တစ်ခါကပေါ့ လင်မယားနှစ်ယောက် အိမ်နားကို ပြောင်းလာကြတယ် ။ သိပ်ကို လိုက်ဖက်ပြီး ချစ်ကြတဲ့ အလွန်ပြည့်စုံတဲ့ လင်မယားနှစ်ယောက်ပါဗျာ ။ သူတို့ အတွဲကိုဆိုလဲ လူတစ်ကာ မြင်ပြီး အားကျရလောက်သဗျ ။ ပြောစရာဆိုလို့ တစ်ခုဘဲ ရှိပါတယ်သူတို့မှာ သားသမီး မထွန်းကားရှာဘူးဗျာ ။
အိမ်ထောင်သက်က လေးငါးနှစ်ရှိကြပြီး သားသမီး မထွန်းကားရှာဘူးဆိုတော့ သူတို့လဲ သားသမီး အလွန်လိုချင်နေကြရှာတာပေါ့ ။ ဒီလိုနဲ့ သူတို့ လင်မယား နှစ်ယောက်နဲ့ တစ်စတစ်စရင်းနီးလာပြီး နေ့စဥ္အလုပ်ရှုတ်ရတဲ့ သူ့အမျိုးသား မရှိချိန်ဆို ကောင်မလေးကို စောင့်ရှောက်ရတာပေါ့ ။ ဒီလိုနဲ့ ကိုယ့်မှာလဲ သူတို့ လင်မယားနှစ်ယောက် လိုအင်ဆန္ဒတွေ ပြည့်ဝစေဖို့ အားထုတ်နေမိတယ် ။
ကျွန်တော့အားထုတ်မှုတွေ အတော်အရာထင်သွားတယ်ထင်တယ်ဗျ လအနည်းငယ်ကြာတော့ အမျိုးသမီးဖြစ်သူမှာ ဗိုက်ကလေးပူလာပါရော ။ သူ့ကောင်လေးကလဲ ကောင်မလေးကို ယခင်ကထက်တောင် ပိုပိုဂရုစိုက်လာသလို ထင်ရသလို သူတို့ လင်မယားနှစ်ယောက်လဲ အပျော်ကြီး ပျော်နေကြတယ်လေ ။
အင်း သူတို့ လင်မယားနှစ်ယောက် ပျော်ရွှင်နေတာ မြင်ရတော့ အကျိုးခံစားခွင့် မယူဘဲ ကောင်လေးမသိအောင် တိတ်တဆိတ် ကူညီပေးလိုက်ရတဲ့ကျွန်တော်လဲ ပီတိဖြစ်မိပါတယ်လေ ။ ဘာတဲ့ တစ်ချို့လူတွေ ပြောပြောနေတဲ့ ပီတိကိုစားအားရှိပေါ့ဗျာ 😁😁😁 ။