သင်္ကြန်အကြို့နေရဲ့ နေမင်းကြီးပေါ့။သင်္ကြန်ဆိုတာ မရှိဘူး။ သင်္ကြန်မလုပ်ဘူးဆိုပေမဲ့ သိကြားမင်းတော့ ကြိုဖြစ်တာပေါ့။ ထုံတမ်း ဓလေ့အရပေါ့။ကြိုဆိုလိုက်ပါတယ် သကြားမင်းရေ။အရင်က လူကြီးတွေပြောတာတော့ သိကြားမင်းကြိုရတယ်တဲ့။ သိကြားမင်း ကြိုပီးတော့ သိကြားမင်းဆင်းလာရင် ကောင်းသူကယ်ပီး မကောင်းသူပါယ်တယ် ကြားဖူးပါတယ်လေ။
ခုရော သိကြားမင်းရေ ကောင်းသူတွေကယ်ပီး မကောင်းသူတွေ ပါယ်ဖို့ အချိန်တန်ပီ ထင်ပါရဲ့နော်။ မကောင်းမူတွေလုပ်နေတာမြင်ရက်နဲ့ ပစ်ပယ်တော့ မထားပါနဲ့ သိကြားမင်း ကိုပြောပြဖို့ ကြိုနေပါတယ်။ သိကြားမင်းလည်း တာဝန်တွေများမေ့လျော့နေလေလား။
သင်္ကြန်ကြိုပီး ပြောပြချင်လို့ ကြွခဲ့ပေးပါရှင့်။ နိုင်ငံတော်က အားလုံးရဲ့အသံ ဝေးနေလို့ မကြားမိနေမှာမို့။ ဆင်းကြွပီး နားထောင်ပေးပါအုံး တောင်းပန်ချင်ပါတယ် သိကြားမင်းရှင့်။