မနေ့က post တစ်ခုကို ecency point ဖြင့် boost လုပ်သည်
Point 200 လားပဲ သုံးခဲ့သည် ဘာကြောင့်ရယ်မသိ
Ecency က point ပြန်အမ်းခဲ့သည် vote မပေးခဲ့ပေ
ဒီနောက် အဲဒီ post ရရှိသော ငွေကို ကြည့်လိုက်သောအခါ
$0.025 ဖြစ်ပါသည် မြန်မာငွေဖြင့် တွက်လျှင် $0.01 ကို
၁၈ ကျပ်ကျော်ကျော်ဆိုတော့ ကျွန်တော် မြန်မာငွေ ၄၄ ကျပ်
ရရှိခဲ့ပါသည် ထိုမျှငွေဖြင့် ကြက်ဥတစ်လုံးပင် ဝယ်မစားနိုင်ပေ
Ecency point သာ မရှိပါက ကျွန်တော် အရည်အချင်းသည်
၄၄ ကျပ်သာ တန်ပေမည် တော်တော်တော်တဲ့ ငါပါလား
Ecency point ဖြင့် vote ရရှိသော post များမှာမူ
ပျမ်းမျှ $2 မှ $3 ကြား ရရှိသည် မြန်မာငွေဖြင့် တွက်ပါက
၃၆၀၀ ကျပ်မှ ၄၈၀၀ ကျပ်ကြား ဖြစ်မည်
Post တွင် ပြထားသော $ သင်ကေတက Hive ကို ပြောသည်လား
USD စစ်စစ်ကို ပြောသည်လား သေချာမသိပါ
USD စစ်စစ်ဆိုပါက လူတစ်ယောက် ထမင်းတစ်နပ်တော့ ရနိုင်သည်
ဘာမှ သိပ်မပင်ပန်းပဲ ထမင်းတစ်နပ် စားရသည်ကတော့ တန်လှသည်
တွက်ကြည့်တာပေါ့ဗျာ တခြားသော Hive Community တွေမှာတော့
Post မတင်ဖူးသေးပါ ဘယ်လို ဝင်ငွေရှိမလဲ မသိသေးပါ
ဘာပဲ ဖြစ်ဖြစ် ကိုယ်ကြိုးစားထားတာလေး အသိအမှတ်ပြုခံရရင်တော့
ဝမ်းသာရသည်က အမှန်ပါ ပိုက်ဆံရသည် မရသည်က ပဓါန မဟုတ်ပါ
ရတော့လည်း ကောင်းတာပေါ့ဗျာ
How clever I am !!!!!!!!!! တော်တော်တော်တဲ့ ငါပါလား