အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
အခုခေတ်ကာလမှာ ရုပ်ပိုင်းဆိုင်ရာတွေ တိုးတက်လာတဲ့အတွက် လူငယ်အများစုက ရေသာခိုလာတတ်ကြပြီး သက်တောင့်သက်သာပဲ နေလိုတဲ့စိတ်တွေက များနေတယ်လို့ မြင်မိတယ်။ ပညာကိုလိုချင်စိတ် ပြင်းထန်မှုနည်းပါးလာကြတယ်။ ပညာလို့ပြောတဲ့နေရာမှာ စာရွက်ပေါ်က ပညာတွေကိုပဲပြောတာမဟုတ်ပါဘူး။ နည်းပညာတွေ တိုးတက်ထွန်းကားတဲ့ခေတ်မှာ လူဖြစ်လာတဲ့အတွက် နည်းပညာနဲ့ရင်းနှိးကျွမ်းဝင်နေတာကို ပညာလို့ထင်နေတတ်ကြတယ်။
ဒီတော့ယနေ့ခေတ်လူငယ်အများစုက ခေတ်မီပစ္စည်း နည်းပညာတွေနဲ့ ဘဝကို သက်တောင့် သက်သာနဲ့နေထိုင်ချင်လာကြတယ်။ ဒါဟာကောင်းတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ အားထုတ်မှုပြုလုပ်ဖို့အတွက်တော့ မစဉ်းစားပဲ ဖြတ်လမ်းနည်းကို အသုံးပြုလာကြတယ်။ လိုအပ်တဲ့ပညာရပ်ကို သင်ယူဖို့ စိတ်မဝင်စားတတ်ကြပဲ သက်တောင့်သက်သာ နေရရေးကိုပဲ စိတ်ဝင်စားခြင်းသာဖြစ်နေတယ်။
အင်တာနက်မှာ သိချင်တဲ့အရာကို အလွယ်တကူ ရှာလို့ရတယ်ဆိုတာနဲ့ ပညာကိုသင်ယူစရာမလိုဘူးလို့ မှတ်ယူကြပုံရတယ်။ အင်တာနကါကရတဲ့အရာတွေက အချို့အရာတွေကို အနည်းငယ်ဖြေရှင်းပေးနိုင်တာအမှန်ဖြစ်ပေမယ့် ပညာတစ်ခုရဲ့ နက်ရှိုင်းတဲ့ အပိုင်းတွေကိုတော့ သိနိုင်မယ် မထင်ပါဘူး။ ဒါအပြင့် အခြားလူတစ်ယောက်ကို ဆရာတင်ပြီး ပညာသင်ဖို့ မလိုဘူးလို့လည်း ထင်မှတ်ကုန်ကြတယ်။
ခွန်အား ဉာဏ်အား ပြည့်စုံနေတဲ့ လူငယ်အရွယ်မှာ သက်တောင့်သက်သာနေခဲ့မယ်ဆိုရင် ခွန်အား ဉာဏ်အားနည်းပါးတဲ့ အသက်အရွယ်ရောက်တဲ့အခါ ဆင်းရဲတွင်းထဲကျနိုင်ပါတယ်။ ငယ်ရွယ်ချိန်မှာ ချောင်ချောက်ချိချိ နေခဲ့ရင် နောင်တချိန်မှာ ကျပ်ကျပ်တည်းတည်းနေထိုင်ကြရမှာဖြစ်တယ်။ ပြောင်းပြန်အနေနဲ့က ငယ်ရွယ်တဲ့အချိန်မှာ ကိပ်ကျပ်တည်းတည်း နေထိုင်ခဲ့ရင် နောင်တချိန်မှာ ချောင်ခေထာင်ချိချိနေသွားနိုင်မှာဖြစ်ပါတယ်။ ဘဝအတွက် လိုအပ်တဲ့ အရာတွေကိုစုဆောင်းနိုင်မှ သက်တောင့် သက်သာနေနိုင်မယ်မဟုတ်လား။
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -