အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
မိတ်ဆွေများကို အသိပေးတဲ့ပို့စ် သတိပေးတဲ့ ပို့စ်လေးတစ်ခုဖြစ်ပါတယ်.... ကျွန်တော်ခံလိုက်ရသလို ကျွန်တော်ဆုံးရှုံးလိုက်ရသလို မိတ်ဆွေများကို မခံကြရအောင် မဆုံးရှုံးကြရအောင် အသိပေးဆိုလည်းဟုတ် သတိပေးဆိုလည်း ဟုတ်တဲ့ စာလေးတွေပဲဖြစ်ပါတယ်... သိသူတွေလည်း သိထားပြီးဖြစ်ပေမယ့် အကြောင်းစုံတော့ မသိကြသေးလေတော့ ပို့စ်တစ်ခုအဖြစ်ရေးသားလိုက်ပါတယ်... သတိပြုကြ ဆင်ခြင်ကြနိုင်စေဖို့ရည်ရွယ်ပါတယ်... စာကနည်းနည်းတော့ရှည်သွားနိုင်ပါတယ်... ပို့စ်ခွဲပြီးလည်း မတင်နိုင်လို့ပါ...
ဖြစ်ပုံကတော့ ဗီဗို(Vivo)ဖုန်းအတွက် ဆော့ဝဲလ်လိုအပ်လို့ ဒေါင်းဖို့လိုက်ရှာရင်းနဲ့ ဖြစ်တာပါပဲ... သင့်တော်မယ်ထင်တဲ့ဆော့ဝဲလ်တွေ့လို့ ဝင်ဒေါင်းလိုက်ပါတယ်... ဒေါင်းလိုက်တဲ့ Link ကိုတော့ မမှတ်မိတော့ပါဘူး... ဒေါင်းပြီးတော့ Setup လုပ်လိုက်တဲ့အချိန်ကစပြီးတော့ ကွန်ပျူတာက ဘာမှခိုင်းမရတော့ပဲ ရပ်နေပါတော့တယ်... အခြေအနေမဟန်ဘူးဆိုတာတော့ သိလိုက်ပါတယ်...
ကွန်ပျူတာကိုပိတ်လိုက် ဖွင့်လိုက်နဲ့ အကြိမ်တော်တော်များများ လုပ်နေခဲ့မိပါတယ်... ဒါနဲ့ပဲ ဗိုင်းရပ်စ်လို့ခေါ်တဲ့ Ransomware က ကွန်ပျူတာကို ဝင်ရောက်နေရာယူသွားပါတယ်... Hardiskထဲမှာရှိသမျှ Data အားလုံးကလည်း ဖွင့်လို့မရတော့ပါဘူး... ကိုယ်စုဆောင်းထားသမျှတွေ အကုန်ဆုံးရှုံးသွားတဲ့သဘောပါပဲ... Data တွေကလည်း အစုံပါပဲ...
Data တွေကို ပြန်လိုချင်ရင်တော့ သူတို့ကိုဆက်သွယ်ပြီးတော့ ဆော့ဝဲလ်ဝယ်ပါတဲ့... Folder အဆင့်တိုင်းမှာ _readme ဆိုတဲ့ ဖိုင်တွေရောက်နေပါတော့တယ်... Folder အဆင့်တိုင်းမှာနော်... တစ်ခုတည်းမဟုတ်ဘူးနော်... Folder တစ်ခု _readme ဖိုင်တစ်ခုနဲ့ အများကြီးပါပဲ... အဲဒီဖိုင်ထဲမှာ ဘာတွေရေးထားသလဲဆိုတာကို အောက်မှာကြည့်ကြပါတော့...
ကဲ-စိတ်မပူပါနဲ့တဲ့... ဟုတ်ကဲ့ မပူတော့ပါဘူးဗျာ... ဖိုင်တွေကိုပြန်ရမှာပါဆိုပဲ... သူတို့ကိုဆက်သွယ်ပြီးတော့ Decrypt ပြန်လုပ်ရမယ့် ဆော့ဝဲလ်ကိုဝယ်ယူအားပေးပါတဲ့... ဒေါ်လာ ၉၈၀($980)ပဲကျသင့်မှာပါတဲ့... ၇၂ နာရီအတွင်းမှာ ဝယ်ယူမယ်ဆိုရင်တော့ လျော့ဈေးအနေနဲ့ဒေါ်လာ ၄၉၀($490)ပဲကုန်ကျမှာပါတဲ့... ဟုတ်ကဲ့... အဲသလောက်မတတ်နိုင်လို့ပါခင်ဗျာ... Data အားလုံးကတော့ အောက်မှာမြင်ရတဲ့အတိုင်း ဖိုင်အားလုံးကတော့ extention ပြောင်းသွားတာမြင်ရမှာပါ... .UDLAဆိုပြီးတော့ ရှိသမျှဖိုင်တိုင်းပြောင်းကုန်တာ မြင်ရပါလိမ့်မယ်...
ကျွန်တော့်ရဲ့ ချစ်လှစွာသောမိတ်ဆွေများကို အကြံပြုလိုတာကတော့ မဆုံးရှုံးချင်ရင် ဘာမှန်းမသိတဲ့ Website တွေ Link တွေကို မနှိပ်မိကြဖို့ မဝင်မိကြဖို့ အသိပေးလိုက်ပါတယ်... ကျွန်တော့်အနေနဲ့ကတော့ ဘာက ဘယ်လိုဆိုတာ သေချာမသိလိုက်ရပဲနဲ့ ဘာကိုသွားနှိပ်လိုက်မိမှန်းကိုမသိလိုက်ရပဲနဲ့ ဆုံးရှုံးမှုအနည်းငယ်ကိုခံစားလိုက်ရတာပဲဖြစ်ပါတယ်... အများကြီးမရှိတဲ့သူဖြစ်တဲ့အတွက် ဆုံးရှုံးမှုလည်း အနည်းငယ်ပဲရှိတာပါ... အများကြီးရှိနေသူတွေ အများကြီးဆုံးရှုံးသွားနိုင်ပါတယ်... သူတို့တောင်းတဲ့ငွေပေးပြီး ဆော့ဝဲလ်ဝယ်ယူသည့်တိုင် ကိုယ့်ဒေတာတွေ ပြန်ရမရက မသေချာပါဘူး... ဘယ်လိုစိတ်မျိုးနဲ့ ယုံကြည်နိုင်မလဲဆိုတာ စဉ်းစားသာကြည့်ကြပေတော့... ကျွန်တော့်ဒေတာတွေကတော့ သေချာပေါက် ပြန်မရတော့ပါဘူး... အဲဒီ ဗိုင်းရပ်စ်ဒုက္ခမပေးအောင်လို့ Windows အသစ်ပြန်တင်လိုက်တဲ့အတွက် ဘာမှပြန်မရတော့တာလည်း တစ်ခုအပါအဝင်ပေါ့... အဲဒီအကောင် ထိပြီဆိုရင် Window အသစ်မတင်မိဖို့လိုပါသတဲ့ဗျာ...
Hive Platform မှာလည်းအလွန်များပြားတဲ့ သူခိုးတွေ ကိုယ့်အကောင့်ကို ခိုးယူဖို့ နည်းမျိုးစုံနဲ့ လောဘကိုဆွပေးနေတာ မြင်ရမှာပါ... လောဘမတက်ဖို့ သတိအလွန်ထားဖို့ သတိပေးလိုပါတယ်... Hive နဲ့ပတ်သက်လို့ ကျွန်တော်ဘာမှားသွားလဲဆိုတာ ခုချိန်ထိ စဉ်းစားလို့မရပါဘူးဗျာ... Splinterlands game မှာ ကျွန်တော်မဲပေါက်ထားတဲ့ CRYPT MANCER ကြီးလည်း ပါသွားရှာပါပြီ... အခြားကတ်လေးတွေလည်း ပါသွားခဲ့ပါပြီ... Support တော့တင်ထားပေမယ့် မသေချာတော့ပါဘူး... ကျွန်တော့်အကောင့်ကို ခိုးယူတဲ့သူခိုးအကောင့်နာမည်ကိုတော့ အောက်ကပုံထဲမှာ မြင်နိုင်ပါတယ်...
ထပ်မံသတိပေးလိုတာက ကိုယ့်အကောင့်လေး သို့တည်းမဟုတ် ကိုယ့်ပိုင်ဆိုင်မှုလေးတွေ ပါမသွားစေဖို့အတွက် တွေ့သမျှ Link တွေကိုမနှိပ်မိစေဖို့ရယ်... အလကား(Free)ရမယ်ဆိုတဲ့ Link တွေရယ်... Software Download Link တွေရယ်ကို သေချာမစိစစ်ပဲနဲ့ မနှိပ်ကြပါနဲ့လို့... အလကားဆိုတာ ဘာမှမရှိ ဆိုတာလေးကိုလည်း ထပ်မံပြီးတော့ စကားလက်ဆောင်ပါးလိုက်ပါတယ်... အားလုံးသောမိတ်ဆွေအပေါင်း ရပြီးသားစည်းစိမ်ချမ်းသာလေးတွေ မပျောက်ပျက် မဆုံးကြပါစေဖို့ ထိန်းသိမ်းနိုင်ကြပါစေ
အားလုံးကို လေးစားလျှက်-