ဒီနေ့ paper craft မပြုလုပ်ဖြစ်တော့ပဲပန်းချီဆွဲထားပါတယ်။သဘာဝမြင်ကွင်းတစ်ခုပါ။သစ်ကိုင်းမှာငှက်နှစ်ကောင်၊ပန်းပွင့်တွေ၊သစ်ရွက်တွေနဲ့ပုံဖော်ထားပါတယ်။ဒီပန်းချီဆွဲလိုက်တာကအခြားကြောင့်မဟုတ်ပါဘူး။စက္ကူအလှဆင်ပုံတစ်ခုတွေ့မိလို့ဒီကနေစိတ်ကူးရသွားတာပါ။ဒီပုံမှာပန်းပွင့်ကိုနှင်းဆီပွင့်လိုမျိုးပုံစံနဲ့အခြားပန်းပွင့်ပုံစံတစ်ခုဆွဲလိုက်ပါတယ်။ဒါကလည်းပန်းပွင့်နှစ်မျိုးဖြစ်နေပြီးသဘာဝတော့သိပ်မကျပါဘူး။တကယ်ကပန်းချီဆွဲချင်နေတာကြောင့်ပါ။ဒီထက်ပိုတိုးတက်လာအောင်လေ့ကျင့်နေတာပါ။ပန်းချီအတွက်အများကြီးလေ့လာရဦးမယ်ထင်ပါတယ်။ဒီလိုပဲစိတ်ကူးထဲမှာရှိတဲ့အတိုင်းပုံဆွဲကြည့်တာပါ။
ဒီပုံအတွက်စက္ကူပေါ်ရေဆေးကိုအသုံးပြု၍ဆွဲထားပါတယ်။ပထမဆုံးသစ်ကိုင်းပုံစံအရင်ဆွဲပြီး၊ငှက်နှစ်ကောင်ဆွဲကာဆေးခြယ်လိုက်ပါတယ်။ငှက်တွေမှာရောင်စုံခြယ်ထားပါတယ်။ပြီးနောက်သစ်ရွက်တွေ၊ပန်းပွင့်တွေဆွဲလိုက်ပါတယ်။ပန်းပွင့်ကိုတော့နှစ်မျိုးဆွဲထားပါတယ်။ဒီတစ်ခုမှာအားလုံးဆွဲပြီးတော့ပန်းပွင့်ကိုနောက်ဆုံးမှဆွဲပါတယ်။ဒါပေမဲ့ပန်းပွင့်တွေကိုမလှဘူးလို့ထင်ပါတယ်။ဒီပန်းပွင့်လေးတွေကြောင့်ပန်းချီကသဘာဝမကျတော့ဘူးတွေးမိလို့ပါ။ဒါပေမဲ့ပိုစ့်တင်လိုက်ပါတယ်။ပုံလှလှလေးတွေလည်းရိုက်လိုက်ပြီးပိုလှပအောင်နည်းနည်းထပ်ပြင်ဆင်လိုက်ပါတယ်။လာမဲ့ပိုစ့်ကျရင်စက္ကူအလှဆင်တွေပြန်လုပ်ပြီးပိုစ့်တင်မှာပါ။