Hello friends.
There are many kinds of animals living around my house.
Lizards, birds, frogs, and insects are all around my house.
One day, a snake came in.
It was not a deadly snake, but it was looking for food.
One day, a turtle came in.
I caught the baby turtle and took it to the pond and released it.
Crows and sparrows always come.
Lizards live on the fence.
There are small house-lizards all over the house.
I can hear the sound of crickets and the chirping of birds.
I can also hear the sounds of birds.
Since the house is so peaceful, I think that these animals come to live there, so I don’t bother them.
I will take pictures of the animals around my house and show them.
Today I will introduce you to the Cicada.
I have never seen a cicada in the outside world before.
I have heard the cicada's sounds from time to time.
The other day, I saw the cicada chirping on the wood-apple tree in front of my house.
When the cicada chirped, their abdomen and anus vibrated.
So I thought the sound of the cicada chirping came from the anus.
https://vt.tiktok.com/ZSxSKX4hh/
Have you ever seen a cicada?
Where does the cicada's roar come from?
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ကျွန်တော်၏ အိမ်ပတ်ဝန်းကျင်၌ သတ္တဝါမျိုးစုံ ကျက်စားနေထိုင်နေကြသည်။
ပုတ်သင်၊ ငှက်၊ ဖား နှင့် အင်းဆက်မျိုးစုံ အိမ်ပတ်ဝန်းကျင်၌ ရှိနေတတ်ကြသည်။
တစ်နေ့က မြွေ ဝင်လာခဲ့သည်။
လူကို သေစေသော မြွေမျိုး မဟုတ်ဘဲ အစာရှာရင်း ရောက်လာခြင်း ဖြစ်သည်။
တစ်နေ့က လိပ် ဝင်လာခဲ့သည်။
လိပ်ကလေးကို ဖမ်းဆီးကာ ရေကန် ဆီသို့ သွားပြီး လွှတ်ပေးခဲ့သည်။
ကျီးငှက် နှင့် စာငှက်လေးတွေ အမြဲ လာနေတတ်ကြသည်။
ပုတ်သင်ကောင်တွေက ခြံစည်းရိုးပေါ် နေထိုင်လျက်ရှိကြသည်။
အိမ်နေရာ အနှံ့ အိမ်မြောင်လေးတွေ ရှိကြသည်။
ပုရစ်သံ၊ ပုစဥ်းရင်ကွဲသံတွေလည်း ကြားနေရသည်။
ငှက်ကလေးတွေ၏ အသံတွေကိုလည်း စုံနေအောင် ကြားနေရသည်။
အိမ်ဝန်းကျင် အေးမြသာယာသောကြောင့် ထိုသတ္တဝါလေးတွေ လာရောက် နေထိုင်ကြသည်ဟု ယူဆကာ ၎င်းတို့ကို ကျွန်တော်တို့က ရန်မပြုကြပါ။
ကျွန်တော်၏ အိမ်ပတ်ဝန်းကျင်ရှိ သတ္တဝါလေးတွေကို ဓာတ်ပုံရိုက်ကာ ဖော်ပြပေးပါဦးမည်။
ယနေ့တော့ ပုစဥ်းရင်ကွဲလေးတွေကို ဖော်ပြပေးလိုက်ပါသည်။
ယခင်က ကျွန်တော်သည် ပုစဥ်းရင်ကွဲကို အပြင်လောက၌ မမြင်ဖူးခဲ့ပါ။
ပုစဥ်းရင်ကွဲ အော်သံကိုတော့ ခဏခဏ ကြားဖူးပါသည်။
ယခင်နေ့ကတော့ ကျွန်တော်၏ အိမ်ရှေ့ရှိ သီးပင် ၌ ကပ်ကာ အော်မြည်နေသော ပုစဥ်းရင်ကွဲကောင်တွေကို မြင်တွေ့ခဲ့ရသည်။
ပုစဥ်းရင်ကွဲသည် အော်မြည်သောအခါ ၎င်း၏ ဝမ်းဗိုက်နှင့်စအို အပိုင်းသည် လှုပ်ခါနေပါသည်။
ဒီတော့ ပုစဥ်းရင်ကွဲ၏ အသံသည် စအိုက ထွက်သည်ဟုပင် ထင်မြင်မိပါသည်။
မိတ်ဆွေတို့ကော ပုစဥ်းရင်ကွဲကောင်ကို မြင်ဖူးကြပါသလား။
ပုစဥ်းရင်ကွဲ အော်မြည်သံသည် ဘယ်ကလာပါသလဲ။