Hello.
There is no tire in the among of the forest.
There are no strange sights like in the city, but the nature of the countryside is peaceful.
It's been a new year, but I'm still living and working normally just like the old year.
I go to the villages regularly.
Winter has become too cold.
The lakes formed during the rainy season have started to dry up.
Come summer, this lakes will no longer have water.
I saw the herons in the lake, which was already low, and took a photo.
Reflections of herons can also be seen in the water.
The herons must be calmly waiting for food from the water.
When I took a picture of them, two herons flew away.
I go to the villages for work, and I am happy to see such natural scenery.
The natural scenery is helping to make my future beautiful.
Thank you, natural scenery.
Burmese Language,
မင်္ဂလာပါ။
တောအလယ် မောတယ် မရှိပါဘူး။
မြို့ပြမှာကဲ့သို့ အမြင်ဆန်းတာတွေ မရှိပေမယ့် ကျေးလက်သဘာဝက သာသာယာယာပါ။
နှစ်သစ်ကို ကူးပြောင်းခဲ့ပြီ ဆိုပေမယ့် ကျွန်တော်ကတော့ နှစ်ဟောင်းကဲ့သို့သာ ပုံမှန် သွားလာ လုပ်ကိုင်နေထိုင်စမြဲပါ။
သွားနေကြ ကျေးရွာတွေ ဆီသို့လည်း ပုံမှန်ရောက်ဖြစ်ပါတယ်။
ဆောင်းရာသီက အတော် အေးလွန်းလာခဲ့ပါပြီ။
မိုးရာသီက ဖြစ်ပေါ်ခဲ့သော ရေအိုင်တို့သည် ရေခမ်းခြောက်စပြုလာပါပြီ။
နွေရာသီ ရောက်လျှင်တော့ ဒီရေအိုင်တွေမှာ ရေမရှိနိုင်တော့ပါဘူး။
ရေနည်းနေပြီဖြစ်သော ရေအိုင်ထဲမှာ ဗျိုင်းငှက်တွေကို တွေ့မြင်ရတာနဲ့ ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။
ဗျိုင်းငှက်တွေ၏ အလင်းပြန်ပုံရိပ်တွေကိုလည်း ရေပြင်မှာ မြင်နေရပါတယ်။
ဗျိုင်းငှက်တွေဟာ ရေထဲက အစာကို တည်ငြိမ်စွာ စောင့်မျှော်ကြည့်နေကြတာ ဖြစ်မည်။
ကျွန်တော် သူတို့ကို ဓာတ်ပုံရိုက်ယူလိုက်တော့ ဗျိုင်းနှစ်ကောင် ထပျံသွားကြပါတယ်။
ကျွန်တော်က အလုပ်ဖြင့် ကျေးရွာတွေဆီ သွားရင်း ယခုကဲ့သို့ သဘာဝရှုခင်းတွေ ရှုစားရတာ ပျော်နေမိပါတယ်။
သဘာဝရှုခင်းတွေက ကျွန်တော်၏ အနာဂတ် လှပဖို့ အထောက်အကူပြုနေတာပါ။
ကျေးဇူးပါ သဘာဝရှုခင်းတွေ။