photo from Manchester United Facebook Page
Hello
Nice to meet you all. How about you. I hope and wish you both healthy and richly.
After Premier League Week 16 is ended Champion League is back again. Tomorrow and the day after tomorrow there will play final group state matches. Tomorrow early morning 12:15 AM and 2:30 AM (GMT+6:30) final group state matches of Group A, B, C, D will play.
Group A (2:30 AM), FC Kobenhavn vs Galatasaray and Manchester United vs Bayern Munich. Bayern Munich already attempted to knock out state. For Man United their Champion League next state dream is depending on FC Kobenhavn vs Galatasaray match result even they win Bayern Munich. But current situation United can't win the Bayern Munich. But we will play at Old Trafford. Let wish good luck for our United.
Group B (12:15 AM), Lens vs Sevilla and PSV Eindhoven vs Arsenal. Arsenal already attempted to knock out state. I think PSV will get the second place and Sevilla will down to UEFA Europa League.
Group C (2:30 AM), Napoli vs Braga and Union Berlin vs Real Madrid. Real Madrid already attempted to knock out state with solid pts (5 matches, 5 win, 15 pts). If they win final match they will get 18 pts. Napoli has more chances than Braga to attempt knockout state.
Group D (2:30 AM), Inter Milan vs Real Sociedad and Salzburg vs Benfica. In this group Real Sociedad and Inter Milan already attempted to knock out state.
The rest groups (E, F, G, H) will play the day after tomorrow. Let see can United pass group state.
ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အပြီး နက်ဖြန် မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် ပွဲစဉ်တွေ ကစားသွားဖို့ ရှိနေပါတယ်။ ယူနိုက်တက်တို့ ရှုံးထွက် အဆင့် တက်မတက် ဆိုတာ မကြာခင် သိရပါတော့မယ်။ မျှော်လင့်ချက် အနေဖြင့် ခပ်ရေးရေးသာ ရှိပေမယ့်လည်း မရဲတရဲလေးတော့ မျှော်လင့် နေမိပါရဲ့။ မိမိ တကိုယ်တော် အမြင်အရတော့ နောက်တဆင့်မှ မတက်ရင်လည်း ယူရိုပါလိဂ်တွေ ဘာတွေ ဆင်းပြီး သွား မကန်စေချင်တော့ဘူးရယ်။ ချန်ပီယံလိဂ်မှာလည်း စိတ်ဒုက္ခ အတော်လေး ပေးထားခဲ့ ပြီးပြီကိုး။
တော်နေကြာ ယူရိုပါလိဂ်မှာပါ ဆက်ပြီး စိတ်ဒုက္ခ ပေးနေဦးမယ်။ ယခု ဘိုင်ယန်နဲ့ အုပ်စု နောက်ဆုံးပွဲက အသင်း အတွက် တကယ့်ကို သေရေး ရှင်ရေးပါပဲ။ တချို့ အသင်းတွေ အုပ်စု ပွဲစဉ် ၄ ပွဲ ကစားပြီးတာနဲ့ နောက်တဆင့် တက်လှမ်းခွင့် ရနေချိန်မှာ ယူနိုက်တက်တို့ အနေနဲ့ အုပ်စု နောက်ဆုံးပွဲထိ ရုန်းကန် နေရပါတယ်။ နယူးကာဆယ်လို အုပ်စုကြပ်ထဲ ကျရောက်နေရင်တော့ ထားပါ။ ခုဟာက ကိုယ့် သမိုင်းကြောင်း အစဉ်အလာကြီးကိုမှ အားမနာ။
ဘိုင်ယန်ကို နိုင်ဖို့ မလွယ်လှပေမယ့် အိမ်ကွင်းဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဘယ်လောက်ထိ လုပ်ပြ နိုင်မလဲ စောင့်ကြည့်ကြတာပေါ့။ ပြောကောင်း ပြောကောင်း ကိုယ်က ဘိုင်ယန်ကို နိုင်ခဲ့ရင်တောင် ကိုဟေပင်နဲ့ ဂါတာလာစာရေးတို့ရဲ့ ပွဲ ရလဒ်ကို ကြည့်ရဦးမှာ။ သူတို့ သရေကျမှ ကိုယ်တွေက နောက်တဆင့် တက်မှာ။ သူတို့ နှစ်သင်းမှာ တသင်းသင်းသာ နိုင်သွားရင် ကိုယ်တွေက ဘိုင်ယန်ကို နိုင်လည်း နောက်တဆင့် မတက်တော့ဘူးရယ်။ ဒါပေမယ့် ယူရိုပါလိဂ်တော့ ကန်ခွင့်ရဦး မပေါ့လေ။ ယူရိုပါလိဂ် ဆင်းပြီး အသင်း ပရိတ်သတ်တွေကို စိတ်ကင်ဆာ ဆက်ပေးကြပါဦးပေါ့။
ဘာပဲ ပြောပြော ယူနိုက်တက်ရေ အကောင်းဆုံး ကြိုးစားပါ၊ အားပေးနေပါတယ်လို့ ပြောရင်း အုပ်စု နောက်ဆုံးပွဲကို ရင်ခုန်စွာ စောင့်မျှော် ကြည့်ရှုလိုက်ရအောင်။