ကျွန်မရဲ့ကျောင်းအကြောင်းကိုရေးဖို့အစီစဉ်မရှိပေမဲ့ သူငယ်ချင်းကကျောင်းအကြောင်းဖတ်ချင်တာရယ်၊sharing is caring ဖြစ်တာရယ်ကြောင့်တတ်သလောက်မှတ်သလောက်ဝေမျှလိုက်ရပါတယ်။
Photo from MUFL page
၁၀တန်းပီးစအချိန် ကျွန်မတို့ရဲ့ပတ်ဝန်းကျင်အသိအမြင်တေကအတော်လေးကျဉ်းလှပါတယ်။တောင်ပေါ်မြို့ဖြစ်တဲ့တောင်ကြီးမြို့မာ ကျောင်းပီးတာနဲ့ ကျောင်းသား၁၀၀%မှာ ၉၉%လောက်က ဒီcomfort zone ကနေရုန်းမထွက်နိုင်ကြပါဘူး။အမှတ်ဘယ်လောက်ကောင်းကောင်း ဒီမြို့မာရှိတဲ့ကျောင်းတေကိုသာတက်ကြတာများပါတယ်။တနယ်တကျေးကိုပြောင်းလိုစိတ်များမရှိခဲ့ကြပါဘူး။သိလဲမသိခဲ့ကြပါဘူး။အခုကျွန်မတက်နေတဲ့ကျောင်းဖြစ်တဲ့ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်(MUFL)မှအသိအမတယောက်၏ လမ်းညွန်ချက်ကြောင့် ကျောင်းလျောက်ရာ ပထမဦးစားပေးတွင် ဤကျောင်းကိုလျောက်ဖြစ်ခဲ့ပါသည်။ကျွန်မသည်လဲ ဤcomfort zone ထဲမှကျောင်းကိုလဲလျှောက်ခဲ့ပါသေးသည်။သို့သော်ကံကောင်းချင်၍လားမသိ MUFL တွင်ကျောင်းလက်ခံစာတွင်ကျွန်မနာမည်ပါလာခဲ့ပါသည်။ထိုအချိန်ကဤ comfort zone အကြောင်းမသိသေးသော်လည်း ယခုအတော်လေးကို နာစလည်သဘောပေါက်ကာ တော်ပါသေးတယ် ဟူ၍သက်ပျင်းချနိုင်ပီဖြစ်သည်။
Photo from MUFL page
သို့သော် ယခု ရောဂါဘေး မင်းဘေးတို့ကြောင့် ဤzoneထဲသို့ ပြန်ရောက်လာရတုန်းပါပဲလား။
ကျွန်မတို့ရဲ့ကျောင်းအကြောင်းကိုဆက်ပါမည်။နိုင်ငံခြားဘာသာတက္ကသိုလ်ဖြစ်သည့်အလျောက် ဘာသာစကားအဓိကသင်ကြားသောကျောင်းဖြစ်ပါသည်။တက္ကသိုလ်မေဂျာကျလာသည့်အချိန်တွင် ၁၀ယောက်မှာ ၆ယောက်လောက်က အပြင်မာသင်တန်းတက်လဲရတယ် ကျောင်းပီးရင်ဘာလုပ်မာလဲ စသော negative feedback များစွာရခဲ့ပါသေးသည်။သို့သော် မတူပါ အပြင်သင်တန်းသည် အချိန်အနည်းငယ်ဖြင့်သာတက်ရောက်သင်ကြားနိုင်သောကြောင့် တခြားနိုင်ငံ၏ယဉ်ကျေးမှူ ရိုးရာ အစားအသောက် နေထိုင်မှုပုံစံများကိုမသင်ကြားပေးနိုင်ပါ။ကျွန်မတို့၏ကျောင်းတွင် ထိုအရာအားလုံးကိုသင်ကြားပေးသည်။သင်ယူနေသော ဘာသာစကား၏ native ဆရာမများလဲရှိသည်။ဉပမာ ကျွန်မသင်ယူနေသော ထိုင်းဘာသာဌာနတွင် ထိုင်းနိုင်ငံသားအနည်းဆုံး၂ဦးခန့်ရှိသည်။
Photo from MUFL page
ထိုဆရာဆရာမများထံမှ ထိုင်းနိုင်ငံ၏ရိုးရာ ယဉ်ကျေးမှုအားလုံး သင်ယူရရှိပါသည်။ကျောင်းပီးရင်ဘာလုပ်မလဲဆိုသည့်မေးခွန်းအတွက်ကတော့ ကိုယ်တတ်ထားသည့်ပညာဖြင့်လုပ်စားနေတာက ၁၀၀မှာ ၅၀လောက်တောင်မရှိဘူးမဟုတ်လား။ကျွန်မတို့ကတော့ဘာသာစကားတခုကိုကျွမ်းကျင်ပိုသ်နိုင်စွာ ပြောဆိုသုံးစွဲနိုင်သည်။
ကျွန်မတို့၏ကျောင်းတွင် မေဂျာပေါင်း၉ခုရှိပါတယ်။ အဂ်လိပ်၊ဂျပန်၊တရုတ်၊ပြင်သစ်၊ကိုးရီးယား၊ထိုင်း၊ဂျာမန်၊ရရှားနှင့်မြန်မာစာတို့ပဲဖြစ်ပါတယ်။ကျောင်းတွင် မြန်မာစာသင်ယူနေတဲ့နိုင်ငံခြားသားများရှိပါတယ်။အများစုကတရုတ်လူမျိုးများဖြစ်ကြပါတယ်။
ကျွန်မတို့ကျောင်းရဲ့အားနည်းချက်တခုကတော့ကိုယ်တက်ချင်တဲ့မေဂျာတက်လို့မရပါဘူး။အမှတ်ဖြင့်ကန့်သတ်ထားတာပါ။ငယ်ကတည်းက ကိုးရီးယားကားကြည့်ရတာကြိုက်သည့်ကျွန်မ ကိုးရီးယားမေဂျာအလွန်တက်ချင်ခဲ့သော်လည်း အမှတ်ပေါင်း(၄၂၂)သာဖြစ်သောကျွန်မအဖို့ (၄၄၃)ဖြင့် guide line ဖြတ်ချလိုက်သော ကိုးရီးယားမေဂျာကို တက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ကျန်၃ဘာသာတွင် ကျွန်မ၏ဒုတိယဦးစားပေးဖြစ်သော ထိုင်းဘာသာကျန်သေး၍သာကျေးဇူးတင်ရမလိုပင်။
ကျောင်းတွင် အဂ်လိပ်မေဂျာသည် အမှတ်အမြင့်ဆုံးမေဂျာဖြစ်သည်။guide line(၄၇၅)ဖြင့်ကျွန်မတို့နှစ်က ဖြတ်ချသည်။နောက်ဂျပန်၊တရုတ်၊ပြင်သစ်စသည်ဖြင့်ဖြစ်သည်။အမှတ်ပေါင်း (၄၉၀)ကျော်သူအဖို့ ကြိုက်ရာမေဂျာယူရုံပင်။
ဤသိုဖြင့်ကျွန်မထိုင်းမေဂျာသို့ရောက်ခဲ့သည်။
ပျော်ပွဲရွှင်ပွဲအလွန်များသောကျွန်မတို့ကျောင်းအကြောင်း အပိုင်း၂ဖြင့်တင်ပြပါဦးမည်။
မျှော်…