အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ...
ကျွန်တော်တို့လူသားများအနေနဲ့ နေ့တွေ တစ်နေ့ပြီးတစ်နေ့ တစ်ရက်ပြီး တစ်ရက် ကျော်လွန်ဖြတ်သန်းပြီး ဘဝဆိုတဲ့ခရီးလမ်းကြီးကို လျှောက်လမ်းနေကြရပါတယ်... အတွေ့အကြုံ ဗဟုသုတ အသိဉာဏ်ပညာတွေ မပြည့်စုံမှုူကြောင့် အပြုအမူအနေအထိုင်တွေ မှားယွင်းခဲ့ကြရ၊ အပြောအဆိုတွေ မှားယွင်းခဲ့ကြရပါလိမ့်မယ်... မှားယွင်းပြောဆိုနေထိုင်မှုကြောင့် နောင်တရခဲ့ကောင်းလည်း ရနိုင်ပါတယ်...
နောင်တနဲ့တစ်ဖန် ပြန်လည်ပူလောင်ခြင်းတွေကင်းရှင်းနိုင်စေဖို့ကလည်း အကြောင်းအကျိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဉာဏ်ပညာရှိမှသာ ဖြစ်နိုင်ပါလိမ့်မယ်... ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဉာဏ်ပညာမရှိတဲ့အခါမှာ ကျွန်တော်တို့တစ်တွေအနေနဲ့ အကောင်းကို အဆိုးထင်နေတတ်သလို အဆိုးတွေကိုလည်း အကောင်းလို့ထင်နေတတ်ကြပါတယ်... အဲဒီလိုအခါမှာတော့ နောင်တတွေ ပူပန်မှုတွေနဲ့ နပန်းလုံးနေကြရတော့တာပါပဲ...
ဘဝခရီးလမ်းကြီးကို လျှောက်လမ်းကြတဲ့အခါမှာ မှန်ကန်တဲ့အသိဉာဏ်ပညာ မရှိနိုင်ကြတဲ့အတွက် အကောင်းအဆိုးမကွဲပြားပဲ စမ်းတဝါးဝါးနဲ့လျှောက်လှမ်းနေကြရတဲ့သူတွေက ကျွန်တော်အပါအဝင် အများစုပဲဖြစ်ပါလိမ့်မယ်... မြူနှင်းတွေဖုံးလွှမ်းထားလို့ မမြင် မကန်းဘဝနဲ့ ရမ်းသမ်းလို့ လျှောက်လှမ်းနေကြရပါတယ်... ပျော်ရွှင်စရာတွေနဲ့ကြုံတွေ့တတ်သလို ဝမ်းနည်းကြေကွဲစရာ နာကြည်းခံပြင်းစရာ စိတ်ဆိုးဒေါသထွက်စရာတွေကလည်း နေ့တိုင်းနီးပါးပါပဲ...
မတွေ့ဆုံချင်ပေမယ့်လည်း မချစ်မနှစ်သက်ပေမယ့်လည်း တွေ့ဆုံကြရသလို တွေ့ဆုံချင်ပေမယ့်လည်း မခွဲမခွာ အတူတွဲကာနေချင်ပေမယ့်လည်း ချစ်ခင်နှစ်သက်ပေမယ့်လည်း ခွဲခွာကြရပါတယ်... မလွန်ဆန်နိုင်တဲ့ လောကဓံတွေဆိုတော့ လူတိုင်း တွေ့နေ ကြုံနေကြရပါတယ်... စိတ်ပင်ပန်း လူပင်ပန်းနဲ့ ဘဝတွေကိုဖြတ်သန်းနေကြရပါတယ်... လူဖြစ်လာရတာ မတန်သလိုပဲ...
မည်သို့ပင်ဆိုစေကာမူ နှစ်သစ်ကူးအချိန်ခါမှာတော့ မိတ်ဆွေများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပြီးတော့ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်စုံနိုင်ကြပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါကြောင််းပါခင်ဗျာ...
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာအပေါင်းနဲ့ပြည့်စုံအောင် ကြိုးစားအားထုတ်နိုင်ကြပါစေ...
အားလုံးကို လေးစားလျှက်