ခု Post တင်လိုက်တာနောက်ကျသွားတယ်လို့ဆိုနိုင်ပါတယ် ။ ဒါပေမဲ့ ဒီတစ်ရက်ထဲမှာမြင်မိတဲ့ Splinterlands ဆော့တဲ့ လူသစ်အချို့အတွက် အဆင်ပြေနိုင်ပါသေးတယ် ။ ကျွန်တော်ကတော့ Level တစ်ခုအတွက် လိုအပ်တဲ့ card အနည်းငယ်လောက်ကို ခဏတာငှါးပေးဖို့ ဖြစ်ပါတယ် ။ ကျွန်တော့မှာ များလွန်းလို့ ငှါးပေးခြင်းတော့ မဟုတ်ပါ ။ အချင်းချင်းတစ်ယောက်ကို တစ်ယောက် တတ်နိုင်သလောက်လေး ကူညီရင်း ရှေ့ဆက်လိုခြင်းသာဖြစ်ပါသည် ။
အချို့သူများအတွက် Loot Chest တစ်ခုနှစ်ခုပိုရတာက အရမ်းကြီးထူးခြားသွားမှာမဟုတ်ပေမဲ့ Loot Chest တစ်ခုဆိုလဲ တစ်ခုအလိုက် မျှော်လင့်လို့ရနိုင်ပါသေးသည် ။ မျှော်လင့်ချက်လေး ပိုမိုလာနိုင်ရန် ရည်ရွှယ်ပါသည် ။
Comment မှာ မိမိရောက်နေသော Level နှင့် နောက်ထပ်Level တစ်ခုရရန် သေချာနေပြီးသော Rating အတန်းပြည့်ပြီး power အနည်းငယ်လိုအပ်နေသူများအတွက် Loot Chest အနည်းငယ်ပိုရရန် power ကို Season ပြီးချိန်အထိ ခဏတာ ငှါးပေးဖို့ဘဲဖြစ်ပါတယ် ။ ယခုအခါ credit များလည်း အနည်းငယ်ရတတ်လာတာကြောင့် မိမိဖာသာ အနည်းငယ်ငှါးရမ်းချင်းကိုလဲ တတ်နိုင်သလောက်လုပ်ဖို့ကိုလည်း အကြံပါတယ် ။
အပေါ်က Rating အတန်းပြည့်ထားပါက လိုအပ်သော power တစ်ထောင်အောက်ဖြစ်လျှင် ထိုနှစ်ခုပါသေး Screen Shot ကို မိမိ Splinterlands usearname အမည်ဖြင့်တွဲမန့်ပေးပါ ။ အကယ်၍ လူများပါက အရင်မန့်သူ ဦးစားပေးပါမည် .။
အဖိုးတန် ကဒ်များ ရရှိနိုင်ကြပါစေ ။