အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
Hive-Myanmar မှာ စာရေးမတင်ဖြစ်ခဲ့တာ နည်းနည်းတောင်ကြာသွားခဲ့ပြီ။ ပျင်းလို့လည်း မဟုတ်သလို မအားလို့လည်းမဟုတ်ပါဘူး။ ဖတ်မယ့်သူမရှိလို့ မရေးဖြစ်ခဲ့တာပါ 😁 ခုတော့ လူငယ် လူကြီး အတော်များများ အသုံးပြုနေကြတဲ့ အီးစီးကရက်ဆိုလား ဘိတ်ဆိုလား အဲဒီအကြောင်းနည်းနည်းလေးလောက် ရေးတင်ပြီး သတိပေးချင်တာကြောင့် ဖတ်ဖတ် မဖတ်ဖတ် ရေးတင်ရပါတယ်။ ခေတ်စားနေသလို ဈေးလည်းအတော်ကြီးမလားပဲ။ စာနည်းနည်းလောက်ရှည်သွားပေမယ့် ဖတ်ကြည့်စေချင်ပါတယ်။
အဲဒီ အီး စီးကရက်(Electric Cigarette)တွေဟာ ၂၀၀၃ ခုနှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်မှာ စတင်ထုတ်လုပ်ရောင်းချခဲ့တယ်လို့ သိရပါတယ်။ အခုဆိုရင် နှစ်ပေါင်း(၂၀)ပြည့်တော့မှာဖြစ်သလို အီး စီးကရက်ကို အသုံးပြုတဲ့သူတွေ ပိုမိုများပြားလာတာကို ပတ်ဝန်းကျင်မှာ တွေ့နေရပါတယ်။ အီး စီးကရက်ဆိုတာက အီလက်ထရောနစ် စနစ်နဲ့ ပြုပြင်ဖန်တီးပြီး စီးကရက်လို မီးခိုးငွေ့ထွက်အောင် ဖန်တီးထားတဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ စီးကရက်လိုဖြစ်အောင် အတုယူဖန်တီးထားခြင်းဖြစ်ပါတယ်။
အီလက်ထရောနစ် စီးကရက်လို့ အမည်တပ်ထားသလို တကယ့် စီးကရက်နဲ့အတူတူပဲလို့ ဆိုပါတယ်။ မူလထုတ်လုပ်သူရဲ့ရည်ရွယ်ချက်က ဆေးလိပ်သောက်သူတွေ ဆေးလိပ်ဖြတ်စေနိုင်ဖို့အတွက်ဖြစ်တယ်လို့ဆိုပါတယ်။ လက်တွေ့မှာတော့ လူအများစုဟာ ဆေးလိပ်မပြတ်တဲ့အပြင် (၂)မျိုးလုံးကို စွဲလမ်းနေတာတွေ့ရပါတယ်။ ဆိုလိုချင်တာက ဆေးလိပ်လည်း မပြတ်သလို အီး စီးကရက်ကိုလည်း စွဲလမ်းနေပါတော့တယ်။ ကျွန်တော့်မိတ်ဆွေတွေထဲမှာ အီး စီးကရက်အသုံးပြုသူတွေရှိရင် ရပ်တန့်လိုက်ဖို့ အကြံပြုချင်ပါတယ်။
အီး စီးကရက်အသုံးပြုဖို့က ဆေးရည်တမျိုးကို ထည့်သွင်းရသေးတယ်လို့ သိရပါတယ်။ အဲဒီဆေးရည်ကလည်း အမျိုးအစားပေါင်း (၁၇,၀၀၀)ကျော်ထုတ်လုပ်ရောင်းချတယ်လို့ ဆိုပါတယ်။ အနံ့မျိုးစုံနဲ့ ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါတယ်။ အမှန်တကယ် ဆေးလိပ်သောက်တာ ဖျောက်ဖျက်ပစ်နိုင်ရင် တော်သေးတယ်လို့ ပြောနိုင်ပေမယ့် ခုတော့ (၂)မျိုးစာ ငွေကုန်မယ့်အပြင် ရောဂါဖြစ်နိုင်ချေလည်း ပိုများသွားပါတယ်။ မလုပ်သင့်တဲ့အရာဟုသာ ပြောချင်ပါတယ်။
