A barking dog never bites.
ဟောင်လွန်းသော ခွေးသည် မကိုက်တတ်ပေ
A barking dog seldom bites.
ဟောင်တတ်သော ခွေးသည် မကိုက်တတ်ပေ
A delivery man came to deliver a box to a house.
ပစ္စည်း ပို့ဆောင်သူ တစ်ဦးက အိမ် တစ်အိမ်သို့ သေတ္တာ တစ်လုံး လာပို့သည်
A dog was barking angrily at the delivery man.
ခွေးက ပစ္စည်း လာပို့သူကို ဒေါသတကြီး ဟောင်နေသည်
The house owner said, "Dont you know the proverb a barking dog never bites."
အိမ်ပိုင်ရှင်က ပြောလိုက်သည် ဟောင်လွန်းတဲ့ခွေး ဘယ်တော့မှ မကိုက်ဆိုတဲ့ စကားပုံကို ခင်ဗျား မသိဘူးလား
The delivery man replied, "You know the proverb. I know the proverb. Does the dog know the proverb too?"
ပစ္စည်း လာပို့သူက ပြန်ဖြေလိုက်သည် ဒီစကားပုံကို ခင်ဗျားလည်း သိတယ် ကျွန်တော်လည်း သိတယ် ခွေးကရော သိပါ့မလား