Steem နှင့် Hive လမ်းမခွဲခင်က ကျွန်တော်သည် အဓိပ္ပါယ်ရှိသော steem account name လှလှလေးများကို သူများ ယူသွားမည် စိုးသဖြင့် အမည်လှလှများဖြင့် steem account အခု 80 ကျော်ကို ပြုလုပ်ထားခဲ့သည်
သက်ဆိုင်ရာ နယ်ပယ်အလိုက် အဓိပ္ပါယ်ရှိသေ နာမည်တွေပေါ့ဗျာ steem နှင့် Hive လမ်းခွဲသောအခါ ထို steem accounts 80 ကျော်က Hive accounts များအဖြစ် အလကားရခဲ့သည် အခုဆို steem ရော Hive ရော ပေါင်းရင် accounts 160 ကျော် ရှိနေပြီ ဖြစ်သည်
တော်တော် အရူးထသော ငါပါလား accounts များကို အကုန် မသုံးနိုင်ရာ လက်ရွေးစင် လေးငါးခုကိုသာ ယူပြီး post တင်နေလေသည် accounts passwords တွေက လက်နဲ့ ရေးမမှတ်နိုင်လို့ google account နှင့် ချိတ်ပြီး သိမ်းထားရသည်
ထို accounts များကို ရောင်းချ၍လည်း ရမည်မထင် phone နံပါတ် တစ်ခုရှိလျှင် steem/hive account တစ်ခု အလကားဖွင့်၍ ရသောကြောင့် ဖြစ်သည်
Ecency app က update လုပ်သောအခါ ထို accounts 80 ကျော် စလုံးကို ecency နှင့် ပြန်ချိတ်ရသည်ကိုက သုံးလေး နာရီခန့်ကြာသည် သို့သော် သူများတွေက တစ်နေ့ကို ecency point 5 points သာ ရရှိကြသော်လည်း ကျွန်တော်က point 400 ကျော် ရနေပါသည်
ထို့ကြောင့်သာ vote လာပေးသော လူများကို points လက်ဆောင်ပြန်ပေးနိုင်ခြင်း ဖြစ်ပါ၏
Ecency ကုမ္ပဏီသည်ပင် ကျွန်တော်လောက် Hive/steem accounts များများ ရှိမည် မထင်ပါ