Last full moon day, we visited the Maha Myat Muni Buddha, Myanmar's most famous and powerful Buddha, located in Mandalay.
Flower Pagoda
Some of the religious buildings inside the pagoda were destroyed by the earthquake.
So, it is not possible to stay under the pagoda for a long time as the damaged buildings are still being repaired.
However, many pilgrims are worshipping in front of the pagoda.
Fruit Pagoda
Our family also worshipped and took some memorable photos of our daughter.
These memorable photos of the pilgrimage were taken with a phone camera on the left side of the Buddha's face.
Food Pagoda and Golden Paper umbrella Pagoda
A temporary pagoda was set up there with flowers, food, bottled water, fruit, and gold paper umbrellas.
We took a souvenir photo of our daughter in various pagoda styles and then returned.
Water bottle Pagoda
လွန်ခဲ့သော လပြည့်နေ့က မန္တလေးမြို့၌ တည်ရှိသော မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသော တန်ခိုးကြီးဘုရား မဟာမြတ်မုနိ သို့ ဘုရားဖူးရောက်ဖြစ်ခဲ့ပါသည်။
ဘုရားကြီး ဝင်းအတွင်း၌ သာသနိကအဆောက်အဦးအချို့သည် ငလျင်ဒဏ်ကြောင့် ပြိုပျက်ခဲ့ရသည်။
သို့ဖြစ်၍ ယခုအခါ ပျက်စီးသွားသော အဆောက်အဦးများကို ပြန်လည် ပြင်ဆင်နေဆဲကာလ ဖြစ်သောကြောင့် ဘုရားကြီး ပရဝုဏ်အောက်၌ အချိန်ကြာမြင့်စွာ နေလို့ မဖြစ်ပါ။
သို့သော် ဘုရားကြီး၏ မျက်နှာသာဘက်၌ ဘုရားဖူးဧည့်သည်များ များစွာ ဘုရားဝတ်ပြုနေကြပါသည်။
ကျွန်တော်တို့မိသားစုလည်း ဘုရားဝတ်ပြုပြီး သမီးငယ်ကို အမှတ်တရဓာတ်ပုံအချို့ ရိုက်ပေးဖြစ်ခဲ့ပါတယ်။
ဒီဘုရားဖူးအမှတ်တရဓာတ်ပုံတွေကို ဘုရားကြီး၏ မျက်နှာသာ လက်ဝဲဘက်ခြမ်းမှာ Phone Camera ဖြင့် ရိုက်ယူခဲ့ခြင်း ဖြစ်ပါသည်။
ထိုနေရာ၌ ပန်းများ၊ စားသောက်ဖွယ်ရာများ၊ ရေသန့်ဘူးများ၊ သစ်သီးဝလံများ နှင့် ရွှေစက္ကူထီးများ စသည်တို့ဖြင့် ယာယီ စေတီတည်ထားခြင်း ဖြစ်ပါသည်။
ထို စေတီ ပုံစံ အမျိုးမျိုး၌ သမီးငယ်ကို အမှတ်တရဓာတ်ပုံရိုက်ပေးပြီးတော့ ကျွန်တော်တို့ ပြန်ခဲ့ကြပါသည်။