အီး စီးကရက်အတွက် ထည့်သွင်းရတဲ့အရည်မှာ ဘယ်လိုပစ္စည်းတွေပါဝင်တယ်ဆိုတာကို အတိအကျဖော်ပြထားတာ မရှိဘူးလို့လည်းသိရပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဌာနတွေနဲ့ အဖွဲ့အစည်းတွေရဲ့ စမ်းသပ်စစ်ဆေးချက်တွေအရကတော့ ဓာတုဗေဒဆေးရည်ပေါင်းစုံပေါင်းစပ်ပါဝင်နေတယ်လို့ဆိုပါတယ်။ ဓာတုဆေးတွေရဲ့ အန္တရာယ်ကို လူတိုင်းကြောက်ကြပါတယ်။ ဘိတ် ဆေးရည်မှာ ပါဝင်တဲ့ ဓာတုဆေးတွေကို အောက်မှာဖော်ပြထားပါတယ်။ ဆေးနာမည် ဓာတုအမည်တွေကိုတော့ မရေးတော့ပါဘူး။ စာတွေဖတ်ရုဲ့နဲ့ ကြက်သီးထနေတယ် 😳
အဲဒီ ဓာတုဆေးရည်တွေကတော့ စက်မှုလုပ်ငန်းသုံးအရည်၊ သစ်သားအထည်တွေကို တာရှည်ခံအောင်သုံးတဲ့အရည်၊ ဘက်ထရီတွေကို ထုတ်လုပ်ရာမှာအသုံးပြုတဲ့အရည်၊ ရင်ခွဲရုံ ရေခဲတ်ုက်တွေမှာသုတ်တဲ့ သုတ်ဆေးတွေထုတ်လုပ်တဲ့နေရာမှာသုံးတဲ့အရည်၊ ဆိုးဆေး သုတ်ဆေး သတ္တုစပ်ပစ္စည်းများ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့အရည်၊ ရာဘာများထုတ်လုပ်ရမှာ အသုံးပြုတဲ့အရည်၊ သတ္တုများ သံချေးတက်တာကာကွယ်ရာမှာ သုံးတဲ့အရည်၊ ပလတ်စတစ်နဲ့ဗီနိုင်းများ ထုတ်လုပ်ရာမှာ သုံးတဲ့အရည်၊ အဏုမြူ ဓာတ်ပေါင်းဖိုများမှာ အသုံးပြုတဲ့အရည်၊ ဆေးရုံသုံးပစ္စည်းေတွကို ပိုးသတ်ရာမှာ အသုံးပြုတဲ့အရည်၊ ပေါင်းပင်ေတွသတ်ဆေးထုတ်ရာမှာ အသုံးပြုတဲ့အရည် နဲ့ နောက်ဆုံးအနေနဲ့ကတော့ DNA ကိုပျက်စီးစေတဲ့အရည်တွေ ပါဝင်တယ်လို့ဆိုပါတယ်။
အဲဒီ ဘိတ် ဆေးရည်တွေက ကလေးတွေကို အန္တရာယ်ဖြစ်စေနိုင်သလို လူကြီးတွေသောက်မိရင် အနံ့ကိုတိုက်ရိုက်ရှုမိရင် အရေပြားပေါ်ကျရင် မျကိစိထဲကို ဝင်ရင် အန္တရာယ်ဖြစ်စေနိုင်တာ်။ ကလေးတွေဆိုရင် အသက်အန္တရာယ်တောင် ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဘိတ် ကို နှစ်ကြာရှည်သုံးစွဲတဲ့အခါ ကင်ဆာတွေဖြစ်စေနိုင်သလို အဆုတ်ကိုထိခိုက်ပျက်စီးစေပါသတဲ့။ ဆိုတော့ကာ ဘိတ် က ဆေးလိပ်ကို မဖြတ်နိုင်ပေမယ့် လူကိုတော့ ရောဂါဖြစ်ပွား ခံစားစေပြီး သေစေနိုင်ပါကြောင်း အသိပေးရေးသား မျှဝေလိုက်ပါတယ်။
( Vape မရဇိတော့ ပုံရိုက်မတင်နိုင်လို့ အကြံအဖန်လုပ်တင်လိုက်ရပါသည်။)
အားလုံးကို လေးစားလျှက် -



