ကျွန်တော့်ဒေသရှိ အိမ်ထောင်စုအားလုံးထဲက အများစုမှာ အခြေခံလူတန်းစားတွေသာ ဖြစ်ပါတယ်။လယ်ပိုင်ယာပိုင်တွေဆီမှာ ကောက်စိုက်၊ပျိုးနုတ်၊ကောက်ရိတ် စသည့် နေ့စားအလုပ်များ လုပ်ကိုင်ကြသလို အင်ဖက်ကို သွားကောက်ယူ၍ အင်ဖက်ထိုးကာ ရောင်းချကြပြီး တစ်ဝမ်းတစ်ထွာအတွက် နေ့စဉ် ရုန်းကန်လှုပ်ရှားလျက်ရှိကြပါတယ်။
**အင်ဖက်****
အင်ဖက်ကို မည်သည့်အမိုးအကာမဆို အသုံးပြုနိုင်ပါတယ်။သွပ်မိုးမပေါ်ခင်ကတည်းက အင်ဖက်မိုး၊အင်ဖက်ထရံကာဖြင့်ကျွန်တော်တို့ ကရင်လူမျိုးတွေက နေထိုင်လာခဲ့ကြပြီး ယနေ့ထက်တိုင် ဆက်လက်အသုံးပြုနေဆဲဖြစ်ပါတယ်။
အင်ဖက်ကို ၅၀ ပျစ်တစ်ထုပ် ထုပ်ပိုးကြပြီး ၁၀၀ပျစ်ကို ကျပ်တန်ဖိုး ၇၀၀၀-၉၀၀၀ ဝန်းကျင် ရောင်းဈေးရပါတယ်။
ငွေအရင်းအနှီးစိုက်ထုတ်စရာမလိုပဲလုပ်အားမျှသာ စိုက်ထုတ်ရသော အလုပ်တစ်ခုဖြစ်ပါတယ်။အင်ဖက်တစ်ပျစ်ဖြစ်ဖို့ရာ-
၁။အင်ဖက်
၂။ဝါး
၃။ရေ လိုအပ်ပါတယ်။
နံနက်စောစော နေမပွင့်ခင် တောထဲသို့သွားပြီး ကုန်းကုန်းကွကွနဲ့အင်ဖက်ကောက်ကြရပါတယ်။အင်ဖက်တွေကို လိုက်ကောက်ရင်း ဆူးထိ ဆူးနွယ်ပင်ရှ ဂရုမစိုက်အားပါ။နေမြင့်လာရင် ဖက်က ကျွပ်ဆတ်လာလို့ရှိရင် ကိုင်လို့ပြုလို့မကောင်းပါ။တစ်ခါတစ်လေ တိုးရင်းတိုးရင်းနဲ့ ဂွေးလျားသီးအပင်အောက် သတိမထားမိဘဲ ရောက်သွားခဲ့ဖူးတယ်။တစ်ကိုယ်လုံးယားယံလာလို့ ဖက်မကောက်နိုင်တော့တဲ့အထိပဲ😅။
ကောက်ရလာတဲ့ဖက်ကို ထုပ်စည်းပြီး သင့်တင့်ရာမှာစုထားကြပါတယ်။အထုပ်များလာတဲ့အခါ ထော်လာဂျီနှင့်သယ်ယူရပါတယ်။ယခင်ကဆို လှည်း၊လူကိုယ်တိုင်ထမ်းရွက် သယ်ဆောင်လာကြတာပါ။
တစ်ချို့သူများက အင်ဖက်ကြွေသည့်ရာသီတစ်လျှောက်လုံး တောထဲမှာပင် တဲထိုး၍ မိသားစုအလိုက် သွားရောက်လုပ်ကိုင်နေကြပါတယ်။
အင်ဖက်ကို ရေစိမ်(သို့)ရေစွတ်(သို့)ရေဖျန်းပေးပြီး စနစ်တကျစီကာ အလေးအပင်ဖြင့်တစ်ရက်၊နှစ်ရက်တိုင်သည် သိပ်ထားပေးပြီးမှ အင်ဖက်ထိုးခြင်းကို လုပ်ဆောင်နိုင်မည် ဖြစ်ပါတယ်။
ကျွန်တော်လည်းပဲ ဝမ်းစာရေးအတွက် အင်ဖက်ကောက်ဖို့ရာ အားမွေးနေကြောင်း.......လေးစားလျက်