Hello Managers
Season 95 is ended. I got 0.169 Hive for seasonal reward. Thanks Rabona. Season is ended and Stadium upgrade is also ended. All of my stadium parts have been reached maximum level 15.
I check my Team after Season ended. I release 2 players from my Team. I wish them good luck and get successful at new Team. I renewal the contract of 2 players and I also scout 2 players (both Midfielders). Now my Team has 22 players. 3 Goal Keeper, 8 Defenders, 8 Midfielders and 3 Attackers. Team overall skill is 62 points.
Let prepare for new Season 96.
Good luck Managers
See you next post
မင်္ဂလာပါ မန်နေဂျာတို့
ရာသီ 95 ကတော့ ပြီးသွားခဲ့လို့ ရာသီ 96 စတင်နေပါပြီ။ ရာသီ 95 reward အဖြစ် 0.169 Hive ရရှိပါတယ်။ ရာသီ သစ် အတွက် ပြင်ဆင်ရပါတော့မယ်။ မနေ့က ရာသီ ပြီးလျှင် ပြီးချင်း အသင်းက ကစားသမားတွေကို သွား စစ်ဆေး ဖြစ်ပါတယ်။
စာချုပ် သက်တမ်း တိုးသင့်တဲ့ ကစားသမားတွေကို တိုးပြီး ထွက်ခွာခွင့် ပြုရမယ့် ကစားသမားတွေကို ထွက်ခွာခွင့် ပြုခဲ့ပါတယ်။ ကင်းထောက် ကနေ တဆင့် လူငယ် ကစားသမားလေး ၂ ယောက် ခေါ်ယူနိုင်ခဲ့ပါတယ်။ ၂ ယောက်လုံးက အလယ်တန်း ကစားသမားတွေ ပါ။ လက်ရှိ အသင်းမှာ ကစားသမား ၂၂ ယောက် ရှိပါတယ်။ ဂိုးသမား ၃ ယောက်၊ နောက်တန်း ၈ ယောက်၊ အလယ်တန်း ၈ ယောက်နဲ့ တိုက်စစ် ၃ ယောက်ပဲ ဖြစ်ပါတယ်။ အချို့ ကစားသမားတွေကို မရောင်း တင်ထားပေမယ့် ခုထိတော့ လာဝယ်သူ မရှိသေးပါဘူး။
ကျနော် ကိုယ်တိုင်လည်း ကစားသမား ရှာဖွေမှုမှာ ကင်းထောက်လုပ်ခြင်း ကနေပဲ ခေါ်ယူတာ များနေပါတယ်။ လစာ သက်သာတာကိုး။ ဒါပေမယ့် ဒါကလည်း ပထမဆုံး စာချုပ် ချုပ်ချိန်မလို့ပါ။ နောက်ထပ် စာချုပ် ထပ်ချုပ် ဖြစ်တဲ့အခါမှာတော့ လစာက အဆများစွာ ခုန်တက်သွားလေ့ ရှိပါတယ်။
Stadium တွေ အားလုံး upgrade လုပ်ပြီးသွားခဲ့ပြီမို့ ကစားသမားပိုင်းဖက်ကို ပိုပြီး အာရုံစိုက်လို့ ရပြီပေါ့။ ကဲ ရာသီ သစ် အတွက် ကြိုးစား လိုက်ရအောင်။
အားလုံးပဲ ကံကောင်းကြပါစေ
နောက်ပိုစ့်တွေမှာ တွေ့ကြတာပေါ့