အားလုံးသော မိတ်ဆွေများ မင်္ဂလာပါ.....
လူ့သက်တမ်းကြာလာတဲ့အမျှ အမှန်တရားဆိုတာတွေက ပြောင်းလဲသွားတတ်ကိုတွေ့ရသဗျ။ ငယ်စဉ်ကလေးဘဝတုံးက မှန်တယ်လို့ ထင်ထားတဲ့အရာတွေက အလယ်တန်းလောက်ရောက်တဲ့အခါ မမှန်တော့ဘူးလို့ထင်လာတယ်။ အလယ်တန်းတုံးက မှန်တယ်လို့ယူဆထားတာတွေက တက္ကသိုလ်ကျောင်းသားဘဝရောက်တဲ့အခါ မှားတာ်လြိ့ထင်ပြန်တယ်။ ကျောင်းသားဘဝကုန်ဆုံးလို့ အလုပ်ခွင်တဲ့ရောက်တဲ့အခါမှာကျပြန်တော့လည်း တက္ကသိုလ်တုံးကမှန်တယ်လို့ ထင်တာတွေကို မမှန်ဘူးလို့ထင်ပြန်တယ်။
အဲဒီလိုကိစ္စတွေကို စဉ်းစားကြည့်ရင် အမှန်တရားဆိုတာက ပြောင်းလဲနေသလားလို့ ထင်မိတော့တာပဲ။ တကယ်တော့ အမှန်တရားက ပြောင်းလဲနေတာမဟုတ်ပဲ ကျုပ်တို့တွေရဲ့ ခံယူမိတဲ့ အတွေးအခေါ် အယူအဆ အတွေ့အကြုံတွေကြောင့် ပြောင်းလဲသွားတယ်လို့ ထင်မိတာပဲ။ တကယ်တမ်းကတော့ အမှန်တရားဆိုတဲ့နေရာမှာ သဘာဝဓမ္မအမှန်တရားကမှ တကယ့်အမှန်တရားလို့ ထင်မိပါသဗျ။ မိတ်ဆွေတို့ရော ဘယ်လိုထင်ကြသလဲ။ သဘာဝအမှန်တရားက ဘယ်တော့မှမပြောင်းလဲဘူးလို့ မြင်မိတယ်။ သဘာဝအမှန်တရားဆြိတာက လူ တိရစ္ဆာန် ဘာသာ လူမျိုး နေရာဒေသ အခြေအနေ အချိန်အခါမရွေးပဲ မှန်တယ်။
ခေတ္တခဏ အမှန်တရားတွေလည်း လူ့လောကကြီးမှာ ပေါမှပေါဗျာ။ အရာရှိဖြစ်နေတုံးက အမှန်တရားက ပင်စင်ယူလိုက်တဲ့အခါ အမှန်တရားမဟုတ်တော့ဘူး။ ဒီနေရာအတွက်မှန်ပြီး နေရာပြောင်းသွားတော့ မမှန်ဘူး။ အသက်ငယ်တုံးကတော့ မှန်ပြီး အသက်ကြီးတော့မမှန်ဘူး။ လျောက်ရေးရင်တော့ အများကြီးပဲဖြစ်ကုန်နိုင်တယ်။ ခဏတာအမှန်တရားတွေက နေရာဒေသအချိန်တွေကြောင့်မှန်နေတတ်တာမျိုးကိုးဗျ။ ဒါနဲ့ပတ်သကပြီးလည်း ဟိုးအရင်ကလည်း ကျုပ်ရေးခဲ့ဖူးတယ်လို့ထက်တာပဲ။ မမှတ်မိတော့ဘူးဗျို့။ ဒါအသက်ကြီးသွားပြီဆိုတဲ့ အမှန်တရားတစ်ခုပဲ 😁
လောကကြီးထဲမှာ အသက်ရှင်သန်နိုင်ဖို့အတွက် အလုအယက် စီးပွားရှာနေကြရသူတွေကိုမေးကြည့်၊ ကျောင်းတုံးက အမှန်လို့ယူဆတဲ့အရာတွေ မှန်သေးသလားလို့။ အချို့လူတွေအတွက် နှုတ်ဆိတ်နေတာ အမှန်ဖြစ်ပေမယ့် တချို့အတွက်တော့ စကားများများပြောတာ အမှန်ဖြစ်နေတတ်သဗျ။ ဆိုတောဘကာ တကယ့် သဘာဝဓမ္မ အမှန်တရားကို လူတွေအကုန်သိသဗျ။ သတ္တဝါတွေအကုန်လုံး မွေးလာပြီးရင် သေရမယ်။ ကဲ ဘယ်သူငြင်းနိုင်မလဲ။ တကယ့် သဘာဝဓမ္မ အမှန်တရားစစ်စစ်တွေကို သိချင်ရင်တော့ မြတ်ဗုဒ္ဓရဲ့ တရားဒေသနာတော်တွေကို လေ့လာကြပေတော့ဗျို့။ အီးယောင်ဝါးအဆင့်လောက်နဲ့တော့ မရဘူးပေါ့လေ။
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -