မဂ်လာပါ HIVE-MYANMAR အဖွဲ့သားတို့ရေ........
ဒီနေ့ လပြည့်နေ့အတွက် မနေ့က ဘုရားပန်းသွားဝယ် ဖြစ်တယ်။
ကျနော် တို့မြို့ရဲ့ ဒိုင်လည်း ဖြစ်တဲ့ ပန်းရောင်းတဲ့ဆိုင် မှာ သွားဝယ်ခဲ့ပါတယ်။ ဒီရာသီဟာ ဂန္ဒမာပန်း ရာသီမို့ ဂန္ဒမာပန်း တွေ အရောင်စုံ ပါပဲ။ အရင်က ပန်းဒိုင်တွေစီကို ပန်းစိုက်ခင်းက နေ ညဘက် ပို့ပြီး မနက်ဆို ပန်းဒိုင်တွေစီ ရောက်ပါတယ်။ အခုကတော့ မနက်ပို့ပြီး ညနေဘက် မှပန်းဒိုင်တွေ စီရောက်ပါတယ်။ နေ့ဘက်ပို့ရတော့
နေ့အပူချိန်ကို ခံနိုင်အောင် ပန်းစိုက်တဲ့ တောင်သူတွေက ပန်းကို မနွမ်းရအောင် ပန်းထုပ်တွေကြားမှာ ရေခဲ ခဲနေတဲ့ ရေသန့်ဘူး ၂ ဘူး ၃ ဘူး ကို ပန်းထုပ်တွေကြား ထည့်ပေးရပါတယ်။
ကျနော်တို့ရောက်တဲ့အချိန်ညနေဘက်ဆိုတော့ ပန်းထုပ် တွေ ရောက်ပြီး ပန်းထုပ်တွေ ဖောက်နေတဲ့အချိန်ပါ။ ဖောက်သည်ပြန်ရောင်းမဲ့သူတွေက ပန်းတွေကို ဆိုင်ကယ်နဲ့ အသီသီ လာယူနေကြပါတယ်။ အိမ်က အမေကတော့ ဘုရားပန်းကို သစ္စာပန်း အနီရောင် ရယ် နှင်းစီပန်းအဝါရောင်ရယ် ဝယ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ပတ်လောက် ကတည်း က အိမ်ဘုရားစင်မှာ ဂန္ဓာပန်း သုံးခါ ဆက်တိုက်တင်ခဲ့လို့ ဒီတစ်ခါ သစ္စာပန်းကို ရွေးပြီး ဝယ်ခဲ့ဟန်ဖြစ်မယ်။
အိမ်မှာ အမေ မအားရင် ပန်းဝယ်ဖို့ ကျနော်တို့ကို ခိုင်းပါတယ်။ သွားဝယ်တိုင်း အမေ အမြဲမှာတယ် ပန်းဆိုင်ရောက်ရင် ပန်းလက်မလက် သေချာကြည့်ခိုင်းပါတယ်။ အပွင့်တွေပဲကြည့်ပြီး မဝယ်ခဲ့နဲ့ ပန်းရဲ့ အရိုးကိုအောက် ခြေလည်းကြည့်ပြီး စိမ်းနေမှဝယ် ဆိုပြ အမြဲမှာပါတယ်။ ပန်းရဲ့အရိုးအောက် ခြေစိမ်းနေမှာ ဘုရားပန်းတင်ရင် သုံး လေးရက် ဘုရားပန်းတင်ခံမှာပါပဲ။
ပန်းရောင်သူတွေက ပန်းအောက် ခြေက မဲနေတဲ့အရွက်တွေကို အမြဲခြွေပါတယ်။ ကိုယ်ဝယ်တဲ့ပန်းစီးက ပန်းရဲ့အရိုးအောက်ခြေ အကွက်အများကြီး ခြွေထားရင် ဂရုစိုက်ပါ။ အဲ့ပန်းစီးက လက်ကျန်ပန်းတွေ အဖြစ်များပါတယ်။ အဲ့ဒါဆို ဘုရားပန်းတင်ရင် ကြာကြာ မခံပဲ တစ်ရက် နှစ်ရက်ဆို ပန်းကနွမ်းသွားပါမယ်။ ပန်းဝယ်ရင် ပန်းရဲ့ အပွင့် က အဖူးနေထားကိုကြည့်ရပါတယ်။ ထပ်ပြီးပွင့်မယ်အနေအထား ကိုရွေးရပါမယ်။ အပွင့်ကိုကြည့် အရိုးကိုကြည့် လက်ဆက်တယ်ဆိုရင် ဝယ်။ အဲ့ဒီ ပန်းဝယ်နည်းကိုတော့ အမေ သင်ပေးသာပါ။
စာကိုဆုံးအောင်ဖက်ပေးလို့ ကျေးဇုတင်ပါတယ်။