ငါးတန်းနှစ်မှာ ရွာကနေမြို့မှာကျောင်းလာနေရတော့
ဒီလိုဝါတွင်းကာလဥပုသ်ေန့မှာ အကြီးနဲ့ အတူတူဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်ဆွဲလိုက်ခဲ့ရ ဆွမ်းချိုင့်ထဲမှာ
မပါမဖြစ်အသုပ်ကတော့ဝဥသုပ်ပေါ့ ရွာမှာမစားဖူးတော့
အကြီးသုပ်ကျွေးတာစားပြီးအခုထိ အကြိုက်ဆုံးထဲမှာပါတဲ့အသုပ်လေးပါ အာဟာရဓာတ်ပြည့်ပြီးကျန်းမာရေးနဲ့လဲညီညွတ်တဲ့အစာစားပါ ဂျပန်မှာတော့ မျိုးစုံလုပ်စားကြပါတယ် ဝဥကို
ဈေးကဝယ်လာတဲ့ ဝဥကိုရေသေချာစင်အောင်ဆေးပြီးတော့ ဒီလိုလေးလှီးလိုက်ပါတယ်
ဆားနဲ့ နည်းနည်းနယ်ပြီးဆီနည်းနည်းလေးနဲ့ လှော်ပါမယ် ဒီတော့မှရေစစ်ပြီး သုပ်စားရတာအဆင်ပြေပြီး အစိမ်နံ့ပျောက်ပါမယ်
လှော်ပြီးရင်တော့ အသားလိုစားချင်စဖွယ် ရပါပြီး
သူ့ကိုဒီလိုလေးတခါပြန်လှီးပါတယ် 😁😁😁
လှီးပြီးရင်တော့ ကြက်သွန်နီးအစိမ်းရော ဆီချက်ရော သံပုရာသီး ပဲမှုန့် ငရုပ်သီးမှုန့် ငံပြာရည် အချိုမှုန့် ကို အနည်ငယ်စီးထည့်ပြီး သုပ်ပါတော့မယ် အော်မေ့လို့ သူ့ရဲ့အသက်က ရှောက်ရွက်ပါလှီးထည့်မယ်နော်
အားလုံးရောနယ်ပြီးပြီးဆိုရင်တော့ စားချင်းစရာထမင်းနဲ့ဘဲစားစား ဒီအတိုင်းဘဲစားစား ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အနံ့ရောအရသာပါကောင်းမွန်တဲ့ဝဥသုပ်ရပါပြီး
အိမ်မှာလုပ်စားကြည့်ကြပါနော် ဈေးချိုတဲ့ ဝဥလေးကိုဝယ်ပြီး ကိုယ့်ချစ်ရတဲ့သူတွေကို အရသာရှိတာလေးတွေ လုပ်ကျွေးနိုင်ပါစေ❤️❤️