မဂ်လာပါ HIVE-MYANMAR အဖွဲ့သား တို့ရေ.....
နေ့လည်က ဆိုင်ကယ် မောင်းနေရင်း ကောင်းကင်မော့ကြည့်တော့ တိမ်တွေက လှပနေသာတွေ့လို့ ဆိုင်ကယ် ရပ်ပြီး ဓာတ်ပုံ ရိုက်လိုက်ရသေးတယ်။ တိမ်တွေလှသာ မမြင်ရသာလည်း မိုးရွာနေသာ ၁၆ရက် လောက်ရှိပြီးကို။ မိုးရာသီရဲ့ နောက်ဆုံး အကြိမ်မိုးလည်းဖြစ်မယ်ထင်တယ်။ မိုးလေဝသ ကို Facebook ကနေ ဂရုစိုက်တစိုက် ခန့်မှန်းပေးနေတဲ့ စုစုစံ (မင်းကွက်သီး) ကတော့ပြောပါတယ်။ တောင်သူတွေရဲ့ အားထားရတဲ့သူပေါ့။ နောက်နှစ်ပတ်ဆို ဆောင်းရာသီဝင်တော့မယ်တဲ့။
ဆောင်းရာသီရောက်တော့မယ်ဆိုတော့ ဘေထုပ်သည် တွေ လက်ဖျားရွှေသီးမဲ့ရာသီပေါ့။ ဖလန်ထည်တွေကို ဈေးခေါ် ကြပြီးလေ။😁😁
လက်ဖျားရွှေသီးမယ်လို့ပြောသာပါပဲ ဒါပေမဲ့ ဒေါ်လာဈေးက ဘယ်လိုလာ မလည်း မသိသေးဘူး။ ဒေါ်လာ က အဓိက ပဲလေ။ ၁ရက်နေ့က ဒေါ်လာ ၂၅၀၀ နား ထိဈေးကျ သွားတော့ ဆီဈေး ရွှေဈေး အကုန်လိုက် ကျသာပဲ။ ဒီနေ့ ဒေါ်လာက ၃၀၀၀ နား ပြန်ရောက် လာပြီး ဆိုတော့ ရွှေဈေး ဆီဈေး ရော ပြန်တက်လာတယ်။ အတက်အကျ မြန်နေရောပဲ။ အုပ်ချုပ်မှု မတော် တဲ့လက်အောက်မှာ စီးပွါးရေး သမားတွေ စိတ်ကြိုက်ဈေးကစား ပါလေရော။ ကိုယ့်ကုန်ပစ္စည်းဈေး တက်ချင်လွယ်နေရောပဲ။
ဘိလပ်မြေဈေးတက်သွားသာနမူနာ တစ်ခုပြောပြမယ်။ ဘိလပ်မြေ ဈေတက်သွားသာ ၃လပိုင်းတုန်းကပေါ့ အဲ့ချိန် ဘိလပ်မြေတွေ အရောင်းကောင်းဆုံး အချိန် အစိုးရ တင်ဒါ အပ်ရတော့ အချိန်လည်း ရောက်တော့မယ်၊ ကန်ထရိုက်သမား အိမ်ဆောက်တဲ့ သူတွေလည်း တော်တော်များများ အိမ်ဆောက်နေကြတဲ့အချိန်ဆိုတော့ ဝယ်လိုအား များလာပြီး၊
ဝယ်လိုအားများရင် အရောင်းကိုပိတ်ချလိုက်ပါတယ်။ ဘိလပ်မြေ စက်ရုံကတော့ ပုံမှန်ဈေးနဲ့ ပုံမှန်ထုတ်နေပါတယ်။ အဲ့တာကို စီးပွါးရေးသမားများ က ဘာဖြစ်တယ် ညာဖြစ်တယ် အကြောင်းပြနေရောပေါ့။ အဲ့အချိန် ဘိလပ်မြေ အသုံးလိုနေတဲ့သူတွေကလည်း အဆောက်အအုံ တွေလည်း ပြန်အပ်ရမဲ့အချိန်ရောက်လာပြီးဆိုတော့ အသုံးလိုနေပါပြီး ဘယ်ဈေးဖြစ်ဖြစ် ဝယ်သုံး ရတော့သာပဲ။ အဲ့လိုလိုအပ်ပြီး ဝယ်သုံးတော့ ဈေး နှစ်ဆ တက်လည်း ဝယ်ရသာပါပဲ။ အဲ့မှာ စီးပွါးရေးသမားတွေက ဘိလပ်မြေကို နှစ်ဆ လောက်တက်ပြီး တစ်လ နှစ်လ လောက်အဲ့အတိုင်းရောင်းရင်း အသုံးပြုနေကြတော့ ပုံမှန်လိုဖြစ်သွားပါတယ်။
တခြားတစ်ဖက် ကကြည့်ပြန်ရင်လည်း စက်ရုံကဈေးမတက် ခင် အချိန်လေးကို စီးပွါးရေးသမားတွေ အချိန်ကောင်းစောင့် လိုက်သာဖြစ်နိုင်ပါတယ်။ ဒီလိုပါပဲ ဝယ်လိုအားများလာတဲ့ ကုန်ပစ္စည်းကို ပစ္စည်းတချက် ပျက်တယ်ဆိုပြီး တစ်ချက်နား လိုက်မယ် ကိုယ်လိုချင်တဲ့ဈေးတင်ပြီး ပြန်ရောင်းမယ် ဆိုသာက ပစ္စည်းကို ဈေးတင်တဲ့နည်းလမ်းပေါ့ဗျာ။ ဘိလပ်မြေ အဖြစ်ပျက်နောက်ပိုင်း တခြား ကုပစ္စည်းတွေ လည်း ထို နည်းလည်းကောင်းပါပဲ။ အဓိက ကိုယ်ပြန်ကြည့်ရင် ဒေါ်လာဈေးတက်လာသာက စသာပေါ့ဗျာ။
စာရေးရင် ရေးရင် ဆောင်းရာသီကနေ ဘိလပ်မြေ စီရောက်သွားလို့ စောတီး ပါခင်ဗျာ။
ကျနော့်ဆုတောင်းကတော့ ဒေါ်လာဈေးကျပြီး HIVE ဈေးတက်ပါစေပေါ့ဗျာ။