ကျွန်တော်သည် ecency ထံသို့ Hive Power များ delegate လုပ်ထားရာ ecency point များ နေ့စဥ် ရနေသည်
ecency point သည် boosting လုပ်ရာတွင်သာ သုံးနိုင်သည် Hive Engine တွင် ရောင်းလို့မရပေ
Boosting လုပ်ရာတွင်လည်း ecency point 300 ထက် ပိုပါက boosting မအောင်မြင်ဘဲ point ပြန်အမ်းခံရသည်
တစ်ခါတစ်ရံတွင် boosting လည်း မလုပ်ပေးဘဲ point လည်း ပြန်မရတော့ပေ (point 500 ကျော်ဖြင့် လုပ်ခြင်းကို ဆိုလိုသည်)
တစ်နေ့လျှင် post က တစ်ခုထက် ပိုမတင်နိုင်ရာ ecency point များ ပိုနေသည်
ပိုနေသော point များကို ဘာလုပ်ရမည် စဥ်းစာသောအခါ အကြံတစ်ခုရသည် မိမိကို vote လာပေးသော လူများကို လက်ဆောင်ပေးရန် ဖြစ်သည်
သိပ်အများကြီးလည်း ပိုလျှံနေသည် မဟုတ်ရာ vote တစ်ခုကို 10 point ပြန်လက်ဆောင်ပေးရန် ဆုံးဖြတ်ခဲ့ပါသည်
Hive မှ ညီအစ်ကို မောင်နှမများ ခင်ဗျာ မများပေမယ့် ထိုလက်ဆောင်ကို လက်ခံစေလိုပါသည်
မိမိ၏ ecency point များ အလဟသတ် မဖြစ်အောင်ပါ မိမိကို vote ပေးသူများကို ကျေးဇူးဆပ်ရာလည်း ရောက်မည် ထင်ပါသည်
မှတ်ချက် point တွေ ကုန်သွားရင်တော့ စိတ်မဆိုးကြပါနှင့်