ကုန်ဈေးနှုန်းတွေ အဆမတန်ထိုးတက်နေတယ်။အလုပ်လက်မဲ့တွေကလဲ အင်မတန်ကို များပြားလာနေကြပြီ။တစ်နေ့အလုပ်လုပ်မှ တစ်ရက်စာဝမ်းတစ်ထွာအတွက် လည်ပတ်နိုင်မယ့်သူတွေ ဘယ်လိုပုံစံ အခြေအနေမျိုးနဲ့ ရုန်းကန်နေကြပါလိမ့် ? (မတွေးဝံ့ပါ)
ကိုယ့်ဘက်ကိုယ်ယက်နေကြတဲ့ သွေးစုပ်လိပ်မျိုးတွေ ဂုတ်သွေးစုပ်ပြီး ချစ်တီးကုလားလို ကျင့်ကြံ အားထုတ်တော်မူကြတယ်။"ရလေလိုလေ အိုတစ္ဆေလို လောဘသားတွေပ။ကိုယ်နဲ့ တန်းတူ၊ကိုယ့်ထက်နိမ့်ကျသူတွေ အောင်မြင်တာတွေ့ရင် သူတို့နဲ့ ရင်ဘောင်မတန်းမိအောင်၊ကျော်တက်မသွားအောင် နည်းအမျိုးမျိုးနဲ့ ပျက်စီးဆုတ်ယုတ်သွားအောင် ကြံဆောင်လုပ်ဆောင်ကြတယ်။ ရေနစ်သူကို ဝါးကူထိုးပေးရဲကြတဲ့ စိတ်ဓါတ်တွေ ကျွေးမွေးပြုစုလာကြတယ်။
ဘုရားဟော တရားဓမ္မတွေ မေတ္တာသုတ်၊မင်္ဂလသုတ်တွေရဲ့ အနက်အဓိပ္ပါယ်တွေကို မသိလေရော့သလား ?
" အင်းလေ...သူတို့ ရွာတွေက ဟိုဟာလာလဲလက်ခံ ဒီလူလာလဲလက်ခံ ခုတော့ ရွာမှာမနေရဲတော့လို့ ငါတို့ရွာဆီ ပုန်းရှောင်ထွက်ပြေးလာကြရပြီ။အံ့ရော၊ ငါသာဆို ငါ့အိမ်မှာ မခက်ခံဘူး။ အပျက်ပျက်နှာခေါင်းသွေးထွက်မယ် " ကိုယ်ချင်းစာစိတ်မရှိတဲ့ လူ့အတ္တတွေ တမုန့်။
ဟော.... ဟိုမှာ တစ်ရိပ်ရိပ်နဲ့ တက်လာနေတယ် (တိမ်ညိုတိမ်မည်းအလား)ဆီ၊ကြက်သွန်၊အသား၊ငါး ....အစရှိသည့် ကုန်စိမ်းကုန်ခြောက်တွေရဲ့ ကုန်ဈေးနှုန်းတွေ။ပြည်ပမှာ တင်ပို့မှုအား လျှော့နည်းနေရင် ပြည်တွင်းမှာ ပိုလျှံပြီး ဈေးနှုန်းကျဆင်းရမယ့်အစား ဘယ်လိုဘာတွေဖြစ်နေမှန်းမသိ(ဉာဏ်မမီတော့ပါ)အခု ကုန်ဈေးနှုန်းက မိုးပေါ်ကိုထောင်တက်လေတော့ ကျလာရင် ခေါင်းတစ်ခြား ကိုယ်တစ်ခြားဖြစ်မှာ စိုးလို့ အပေါ်ကိုပဲ တစ်ထစ်ပြီးတစ်ထစ် ဂရုတစ်စိုက်တက်နေကြတာလား ဟရို့။
ကျန်းမာခြင်းဆိုတာက
Health is a state of complete physical, mental and social well-being and not merely the absence of disease or infirmity.
ကျန်းမာခြင်းသည် ပြီးပြည့်စုံသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ သာယာမှုရှိသော အခြေအနေတစ်ခုဖြစ်ပြီး အနာဘယကင်းဝေးခြင်းကို ဆိုလိုတယ်။
ဆိုတော့ ကျွန်တော် ကျန်းမာရေးမကောင်းဘူးဗျာ