မဂ်လာပါ HIVE-MYANMAR အဖွဲ့သား တို့ရေ....
ဒီနေ့မနက် ၆နာရီ လောက် နိုးပါတယ်။ မနက်ခင်း မှို ခူးပြီး ကော်ဖီ သောက်ချိန် မှာ အိမ် ရှေ့မှာ ပန်းတွေ စိုက်ထား တဲ့ ပန်းအိုး တွေ အကြည့်ရောက်သွားတယ်။ ပန်း တွေ ကတော့ အမေစိုက်ထားသာ ပါ။ ဆောင်းရာသီ အစမို့ ထင်တယ် ပန်းတွေ ရောင်စုံ ပွင့်နေသာတွေ့တော့ ပုံလေ တွေရိုက်ဖြစ်သွားတယ်။ တချို့ပေး ဆို နာမည် မသိပါဘူး။
ဒီပန်းကတော့ ကျနော်တို့ဘက် မှာတော့ ပွင့်တူရွက်တူလို့ခေါ်တယ်။ အပွင့်ရော အရွက်ရော ကတူနေလို့ပါ။ အပွင့် ကတော့အရောင်ပြောင်း သွားပါတယ်။
ဒီအပင် ကတော့ သစ်ခွ ဒီနှစ် မှာ အစောဆုံး ပွင့်တဲ့ သစ်ခွပန်းပါ။
ဒီအပင်က တော့ ဂမုန်းပန်း ဘာဂမုန်းလည်းတော့ ဘူး။ တော်တော် အသက်ရှည်တဲ့ ဂမုန်း။ အိမ်မှာ ရှိနေသာ အနည်းဆုံး ၁၃နှစ်လောက်ရှိပြီး။ တော်တော်လေးလည်း အကြမ်းခံတယ်။
ဒီအပင်က ကြောင်မြှီးတို ပန်း သူလည်း တော်တော်ကြာပြီး အနည်းဆုံး ၉နှစ်လောက်အဲ့နေရာမှာ ရှိပြီး။
ဒီအပင်က က နာမည်တော့မသိဘူး။ လွန်ခဲ့တဲ့ ၃နှစ်က အိမ်ကို လာနေကြ ဧည့်သည်က ပန်းလက်ဆောင်ပေးလို့ စိုက်ထားတဲ့ အပင်လေးပေါ့။
ဒီအပင် လည်း အပေါ်အပင်နဲ့ အတူတူ အိမ်ကိုရောက် လာတဲ့ အပင်လေး။ ထူးဆန်းတာက အပင်တစ်ပင် မှာပဲ ပွင့်တဲ့ ပန်းက ခရမ်းရောင် နဲ့ အဖြူရောင် နှစ်မျိုးပွင့် သာ ။ ဘာအပင်လည်း တော့ မသိဘူး ဗျာ့။
စာကို ဆုံးအောင်ဖတ်ပေး လို့ကျေးဇူ့တင်ပါတယ်။