အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
ဒီနေ့တော့ စာရေးချင်စိတ်မရှိတဲ့အတွက် စာရှည်ရှည်မရေးတော့ပါ။ ဘာလို့စာရေးချင်စိတ်မရှိသလဲလို့ဆိုရင် ပျင်းနေလို့ပါ 😅 နေ့စဉ် ပျင်းစရာကောင်းတဲ့စာတွေကိုပဲရေးမေမိတော့ ကိုယ်တိုင်လည်း ပျင်းလာတော့တာပဲ 😂 အဲဒီတော့ကာ ပေါက်ကရလေးဆယ်ရေးဖို့လည်း ပျင်းနေတော့ မရေးတော့ပေမယ့် ပို့စ်ဖြစ်အောင်တော့ တင်လိုက်ရပါတယ်။
ပျင်းပါတယ်ဆိုနေမှ နွေဦးရဲ့ လေရူးကလည်း တောင်ကတိုက် မြောက်ကတိုက် အရှေ့ အနောက် အထက်အောက် အရပ်ဆယ်မျက်နှာကတိုက်နေတော့ ပိုပျင်းဖို့ကောင်းနေတယ်။ နွေဦးမှာ လေရူးထတာက သဘာဝဆိုကြပေမယ့် နွေဦးမှာ အရူးထတဲ့လူတွေကလည်းအများသားပဲ။ နွေလေရူးကြောင့် ကြွေနေဖူးတဲ့ လက်ပန်ပွင့်တွေကလည်း မြေမကျခင်အချိန်ထိ လေထဲမှာ လှပစွာဝဲပျံပြသွားကြသေးရဲ့။ ကဲတော်ပါပြီနော် 😁
အားလုံးကို လေးစားလျှက် -