော် မင်းကိုးကွယ် သော ကျောင်း သင်္ခန်းတွင် တည်းခိုသည်။ မင်းကိုးကွယ်သော် ကျောင်းမှ ဘုန်းကြီး ဟာ ဤရဟန်းတော် အသွင်အပြင် လက္ခဏာ သည်
" မြင့်မြတ်တည်ကြည် ၍ အကျင့်မြတ်သော ရဟန်းဖြစ်ပေသည်" ဆိုကာ
ကျောင်း၌ နေရာထိုင် ခင်းပေး၍တည်းစေသည်။
ရဟန်းတော် သည် ကျောင်းတွင် ခေတ္တခဏ နားပြီ ညဥ့်သုံးယံ ပတ်လို ကမ္မဌာန်းတရားကို ကြိုးစားအားထုတ်သည်အာရုဏ် မတက် မှီ အရဟတ္တဖိုလ် ဆိုက်ရောက်၍ ရဟန္တာ ဖြစ်လေသည်။ အာရုဏ်တက်ချိန်ရောက် သော အခါ မင်းဆရာတော်အားခေါ် ၍
"ငါ့ရှင် ငါသည် သက်တမ်းကုန်ပြီဖြစ်တာကြောင့် ပရိနိဗ္ဗာန်ပြုတော့မည်"ဟူပြောပြီး လို အပ်လျင်
"ငါ၏ ဒကာ တိ ဿ ကိုခေါ်ပါ" ဟုမှာကြားကာ တိသ ၏နေရပ်လိပ်စာနှင့် ဇနီးသည် အမည်နှင့် သမီး အမည်တို့ပြောပြ ပြီ ပရိနိဗ္ဗာန် စံဝင်လေသည်။
မင်းဆရာတော် သည် ကျောင်းတွင် ရဟန္တာ မြတ် ပရိနိဗ္ဗာန် ပြုကြောင်းကို မင်းအားအကြောင်းကြာလေသည်။
မင်း သည် မူမတ်ဗိုလ်ပါတို့ ခြံရံကာ ကျောင်းသို့ရောက်လာလေသည်။ မင်းသည် တင့်တယ်သော ကြာကလာပ်တော်ကို ပြုလုပ်၍ ရဟန္တာ မြတ်အားတင်မည် ပြုသော် မ,၍မရ ကျောက်တိုင်းကဲ့သို့ တည်နေလေသည်။
ထိုအခါ မင်းဆရာတော် သည်
" လိုအပ် ငါ့ ဒကာ တိသ အားခေါ်ပါ"
ဟူသောစကားကို မှတ်ရ၍ မင်းအား ပြောပြ ပြီ တိ ဿ အားခေါ်လေသည်။ တိသ သည် ရဟန္တာ အားတွေ့လျင် ဝမ်းနည်းစွာပင်ငိုကြွေလေသည်။ထို့နောက် ရဟန္တာ မြတ်၏ရုပ်ကလာပ်အား မ,စေသည် မကြွ ပေ အသပြာ၁ထောင်ပေးမည် ဟုပြောလေလျင် တိသ ကလက်ဖြစ်ကိုင်ရုံမျှဖြင့် လက်တစ်ထွာလောက်ကြွတက်လေသည်။ နောက်တစ်ကြမ် ထပ်၍မသော် မကြွပဲရှိလေ၏ နောက်တစ်ခါ အသပြာ၁ထောင်ထပ် ၍ပေးလျင် နောက်ထပ် တစ်ထွာထပ်၍ကြွလေသည် ။နောက်တစ်ကြမ်တွင်မကြွ ပဲရှိပြန်သော် အသပြာ ပေးပြီးမ,ခိုင်းမှ သာလျင်ကြွ၏။
နောက်ဆုံးတွင် တိသ အသပြာ သုံးကုဋေနှင့် ခြောက်သန်းရရှိပြီ ချမ်းသာသောသူဌေးကြီးဖြစ်သွားလေသည်။ သဒ္ဒါ ထက်သန်သော ဆွမ်းတစ်နပ်၏ ဒါနအကျိုးပင်ဖြစ်ပါသည်။
End
@အညာသားလေး
HFS