Hello.
I did not go anywhere in the cold today.
It will not go anywhere in the hot sun.
Wouldn't it be safe to stay home during the Covid-19 epidemic?
I came up with the idea of posting on the HIVE Blockchain at home.
As I am not a writer, I am not good at writing.
Even if I can't post again, I may be worried that my future dream of Crypto will not come true.
At that time, I saw birds coming to the yard to collect food.
That's why I'm posting bird pictures for Feathered Friends.
I do not know the names of these birds because I am not a bird expert.
Do you know?
Can you name the little bird with the white stripe in black?
When I have a lot of free time and after the end of the Covid-19 pandemic, I would like to go on a bird watching trip to visit bird-infested areas.
Tin Aung Soe
[Burmese]
မင်္ဂလာပါ။
ဒီနေ့ မိုးအေးအေးနဲ့ ဘယ်ကိုမှ မသွားဖြစ်ပါဘူး။
နေပူရင်လည်း ဘယ်မှ သွားမှာ မဟုတ်ပါဘူး။
Covid-19 ကပ်ရောဂါ ဖြစ်ပွားနေဆဲကာလမှာ အိမ်မှာပဲ နေထိုင်တာက စိတ်ချလုံခြုံရမယ် မဟုတ်လား။
အိမ်မှာနေရင်း HIVE Blockchain မှာ Post တင်နိုင်အောင် ကြံစည်စိတ်ကူးရပါတယ်။
ကျွန်တော်သည် စာရေးဆရာတစ်ယောက် မဟုတ်လေတော့ စာအရေးအသား မကျွမ်းကျင်ပါဘူး။
Post မတင်နိုင်ပြန်ရင်လည်း အနာဂတ် မျှော်လင့်ချက် Crypto အိပ်မက်လေး မဖြစ်မြောက်မှာ စိုးရိမ်ရပါတယ်။
ထိုအချိန် အိမ်ဝင်းထဲသို့ ငှက်ကလေးတွေ အစာ လာကောက်ကြတာ မြင်ခဲ့ရပါတယ်။
ဒီတော့လည်း Feathered Friends တွေ အတွက် ငှက်ပုံလေးတွေ Post ဖို့ ဖြစ်လာတာပေါ့။
ကျွန်တော်သည် ငှက်မျိုးစိတ် ကျွမ်းကျင်သူ မဟုတ်လေတော့ ဒီငှက်လေးတွေ၏ အမည်ကို မသိပါဘူး။
မိတ်ဆွေတို့ရော သိကြပါသလား။
အမဲရောင်ထဲမှာ အဖြူစင်းနှင့် ငှက်ကလေး၏ အမည်ကို ပြောပြနိုင်မလား။
အားလပ်ချိန်များ ရတဲ့အခါ၊ Covid-19 ကပ်ကြီး ပြီးဆုံးသွားတဲ့အခါ ငှက်တွေ ပေါများတဲ့ နေရာဒေသတွေသို့ အလည်အပတ်သွားရင်း ငှက်ကြည့်ခရီးလေး ထွက်ချင်ပါသေးဗျာ။
တင်အောင်စိုး