Hive - Myanmar အဖွဲ့သားများအားလုံး ကိုယ်၏ကျန်းမာခြင်း ၊ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ။
ရေးစရာ အကြောင်းအရာ များစွာရှိပေမယ့် ရေးချင်စိတ်ရယ် အထွေအထူး မရှိတာမို့ ပေါ့ပေါ့ပါးပါး လေးပဲ ရေးဖြစ်ပါတယ်။
ခေါင်းစဥ်ကတော့ ထုံးစံအတိုင်း သမုဒ္ဒရာ၀မ်းတစ်ထွာ ဆိုပြီး ကြီးကြီးကျယ်ကျယ် လေး ပေးထားပါတယ်။
တစ်ထွာပဲရှိတဲ့ ၀မ်းရေးရဲ့ ဖြည့်တိုင်း မပြည့်နိုင်တဲ့ အဖြစ်ကို ကျယ်ပြောလှတဲ့ သမုဒ္ဒရာ မှာ ရေတွေ ဘယ်လောက် စီးဆင်းသွားပါစေ မပြည့်နိုင်တဲ့အကြောင်းကို တင်စားရေးသားထားတာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ၀မ်းဗိုက်ဟာ တစ်ထွာသာသာပဲ ရှိတယ်လို့ဆိုပေမယ့် နေ့စဥ်နေ့စဥ် ဖြည့် နေရတဲ့ အစားအစာ နဲ့ အာဟာရ တွေကတော့ ဖြည့်တိုင်းလည်းမပြည့်နိုင်သလို မသေမချင်း အစားအစာ နဲ့ကင်းကွာလို့မရပါဘူး။ ဒါကြောင့်ပဲ သမုဒ္ဒရာ ၀မ်းတစ်ထွာ ဆိုတဲ့ စာသား ပေါ်ပေါက်လာခဲ့တယ်ထင်ပါတယ်။
ကျနော်တို့ရဲ့ နိစ္စဓူ၀ အချက် ၃ ချက်ဖြစ်တဲ့ စား၀တ်နေရေး မှာကို အစားအစာက နံပါတ်တစ် ၊ အ၀တ်က နံပါတ် ၂ နဲ့ နေထိုင်ရေးကတော့ နံပါတ် ၃ နေရာမှာရှိပါတယ်။ ဒါကြောင့်ပဲ နေ့စဥ် ရုန်းကန် လှုပ်ရှားနေရခြင်းတွေမှာ အစားအစာကို ကောင်းမွန်ပြည့်စုံစွာ စားသုံးဖို့ လိုအပ်တာပဲဖြစ်ပါတယ်။ ကျန်းမာဖို့ ခွန်းအားပြည့်၀နေဖို့ လိုအပ်သလို ၊ လုံလောက်တဲ့ အားအင်ပြည့်နေမှ ခန္ဓာကိုယ်ကလည်း ကျန်းမာနေမှာဖြစ်ပါတယ်။
အူမတောင့်မှ သီလစောင့်ခြင်းနှင့် သီလစောင့်မှ အူမတောင့်ခြင်းသည် အငြင်းပွားဖွယ်ရှိသော်လည်း အမှန်တကယ်တွင် သီလစောင့်စည်းပြီး အူမ မတောင့်လျှင် သေဖွယ်ရာသာရှိပါသည်။ အူမတောင့်မှသာ ကြာရှည်စွာ သီလ စောင့်နိုင်မည်ဖြစ်ပါသည်။ တစ်ထွာမျှသော၀မ်းသည် ထိုမျှ အရေးပါလှပါသည်။
ထိုမျှအရေးပါသော ၀မ်းကို သန့်ရှင်းစွာ ထားရန်လည်း လိုအပ်ပါတယ်။ ၀မ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး ဆိုသော စကားလည်းရှိပေသည်။ ထို့ကြောင့် အစားအစာ စားသောက်ရာတွင် ပူလွန်း စပ်လွန်းသော အစားအစားများနှင့် ၀မ်းချုပ်စာများကို သတိထား ဆင်ခြင်ပြီး စားသောက်ရန်လိုအပ်ပါတယ်။
၀မ်းကိုလည်း တလ ၂ကြိမ်ခန့် ၀မ်းပျော့ဆေး စားခြင်း ကဲ့သို့ ပြုလုပ်သင့်ပါတယ်။ ကျွတော်ကတော့ အရင်က ၀မ်းပျော့ဆေး စားဖြစ်ပေမယ့် နောက်ပိုင်းမှာ မန်ကျည်းသီးနှင့် ထန်းညက်ခဲ ကို ရေသန့်တစ်ဗူးစာ စိမ်ပြီး သောက်ဖြစ်ပါတယ်။ မန်ကျည်းသီးရဲ့ အာနိသင်ကြောင့် အူအတွင်းပိုင်း ကို ပိုမို သန့်စင်ပေးနိုင်သည်ဟု ထင်မြင်မိပါသည်။
ကျွန်တော်၏ ချစ်လှစွာသော ညီအစ်ကို မိတ်ဆွေ များအနေနှင့်လည်း ၀မ်းနှုတ်ဆေး စားခြင်းထက် သဘာ၀ မန်ကျည်းသီးနဲ့ ထန်းညက်ခဲ အား ဖျော်သောက်ခြင်းသည် ပိုမို ကောင်းမွန်သည်မို့ စမ်းကြည့်စေချင်ပါတယ်ခင်ဗျာ။
ပုံကတော့ ခရမ်းချဥ်သီး အစာသိပ်ပဲ ဖြစ်ပါတယ်။ အခြားထည့်စရာပုံ မရှိတာမို့ အဆင်ပြေတာလေးပဲ ထည့်လိုက်ပါတယ်။